ရုပ်ဖြစ်စဉ် နှင့် `ငါတော့ မေ့လို့ မရတော့ဘူး´

၂၀၁၃ ခုနှစ် မေလ ၁၈-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများပြုလုပ်ရာ မွန်းလွဲ ၂ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာတရားတော်ကို ချီးမြှင့်၏။
ဓမ္မသင်တန်းအဖြစ် အဘိဓမ္မာသင်တန်း၊ ရုပ်ဖြစ်စဉ်ကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက သင်ကြား ပို့ချပေးပြီး၊ ညနေခင်း ဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ပညာဇောတက `ငါတော့ မေ့လို့မရတော့ဘူး´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

ဆတ္တပါဏိဥပါသကဝတ္ထု၊ ရူပကလာပ နှင့် ဆင်းရဲကင်းရာ မြတ်ချမ်းသာ ဘယ်မှာရှာမလဲ

၂၀၁၃ ခုနှစ် ဧပြီလ ၂၀-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာ ဓမ္မသင်တန်းများအဖြစ် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်ပြီး၊

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပုပ္ဖ၀ဂ် ဂါထာ ၅၁-၅၂ ဆတ္တပါဏိဥပါသက၀တ္ထုကိုလည်းကောင်း၊ ၄း၃၀ နာရီတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတကပင် အဘိဓမ္မာသင်တန်း၊ ရုပ်ပိုင်း ရူပကလာပကိုလည်းကောင်း သင်ကြား ပို့ချကာ၊

ညနေဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက `ဆင်းရဲကင်းရာ မြတ်ချမ်းသာ ဘယ်မှာရှာမလဲ´တရားတော်ကို ဟောကြား ဓမ္မဒါနပြု၏။

ပါဝေယျကာဇီဝကဝတ္ထု၊ ရူပသမုဋ္ဌာန နှင့် သာသနာတော်အကျိုး လောကအကျိုး

၂၀၁၃ ခုနှစ် ဧပြီလ ၁၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။
မွန်းလွဲ ၃း၁၅ နာရီတွင် ဓမ္မပဒ၊ ပုပ္ဖ၀ဂ် ဂါထာ ၅၀ – ပါဝေယျကာဇီဝက၀တ္ထုအကြောင်းကို ဦးဥဂ္ဂပဏ္ဍိတကလည်းကောင်း၊ ၄း၃၀ နာရီတွင် ဦးဥဂ္ဂပဏ္ဍိတကပင် အဘိဓမ္မာ၊ ရုပ်ပိုင်း – ရူပသမုဋ္ဌာနကိုလည်းကောင်း ပို့ချ သင်ကြားပေး၏။
ညနေဆည်းဆာ လောကချမ်းသာတရားပွဲအဖြစ် ဆရာတော် အရှင်ဝိမလက `သာသနာတော်အကျိုး လောကအကျိုး´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

၂၀၁၃ ခုနှစ် ဧပြီလ ၁၄-ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည့် `မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပွဲ´အတွက် လုပ်အားပေးကြစဉ် […]

မစ္ဆရိယကောသိယသူဌေး၊ ရူပသမုဋ္ဌာန နှင့် `သိမ်းထားဖို့မဟုတ် ..´´

၂၀၁၃-ခုနှစ် ဧပြီလ (၆)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ စုပေါင်း တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော် ဟောကြား ချီးမြှင့်ခြင်း၊ မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီထိ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပုပ္ဖ၀ဂ် ဂါထာ (၄၉) မစ္ဆရိယကောသိယသူဌေးဝတ္ထုကို ပို့ချပေးခြင်းနှင့် ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ အဘိဓမ္မာသင်တန်းအဖြစ် ရုပ်ပိုင်း-ရူပသမုဋ္ဌာနကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် သင်ကြားခြင်းများ ပြုလုပ်ပြီး၊ ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက `သိမ်းထားဖို့မဟုတ်၊ ထွက်မြောက်ဖို့ဖြစ်တယ်´တရားတော်ကို ဟောကြား ဓမ္မဒါနပြုလေသည်။

