(၁၀)ကြိမ်မြောက် မဟာစည်ဆရာတော်ဘုရားကြီး ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ

၂၀၁၃-ခုနှစ် သြဂုတ်လ (၄)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ (၁၀)ကြိမ်မြောက် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည် ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲကို ကျင်းပ၏။
ရှေးဦးစွာ `နမော တဿ´ဘုရားရှိခိုးကို သုံးကြိမ် ရွတ်ဆို ပူဇော်၍ အခမ်းအနား ဖွင့်လှစ်ပြီး ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရားတော် နာယူခြင်းတို့ကို ပြုလုပ်၏။
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း အတွင်းရေးမှူး ဦးစောဝင်းက သာသနာလျှောက်စာတန်း ဖတ်ကြားပြီး၊ လောကချမ်းသာဆရာတော်က သြ၀ါဒစကား မိန့်ကြား၏။
ထိုနောက် ဆရာတော် ဦးဝိမလနှင့် ဆရာတော် ဦးဉာဏိဿရ (မော်လူး)တို့က မဟာစည်ထေရ ၀န္ဒနာပူဇာများ ရွတ်ဆို ပူဇော်ခြင်း၊ ဦးစောဝင်းက မဟာစည်ထေရ ဂုဏကထာ ဖတ်ကြား ပူဇော်ခြင်း၊ ဓမ္မမိတ်ဆွေ ဧည့်ပရိတ်သတ်အပေါင်းက မဟာစည်ဘုန်းတော်ဘွဲ့ လင်္ကာများ ရွတ်ဆိုပူဇော်ကြ၏။
ယင်းနောက် မုံရွာမြို့ ချမ်းအေးမဟာစည်ရိပ်သာဆရာတော် […]

ပိုင်းလော့ဆရာတော် တရားပွဲ (၃၀-ဇူလိုင်-၂၀၁၃)

၂၀၁၃ ခု ဇူလိုင်လ (၃၀)ရက် အင်္ဂါနေ့ ညနေတွင် လောကချမ်းသာဘုရားကျောင်းတော်၌ ပိုင်းလော့ဆရာတော်၏ တရားပွဲကို ကျင်းပပြုရာ ဘုရားရှင်တို့၏ အဆုံးအမဖြစ်သော `မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား´ တရားတော်ကို ဓမ္မဒါနပြု ချီးမြှင့်သွားလေသည်။

ဓမ္မစကြာအခါတော်နေ့

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို သာသနာနှစ် ၂၅၅၇-ခု၊ မြန်မာသက္ကရာဇ် ၁၃၇၅-ခုနှစ် ၀ါဆိုလဆန်း ၁၃-ရက်၊ ၂၀၁၃-ခုနှစ် ဇူလိုင်လ ၂၀-ရက်တွင် ကျင်းပ ပြုလုပ်၏။
ရှေးဦးစွာ မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီ၊ ၀ါဆိုပန်း ကပ်လှူ ပူဇော်ခြင်းနှင့် တရားရှုမှတ်ခြင်းတို့ဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ကြ၏။
ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ညနေ ၄-နာရီခွဲမှ ၇ နာရီအထိ ကျင်းပ ပြုလုပ်ပြီး ဓမ္မစကြာပါဠိတော်နှင့် သပြေကန်ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာ နှိုးဆော်ချက်လင်္ကာ၊ အမေး-အဖြေလင်္ကာတို့ကို ရွတ်ဆို ပူဇော်ခြင်း၊ ဟေမ၀တသုတ် ပါဠိတော်၊ မြန်မာ၊ ညောင်ကန်အေးဆရာတော် အရှင်ဣန္ဒက ရေးဖွဲ့သော အမေး လင်္ကာများနှင့် မဟာစည်ဆရာတော်ဘုရားကြီး၏ အဖြေ လင်္ကာများကို ရွတ်ဆို ပူဇော်ခြင်း၊ အနတ္တလက္ခဏသုတ် ပါဠိတော်နှင့် […]

