17 October 2013

အညတရပုရိသ၀တ္ထု၊ ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်နှင့် `သာရိပုတ္တသုတ္တန်´

၂၀၁၃ ခုနှစ် အောက်တိုဘာလ (၅)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဗာလ၀ဂ် ဂါထာ ၆၀ – အညတရပုရိသ၀တ္ထုအကြောင်းကိုလည်းကောင်း၊ ၄း၃၀ နာရီတွင် ဆရာတော် အရှင်ဉာဏိဿရ(မော်လူး)က အဘိဓမ္မာခုနစ်ကျမ်းမှ ယမိုက်နှင့် ပဋ္ဌာန ပါဠိတော် ကောက်နုတ်ချက်တို့ကို သင်ကြား ပို့ချပေးကြပြီး၊ ညနေ ၅း၄၀ နာရီတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက အဘိဓမ္မာသင်တန်း၊ ပစ္စည်းပိုင်း ပဋိစ္စသမုပ္ပါဒ်ကို သင်ကြားကာ ညနေ ၇ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲဝယ် ဆရာတော် အရှင်ဝိမလက အရှင်သာရိပုတ္တထေရ်သုတ္တန်ကို ဓမ္မဒါနပြု ဟောကြား၏။

DSC00380 (1024x768)

DSC00387 (1024x640)

DSC00390 (1024x653)

DSC00393 (1024x649)

DSC00396 (1024x721)

DSC00398 (1024x604)

DSC00401 (1024x768)