ပတိပူဇိကာဝတ္ထု၊ ရူပဝိဘာဂနှင့် `ဓမ္မဒါယာဒသုတ်´တရားတော်

၂၀၁၃ ခုနှစ် မတ်လ ၂၃-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများနှင့် တရားပွဲတို့ကို ပြုလုပ်၏။ မတ်လ ၁၆-ရက် စနေနေ့က ဓမ္မသင်တန်းများ မရှိပေ။ ဓမ္မပဒနှင့် အဘိဓမ္မာသင်တန်းပြ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတမှာ ဘော်စတွန် မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း ထမနဲပွဲတော်သို့ ကြွရောက်နေသောကြောင့် ဖြစ်၏။
ယခု ၂၃-ရက် စနေနေ့တွင် သင်တန်းသူ သင်တန်းသားများသည် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ လာမည့် ဧပြီလနှင့် မေလတို့တွင် ကျင်းပမည့် မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပွဲနှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ပွဲတော် ဖိတ်စာများ ဖြန့်ဝေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်နေကြရရာ လောကချမ်းသာဆရာတော်၏ ငါးမိနစ်တရားတော် မပြုလုပ်ဖြစ်တော့ဘဲ မွန်းလွဲ ၃ နာရီထိသာ စုပေါင်း တရားရှုမှတ်ကြ၏။
မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ […]

ဝိဋဋူဘဝတ္ထု၊ ဥပါဒါရုပ်များနှင့် `သူ့လိုလူ မဖြစ်ပါစေနဲ့´

၂၀၁၃ ခုနှစ် မတ်လ ၉-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်က ဝိပဿနာဆိုင်ရာ တရား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပုပ္ဖဝဂ်၊ ဂါထာ ၄၇ – ဝိဋဋူဘဝတ္ထုအကြောင်း ဟောကြား ပို့ချ၏။

မွန်းလွဲ ၄ နာရီခွဲမှ ၅ နာရီခွဲ အဘိဓမ္မာသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် အဘိဓမ္မာ၊ ရုပ်ပိုင်း၊ ဥပါဒါရုပ်များအကြောင်း သင်ကြား ပို့ချပေး၏။

ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ပညာဇောတက `သူ့လိုလူ မဖြစ်ပါစေနဲ့´ တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

တရားပွဲပြီးသော် […]

အေဘီဘီအေ ထမနဲပွဲတော် (မတ် ၂, ၃၊ ၂၀၁၃) ဓာတ်ပုံများ

နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ (၂၇)ကြိမ်မြောက် ထမနဲပွဲတော်ကို ၂၀၁၃ ခုနှစ် မတ်လ ၃-ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ်၏။

မတ်လ ၂-ရက် စနေနေ့ ထမနဲထိုးကြစဉ် –

မတ်လ ၃-ရက် တနင်္ဂနွေနေ့ ထမနဲပွဲတော်၌ အနုမောဒနာတရား ဟောကြား နာယူနေကြစဉ် –

မဟာဘုတ်လေးပါးနှင့် `နိမ့်ရာမှသည် မြင့်ရာဆီသို့´

`တစ်ကိုယ်လုံးဖြစ်
ဆယ့်နှစ်အထည်
အချယ်ခြောက်ဆူ
အမူရုပ် ငါး
ရန်လေးပါးနှင့်
အခြားရုပ် တစ်
နှစ်ဆယ့်ရှစ်သည်
မှတ်လစ်ရုပ်ပေါင်း အရေအတွက်တည်း။´
အထည်ကိုယ်ရုပ် ၁၂ ပါး = ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ကာယပသာဒ၊ ဇီဝိတ၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ
အချယ်ရုပ် ၆ ပါး = စက္ခုပသာဒ၊ သောတာပသာဒ၊ ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ဟဒယဝတ္ထု၊ သဒ္ဒ
အမူရုပ် ၅ ပါး = ကာယဝိညတ်၊ ဝစီဝိညတ်၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ
ရန်သူရုပ် ၄ ပါး = ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ
အခြားရုပ် ၁ ပါး = ပရိစ္ဆေဒ (အာကာသ)
“ထည် […]