ဒုက္ခ၏ အဆုံးအစကို ဗုဒ္ဓ၏ အဆုံးအမဖြင့် သိနိုင်သည် – အရှင်ဝိမလ

၂၀၁၃ ခုနှစ် ဇွန်လ (၂၂)ရက် စနေနေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၌ တရားရှုမှတ်ခြင်းနှင့် တရားပွဲများ ကျင်းပ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

ဓမ္မပဒနှင့် အဘိဓမ္မာဆိုင်ရာ ဓမ္မသင်တန်းပြ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတမှာ မေရီလင်းပြည်နယ်သို့ ကြွရောက်နေသဖြင့် ဓမ္မသင်တန်းများ မရှိဘဲ ညနေ ဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ဝိမလက `ဒုက္ခ၏ အဆုံးအစကို ဗုဒ္ဓ၏ အဆုံးအမဖြင့် သိနိုင်သည်´တရားတော်ကို ဓမ္မဒါနပြု ဟောကြားလေသည်။

ဝိသာခါဝတ္ထု၊ သမုစ္စည်းပိုင်း-အကုသလသင်္ဂဟနှင့် ဓမ္မစကြာအခါတော်နေ့ အစမ်းလေ့ကျင့်ခြင်း

၂၀၁၃ ခုနှစ် ဇွန်လ (၁၅)ရက် စနေနေ့တွင် နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ကျင်းပ ပြုလုပ်ရာ၊ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒသင်တန်းအဖြစ် ဝိသာခါဝတ္ထုအဆက်ကိုလည်းကောင်း၊

အဘိဓမ္မာသင်တန်းအဖြစ် သမုစ္စည်းပိုင်း၊ အကုသလသင်္ဂဟကိုလည်းကောင်း သင်ကြား ပို့ချပေးလေသည်။

ညနေတွင် ဓမ္မစကြာအခါတော်နေ့ အခမ်းအနား အစမ်းလေ့ကျင့်ခြင်းအဖြစ် ဓမ္မစကြာနှင့် ဟေမဝတသုတ်တို့ကို ရွတ်ဆို ပူဇော်ကြ၏။

ဝိသာခါ၊ ရုပ်ဖြစ်စဉ်နှင့် `တာဝန်ကိုယ်စီ ရှိကြသည်´

၂၀၁၃ ခုနှစ် ဇွန်လ (၈)ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများအဖြစ် – ဓမ္မပဒသင်တန်း၊ ပုပ္ဖဝဂ် ဂါထာ-၅၃ ဝိသာခါဝတ္ထုအဆက်ကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေးပြီး၊

အဘိဓမ္မာသင်တန်း ရုပ်ပိုင်း၊ ရုပ်ဖြစ်စဉ်ကိုလည်း ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် သင်ကြားပေးကာ၊

ညနေ လောကချမ်းသာဆည်းဆာတရားပွဲတွင် တိပိဋကဓရဆရာတော် ဘဒ္ဒန္တပညာသိရီလင်္ကာရက `တာဝန်ကိုယ်စီ ရှိကြသည်´တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။

`အလှည့် ပြန်လာမှာပါ´ – မဇ္ဈိမဂုဏ်ရည်ဆရာတော်

၂၀၁၃ ခုနှစ် ဇွန်လ (၂)ရက် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒက ဒုတိယနေ့ ဓမ္မသဘင်အဖြစ် `အလှည့် ပြန်လာမှာပါ´တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။

ရုပ်ဖြစ်စဉ်၊ ဝိသာခါဝတ္ထုနှင့် `ဘဝရထား မနားသေးခင်´

၂၀၁၃ ခုနှစ် ဇွန်လ (၁)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းများနှင့် တရားပွဲများ ကျင်းပ ပြုလုပ်ရာ –
မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာ၊ ရုပ်ပိုင်း – ရုပ်ဖြစ်စဉ်အကြောင်းကိုလည်းကောင်း –

ညနေ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ဓမ္မပဒ၊ ပုပ္ဖဝဂ် – ဂါထာ ၅၃ ဝိသာခါဝတ္ထုအကြောင်းကိုလည်းကောင်း သင်ကြား ပို့ချပြီး၊

ညနေ ၇ နာရီ လောကချမ်းသာ ဆည်းဆာဓမ္မသဘင်အဖြစ် မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒက `ဘဝရထား မနားသေးခင်´တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်၏။