အေဘီဘီအေ စုပေါင်း ဘုံကထိန်ပွဲတော် (၁၆-အောက်တိုဘာ-၂၀၁၁)

နယူးယောက်မြို့ အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၉-ကြိမ်မြောက် စုပေါင်း ဘုံကထိန်ပွဲတော်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။
နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း ရေချမ်း ဆီမီး ဆွမ်းတို့ဖြင့် ဆက်ကပ် ပူဇော် လှူဒါန်းကြပြီး၊ နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။
ပွဲတော်သို့ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့အား အလှူရှင် ဒေါက်တာတင်မြင့် + ဒေါက်တာခင်ခင်လှ မိသားစုတို့က မုန့်ဟင်းခါး၊ မြန်မာမုန့်မျိုးစုံတို့ဖြင့် ဧည့်ခံ ကျွေးမွေးကြ၏။
မွန်းလွဲ ၁ နာရီတွင် ဆရာတော် ဦးစက္ကိန္ဒက အနုမောဒနာတရား ဟောကြားပြီး၊ ကထိန်သင်္ကန်း စုပေါင်း ကပ်လှူကြကာ ကောင်းမှုကုသိုလ်တို့ကို အမျှပေးကြလေသည်။
သာဓု … သာဓု […]

အဘိဓမ္မာအခါတော်နေ့ (၁၅-အောက်တိုဘာ-၂၀၁၁)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက် စနေနေ့၌ ဒုတိယအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ မိသားစုများ ဓမ္မမိတ်ဆွေများ တက်ရောက်ကြ၏။
နံနက် ၁၁ နာရီတွင် မြတ်စွာဘုရားရှင်အား စုပေါင်း ဆွမ်းကပ်ကြပြီး၊ သံဃာတော်များအား စုပေါင်း ဆွမ်းဆက်ကပ် လှူဒါန်းကြ၏။

မွန်းလွဲ ၁ နာရီတွင် လောကချမ်းသာဘုရားကျောင်း၌ ဒုတိယအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ပြုလုပ် ကျင်းပရာ ရှေးဦးစွာ နမော တဿ ဘုရားရှိခိုးဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများကို ပင့်ဖိတ်၏။
လောကချမ်းသာဆရာတော်ထံမှ သီလခံယူရန်ဖြစ်သော်လည်း ဆရာတော် အနည်းငယ် အသံဝင်နေသဖြင့် ဘုန်းကြီးဦးအဘယာလင်္ကာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၏။
ထိုနောက် ဆုထူးပန်ဆရာဟန်၏ အဘိဓမ္မာဘုရားရှိခိုးဖြင့် မြတ်စွာဘုရားရှင်အား ရှိခိုး ပူဇော် […]

ငရဲတံခါး ပိတ်ကြစို့ – အရှင်နန္ဒ၀ံသ(ရမည်းသင်း)၊ ဇေယျသုခဓမ္မရိပ်သာ

ကလေးဘ၀ကတည်းက နားရည်ဝခဲ့တဲ့ စကားလေး
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသိုင်းအ၀ိုင်းမှာ အမြဲ ကြားရတတ်တာ တစ်ခုက `ငရဲမှာ အပ၊ ၀ဋ်မှာ အမြဲ´ တဲ့။ နားထဲမှာ စွဲနေခဲ့တဲ့ ဆိုရိုးလေးတစ်ခုပါ။ ငရဲမှ လွတ်ကင်းအောင် ရှောင်နိုင်သော်လည်း ၀ဋ်ကြွေးမှ လွတ်ကင်းအောင် မရှောင်နိုင်ဘူးလို့ ဆိုလိုရင်းပဲ ဖြစ်ပါတယ်။ မကောင်းတာ မဟုတ်တာ လုပ်ရင် ငရဲကြီးမယ်၊ ၀ဋ်လိုက်လိမ့်မယ်လို့ လူကြီး မိဘ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမ စကားတွေကတော့ လူတိုင်းလူတိုင်းအတွက် ကလေးဘ၀ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စကားလေး ဖြစ်မယ်လို့ ထင်ပါတယ်။
ငရဲကြီးတယ်ဆိုတာ ဘယ်လိုပါလိမ့်?
အတွေးအခေါ် ဗဟုသုတ မကြွယ်ဝသေးသည့် ကလေးဘ၀ကို လွန်မြောက်လို့ အရွယ်လေးရောက်လာတော့ ငရဲဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပာယ်ကို အနည်းငယ် သိနားလည်စ ပြုခဲ့ပါတယ်။ ဗုဒ္ဓစာပေများ သင်ယူရတဲ့အခါမှာတော့ ချမ်းသာကင်း၍ အမြဲ […]

နှလုံးသွင်းမှန်ကာ ဟုတ်တိုင်းမှန်စွာ သိ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၈ ရက် စနေနေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၌ ပြုလုပ် ကျင်းပမြဲဖြစ်သော တရားရှုမှတ်ခြင်း၊ အဘိဓမ္မာသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။
မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ပြီးသောအခါ လောကချမ်းသာဆရာတော်က နာရီဝက်မျှ သြ၀ါဒစကား ချီးမြှင့်၏။
ဆရာတော်က … ဓမ္မပဒသင်တန်း (ဓမ္မပဒ)မှာ ဘုရားရှင်လက်ထက် ရဟန္တာမထေရ်ကြီးများ၊ တရားထူးရရှိသွားကြသူ ပုဂ္ဂိုလ်များအကြောင်း အတုယူဖွယ် အားကျဖွယ် ဖော်ပြထားရာ မိမိတို့လည်း အတုယူ နည်းယူ စိတ်အားတက်ဖွယ် လိုက်နာကျင့်သုံးရန် ကောင်းကြောင်း ဦးစွာ အမိန့်ရှိ၏။
အဘိဓမ္မာသင်တန်းမှာ လက်တွေ့ စမ်းသပ် သိရှိနိုင်သော စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ပရမတ္ထတရားများအကြောင်း လေ့လာ သင်ကြားသင်ယူကြရရာ အထူးပင် တန်ဖိုးရှိလှကြောင်း။ […]