3 January 2016

နှစ်သစ် (၂၀၁၆) ဆုတောင်း မေတ္တာပို့သပွဲ (၃-ဇန်န၀ါရီ-၂၀၁၆)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း (အေဘီဘီအေ)၏ ၂၀၁၆-ခုနှစ် နှစ်သစ် ဆုတောင်း မေတ္တာပို့သပွဲကို အသင်းတည်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၆-ခုနှစ် ဇန်န၀ါရီလ ၃-ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်ကျင်းပ၏။ ကိုသက်တင်ထူးနှင့် မလိန်းလိန်း မိသားစုက ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး၊ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား အာပူလျှာပူနှင့် မြန်မာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။ မွန်းလွဲ ၁-နာရီတွင် ဆုတောင်း မေတ္တာပို့သပွဲ အခမ်းအနားကို ကျင်းပရာ Wisconsin ပြည်နယ်၊ Milwaukee မြို့၊ ကမ္မဒါယာဒကျောင်း ဆရာတော် အရှင်ဇာဂရ (ကံထွန်းသစ်)က အနုမောဒနာတရား ချီးမြှင့်၏။