ဓမ္မသင်တန်းများ (၁၃-စက်တင်ဘာ-၂၀၁၄)
၂၀၁၄-ခုနှစ် စက်တင်ဘာလ (၁၃)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် ဆရာတော် အရှင်ပညာဇောတက တရားဟောကြား၏။
အဘိဓမ္မာသင်တန်း၌ ဆရာတော် အရှင်ပညာဇောတကပင် စေတသိက်များအကြောင်း သင်ကြား ပို့ချပေးလေသည်။
ထိုနောက် သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် ကြိုတင် ပြင်ဆင်ကြ၏။
ဓမ္မသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပဏ္ဍိတ၀ဂ်၊ ဂါထာ ၈၅-၈၆ ဓမ္မဿ ၀န၀တ္တုကို ပို့ချပေးပြီး၊
ဆည်းဆာ ဓမ္မသဘင်၌ မဟာမြိုင်ဆရာတော်က အင်္ဂုတ္တိုရ်မိတ်ဆက်ကို သင်ကြား ပို့ချပေး၏။