အာနန္ဒသေဋ္ဌိဝတ္ထု၊ ပစ္စည်းပိုင်း-ပဋ္ဌာန်းနည်းနှင့် `ပူးတွဲကျင့်သုံး အကောင်းဆုံး´

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၉-ရက် စနေနေ့ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ဓမ္မသင်တန်းများတွင် မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာ သြဝါဒတရားတော်ကိုလည်းကောင်း၊ မွန်းလွဲ ၃း၁၅ နာရီ ဓမ္မပဒသင်တန်းဝယ် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဗာလဝဂ်၊ ဂါထာ ၆၂ အာနန္ဒသေဋ္ဌိဝတ္ထုကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲ၌ အဘိဓမ္မာသင်တန်း၊ ပစ္စည်းပိုင်း ပဋ္ဌာန်းနည်းကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင်လည်းကောင်း၊ ညနေ ၆ နာရီခွဲ ဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ပညာဇောတက `ပူးတွဲကျင့်သုံး အကောင်းဆုံး´တရားတော်ကိုလည်းကောင်း ချီးမြှင့်၊ ပို့ချ၊ သင်ကြား၊ ဓမ္မဒါနပြု ဟောပြောကြလေသည်။
လင်္ကာ
နှစ်တစ်ရာတမ်း၊ သက်တမ်းယူကာ
ဖြစ်ကြရသည့်၊ များဘိလူဟာ
ကုသိုလ်မေ့ပြီး၊ ငိုက်မြည်းနေတာ
ဝဋ်ဒုက္ခ လွတ်ကြ ဘယ်အခါ။
သက်တမ်းတိုလှ၊ လူ့ဘဝ၊ မေ့ကြမသင့်ပြီ။
ကုသိုလ်တရား၊ […]

မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထုနှင့် ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာ သြဝါဒတရားတော် ချီးမြှင့်၏။
မွန်းလွဲ ၃း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဗာလဝဂ်၊ ဂါထာ ၆၁၊ မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထုကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲ အဘိဓမ္မာသင်တန်းတွင် ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်အကြောင်းကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက သင်ကြား ပို့ချပေး၏။
ဆရာတော် အရှင်ဝိမလမှာ အောက်တိုဘာလ ၂၁-ရက်နေ့က မြန်မာပြည်သို့ ခေတ္တ ပြန်လည် ကြွရောက်သွားပြီး၊ ဆရာတော် အရှင်ပညာဇောတမှာ နိုဝင်ဘာလ ၅-ရက်နေ့တွင် မြန်မာပြည်မှ ပြန်လည် ရောက်ရှိမည်ဖြစ်ရာ ဆည်းဆာတရားပွဲ မရှိပေ။

(၃၁)ကြိမ်မြောက် ဘုံကထိန်ပွဲတော် (၂၀-အောက်တိုဘာ-၂၀၁၃)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ (၃၁)ကြိမ်မြောက် ကထိန်ပွဲတော်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၀-ရက်နေ့တွင် ကျင်းပပြုလုပ်၏။ အလှူရှင် ကိုမျိးသန်းတင်နှင့် မခိုင်ဇင်ဦး မိသားစုတို့က ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ပွဲတော်လာ ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးနှင့် မြန်မာမုန့်များဖြင့် ဧည့်ခံ ကျွေးမွေး လှူဒါန်းကြ၏။
ကထိန်အနုမောဒနာတရားတော်ကို လောကချမ်းသာဆရာတော်ကြီးက ချီးမြှင့်ရာ `သင်္ဂဟတရားလေးပါး´တရားတော်ကို ဟောကြား၏။
(လင်္ကာ)
ပေးကမ်းရက်ရော၊ အပြောချိုသာ
သူ့ကျိုးဆောင်ရွက်၊ မပျက်စေရာ
တန်းတူကိုယ်နှင့်၊ အသင့်ထားပါ
ကြီးပွားရေး မနှေးဤလေးဖြာ။
+++++

တတိယအကြိမ် အဘိဓမ္မာအခါတော်နေ့နှင့် သီတင်းကျွတ်မီးထွန်းပွဲ

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၊ ၂၀၁၃-ခုနှစ် အဘိဓမ္မာသင်တန်းသူ သင်တန်းသားများ၏ တတိယအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ၂၀၁၃-ခုနှစ် အောက်တိုဘာလ ၁၉-ရက် စနေနေ့တွင် ကျင်းပ ပြုလုပ်၏။

မြန်မာနှစ် ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့လည်း ဖြစ်ရာ၊ အမေရိကန် အရှေ့ပိုင်းဒေသ သံဃာတော်များ ပ၀ါရဏာပွဲပြုလုပ်ရာ မေရီလင်းပြည်နယ်ရှိ မင်္ဂလာရာမကျောင်းသို့ ကြွရောက် ပ၀ါရဏာပြုကြ၏။ ဘုရားကျောင်း၌ လောကချမ်းသာဆရာတော်ကြီးတစ်ပါးသာ ကျန်ရစ်၏။

နံနက်တွင် လောကချမ်းသာဆရာတော်ကြီးအား စုပေါင်း ဆွမ်းကပ်လှူကြ၏။

မွန်းလွဲပိုင်းတွင် ထပ်မံ မှာယူထားသော သီတင်းကျွတ်မီးပုံးများကို ပြင်ဆင် ချိတ်ဆွဲကြပြီး၊ ၁း၃၀ နာရီမှ ၂း၃၀ နာရီအထိ တစ်နာရီ တရားရှုမှတ်ကြ၏။

မွန်းလွဲ ၃ နာရီတွင် တတိယအကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ပြီး –

စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကြ၏။

ဘုရားမီး […]

အဘိဓမ္မာနေ့အခမ်းအနား အစမ်းလေ့ကျင့်ခြင်းနှင့် အကြိုမီးထွန်းပွဲ

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အဘိဓမ္မာနေ့ အခမ်းအနား အစမ်းလေ့ကျင့်ခြင်း၊ အကြိုမီးထွန်းပွဲနှင့် ဆရာတော်များအား ပူဇော်ကန်တော့ပွဲများ ပြုလုပ်၏။
မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃ နာရီခွဲတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတနှင့် အရှင်ဉာဏိဿရ(မော်လူး)တို့ အပါအ၀င်၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို အစမ်း လေ့ကျင့် ပြုလုပ်ကြ၏။

ညနေ ၆ နာရီခွဲတွင် သီတင်းကျွတ်မီးပုံးများ ပြင်ဆင် ချိတ်ဆွဲကြပြီး၊ ညနေ ၇ နာရီတွင် ဆရာတော်များအား စုပေါင်း ကန်တော့ကြရာ ဆရာတော်များ အသီးသီးက သြ၀ါဒ ချီးမြှင့်ကြ၏။

ဆရာတော် အရှင်ဝိမလ၊ အရှင်ဉာဏိဿရ(မော်လူး)နှင့် အရှင်ဥဂ္ဂပဏ္ဍိတတို့ကလည်း လောကချမ်းသာဆရာတော်ကြီးကို စုပေါင်း ကန်တော့ကြ၏။

အညတရပုရိသ၀တ္ထု၊ ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်နှင့် `သာရိပုတ္တသုတ္တန်´

၂၀၁၃ ခုနှစ် အောက်တိုဘာလ (၅)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား ချီးမြှင့်၏။
မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဗာလ၀ဂ် ဂါထာ ၆၀ – အညတရပုရိသ၀တ္ထုအကြောင်းကိုလည်းကောင်း၊ ၄း၃၀ နာရီတွင် ဆရာတော် အရှင်ဉာဏိဿရ(မော်လူး)က အဘိဓမ္မာခုနစ်ကျမ်းမှ ယမိုက်နှင့် ပဋ္ဌာန ပါဠိတော် ကောက်နုတ်ချက်တို့ကို သင်ကြား ပို့ချပေးကြပြီး၊ ညနေ ၅း၄၀ နာရီတွင် ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက အဘိဓမ္မာသင်တန်း၊ ပစ္စည်းပိုင်း ပဋိစ္စသမုပ္ပါဒ်ကို သင်ကြားကာ ညနေ ၇ နာရီ လောကချမ်းသာ ဆည်းဆာတရားပွဲဝယ် ဆရာတော် အရှင်ဝိမလက အရှင်သာရိပုတ္တထေရ်သုတ္တန်ကို […]

အညတရပုရိသ၀တ္ထု၊ ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်နှင့် အာဒိတ္တသုတ္တန်

၂၀၁၃ ခု စက်တင်ဘာလ ၂၁-ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ဓမ္မသင်တန်းများတွင် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ချိန်၌ လောကချမ်းသာဆရာတော်ကြီး ကိုယ်လက် မအီမသာရှိ၍ တရား မချီးမြှင့်နိုင်ပေ။
မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီအထိ ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ဗာလ၀ဂ်၊ ဂါထာ ၆၀-အညတရပုရိသ၀တ္ထုအကြောင်းကိုလည်းကောင်း၊ ၄း၄၅ နာရီမှ ၅း၄၀ နာရီထိ ဆရာတော် ဦးဝိမလက ကထာဝတ္ထုပါဠိတော်ကောက်နုတ်ချက်တို့ကိုလည်းကောင်း၊ ညနေ ၆ နာရီမှ ၆း၅၀ နာရီထိ ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက အဘိဓမ္မာသင်တန်း၊ ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်ပိုင်းကိုလည်းကောင်း သင်ကြား ပို့ချပေးကြပြီး၊ ၇း၁၅ နာရီတွင် ဆရာတော် ဦးဉာဏိဿရ(မော်လူး)က အာဒိတ္တသုတ္တန်တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

ဂရဟဒိန္န၀တ္ထု၊ ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်နှင့် နိဗ္ဗာန်ရောက်ကြောင်း

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၃-ခုနှစ် စက်တင်ဘာလ (၁၄)ရက် စနေနေ့ တရားရှုမှတ်ခြင်း၊ ဓမ္မသင်တန်းများနှင့် တရားပွဲများအဖြစ် –
မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ၀ိပဿနာဆိုင်ရာတရားတော် ချီးမြှင့်ခြင်း၊ မွန်းလွဲ ၃း၁၅ နာရီမှ ၄ နာရီခွဲအထိ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ ပုပ္ဖ၀ဂ် ဂါထာ ၅၈-၅၉ ဂရဟဒိန္န၀တ္ထု၊ ညနေ ၅ နာရီမှ ၅း၄၅ နာရီထိ ဆရာတော် အရှင်ဉာဏိဿရ (မော်လူး)က အဘိဓမ္မာ၊ ပုဂ္ဂလပညတ်ကျမ်း ကောက်နုတ်ချက်၊ ညနေ ၆ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာ၊ ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်တို့ကို သင်ကြား ပို့ချခြင်းနှင့် ညနေ ၇ နာရီတွင် လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် […]