“လောကုတ္တရာစိတ်များ”နှင့် “သံဝေဂဉာဏ် ရင့်ကျက်ရန်”
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ပြုလုပ်မြဲဖြစ်သော တရားရှုမှတ်ခြင်း၊ ဓမ္မပဒသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။
ရှေးဦးစွာ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ စုပေါင်း တရားရှုမှတ်ကြ၏။ နာရီဝက်နားပြီး မွန်းလွဲ ၂ နာရီခွဲတွင် ဆရာတော် ဦးစက္ကိန္ဒက ဓမ္မပဒဂါထာ အမှတ် ၉-၁၀၊ အရှင်ဒေ၀ဒတ်ဝတ္ထုအကြောင်းကို သင်ကြား ပို့ချပေး၏။
ဘုရားလောင်းသည် ဆင်မင်းဖြစ်စဉ် အရှင်ဒေ၀ဒတ်ကား ဆင်သတ်ယောက်ျားဖြစ်လေ၏။ ဆင်သတ်ယောက်ျားသည် ပစ္စေကဗုဒ္ဓါ၏ သင်္ကန်းကို ခိုးယူ၍ ဆင်တို့သွားရာလမ်းခရီး၌ လှံကို လက်စွဲပြီး တစ်ကိုယ်လုံး လုံခြုံအောင် သင်္ကန်းဝတ်ရုံ၍ နေ၏။ ဆင်တို့ မြင်လျှင် ပစ္စေကဗုဒ္ဓါအရှင်ဟု ထင်မှတ်၍ ရှိခိုးကာ သွားကြ၏။ […]
တရားဘယ်လိုရှုပွားမလဲ ဓမ္မလက်ဆောင်နှင့် အလှတွင် အယဉ်ဆင့်
၂၀၁၁ ခု နိုဝင်ဘာလ ၅-ရက် စနေနေ့
နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း
စနေနေ့ ပြုလုပ်မြဲ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ စုပေါင်း တရားရှုမှတ်ခြင်း မတိုင်မီ မွန်းလွဲ ၁း၄၅ နာရီ၌ ဆရာတော် ဦးစက္ကိန္ဒက သူရေးသားပြုစုထားသော “တရားဘယ်လိုရှုပွားမလဲ” စာအုပ်များ ဓမ္မဒါနပြုပွဲ ကျင်းပ၏။
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၊ နယူးဂျာစီ မဟာစည်ရိပ်သာကျောင်း၊ ဘော်စတွန် မဟာသတိပဋ္ဌာန်ကျောင်းများနှင့် အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အမှုဆောင်များ၊ ဓမ္မသင်တန်းသူ သင်တန်းသားများတို့အား စာအုပ်များကို ဓမ္မလက်ဆောင်အဖြစ် ပေးအပ်၏။
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အမှုဆောင်များ ကိုယ်စား အတွင်းရေးမှူး ဦးစောဝင်းက လက်ခံယူ၏။
မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ စုပေါင်း တရားရှုမှတ်ကြပြီးနောက် ဆရာတော် ဦးစက္ကိန္ဒက ဓမ္မပဒ […]
နယူးဂျာစီရိပ်သာကျောင်း ကထိန်ပွဲ ဓာတ်ပုံများ (၂)
+++++
ဓာတ်ပုံ – ဆရာစိန်
မဟာကာဠထေရ်၊ မဟဂ္ဂုတ်စိတ်များနှင့် ကိုယ့်ကိုကိုယ်သာ အားကိုးရာ
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ အပတ်စဉ် တစ်နာရီ ဝိပဿနာ ရှုမှတ်ပွားများခြင်း၊ ဓမ္မသင်တန်းနှင့် တရားပွဲဝယ် မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ စုပေါင်း တရားရှုမှတ် ပွားများကြပြီးနောက် မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီ ၁၅ မိနစ်အထိ အရှင်စက္ကိန္ဒက ဓမ္မပဒ ဂါထာ အမှတ် (၇)နှင့် (၈)လာ မဟာကာဠထေရ်အကြောင်း ဆက်လက် ပို့ချ သင်ကြားပေး၏။
မဟာကာဠထေရ်သည် အသက်အရွယ်ကြီးမှ ရဟန်းဘဝသို့ ရောက်လာသူဖြစ်ရာ ရဟန်းတို့ ပြုကျင့်ရသော ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးအနက်၊ ဝိပဿနာဓုရကို ကျင့်ကြံကြိုးကုတ်၊ အထူးသဖြင့် အသုဘကမ္မဋ္ဌာန်း စီးဖြန်း၊ ဝိပဿနာ ရှုပွားပြီး ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ […]