နယူးဂျာစီရိပ်သာတွင်း လမ်းခင်းခြင်း ဆက်လက် ဆောင်ရွက်

နယူးဂျာစီ မဟာစည် သတိပဋ္ဌာန်ရိပ်သာဝင်းအတွင်း၌ လမ်းခင်းခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၂၄-ရက်နေ့မှ စ၍ ဆက်လက် ဆောင်ရွက်နေစဉ် –

ဓမ္မပဒသင်တန်း ဂါထာ(၉၅)နှင့် `မနာကျင်စေနဲ့(၃)´

၂၀၁၄-ခုနှစ် နိုဝင်ဘာလ (၂၂)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်ပြီး၊

ဓမ္မပဒသင်တန်းတွင် ဂါထာအမှတ်(၉၅) အရှင်သာရိပုတ္တရာထေရ်ဝတ္ထုကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက သင်ကြားပို့ချပေးကာ –

ညနေ လောကချမ်းသာဆည်းဆာတရားပွဲ၌ ဆရာတော် အရှင်ဝိမလက `မနာကျင်စေနဲ့´တရားတော် တတိယပိုင်းကို ဓမ္မဒါနပြု၏။

ဓမ္မပဒသင်တန်း (ဂါထာ ၉၄)နှင့် `မနာကျင်စေနဲ့(၂)´

၂၀၁၄-ခုနှစ် နိုဝင်ဘာလ ၁၅-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဂါထာ ၉၄-အရှင်ကစ္စာယနထေရ်ဝတ္ထုကို သင်ကြား ပို့ချပေးပြီး၊

လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက `မနာကျင်စေနဲ့´တရားတော်အဆက်ကို ဓမ္မဒါနပြုလေသည်။

သာမညဖလအခါတော်နေ့နှင့် တန်ဆောင်တိုင်

၂၀၁၄-ခုနှစ် နိုဝင်ဘာလ ၈-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းသူ သင်တန်းသားများ ပေါင်းစု၍ သာမညဖလအခါတော်နေ့နှင့် တန်ဆောင်တိုင်မီးထွန်းပွဲ ပြုလုပ်ကြရာ နံနက်တွင် ဘုရားရှင်နှင့် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။

မွန်းလွဲ ၁-နာရီမှ ၂-နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

မွန်းလွဲ ၂-နာရီခွဲမှ ၃-နာရီခွဲအထိ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒသင်တန်းကို ပို့ချပေးပြီး၊

ညနေ ၅-နာရီတွင် တန်ဆောင်တိုင် မီးထွန်းပွဲအတွက် ပြင်ဆင်ကြကာ၊

သာမညဖလအခါတော်နေ့အဖြစ် သာမညဖလသုတ် ပါဠိတော်ကောက်နုတ်ချက်ကို ရွတ်ဖတ် ပူဇော်ကြသည်။

ဓမ္မပဒသင်တန်း(ဂါထာ ၉၂/၉၁)နှင့် `မနာကျင်စေနဲ့´ (၁-နိုဝင်ဘာ-၂၀၁၄)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၄-ခုနှစ် နိုဝင်ဘာလ (၁)ရက် စနေနေ့ ဓမ္မသင်တန်းများတွင် မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်ပြီး၊

ဓမ္မပဒသင်တန်းတွင် ဂါထာ ၉၂-ဗေလဋ္ဌသီသထေရ်ဝတ္ထုနှင့် ဂါထာ ၉၁-အရှင်မဟာကဿ ပထေရ်ဝတ္ထုအဆက်တို့ကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေး၏။

အဘိဓမ္မာသင်တန်းပြဆရာတော် အရှင်ပညာဇောတ ခရီးထွက်နေသဖြင့် အဘိဓမ္မာသင်တန်း မရှိဘဲ၊ လောကချမ်းသာဆည်းဆာတရားပွဲတွင် ဆရာတော် အရှင်ဝိမလက `မနာကျင်စေနဲ့´တရားတော်ဖြင့် ဓမ္မဒါနပြု၏။

ဓမ္မသင်တန်းများနှင့် `တကယ်သိပြီလား´ (၂၅-အောက်တိုဘာ-၂၀၁၄)

၂၀၁၄-ခုနှစ် အောက်တိုဘာလ ၂၅-ရက် စနေနေ့တွင် ဓမ္မသင်တန်းသူ သင်တန်းသားများသည် လောကချမ်းသာဘုရားကျောင်းသို့ ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်ချိန်ကတည်းက ရောက်ရှိနေကြ၏။
နေ့ဆွမ်းအလှူရှင်များမှာ ဒေါက်တာမြတ်မြတ်မွန်နှင့် ဒေါ်လီလီဝင်း မိသားစု မိတ်ဆွေများ ဖြစ်ကြပြီး ဓမ္မသင်တန်းသူ သင်တန်းသားများက အောက်တိုဘာ ၂၄-ရက်နေ့တွင် ကျရောက်သော ဆရာတော် အရှင်ပညာဇောတ၏ မွေးနေ့အတွက် အချိုပွဲ ကိတ်မုန့် ကပ်လှူကြခြင်း ဖြစ်သည်။

မွန်းလွဲ ၂-နာရီမှ ၃-နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

ထိုနောက် ဆရာတော် အရှင်ပညာဇောတက အဘိဓမ္မာသင်တန်း သင်ကြား ပို့ချပေးပြီး၊

ဆရာတော် ဦးဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ အရဟန္တ၀ဂ်၊ ဂါထာ ၉၁-အရှင်မဟာကဿ ပထေရ်ဝတ္ထုကို ပို့ချပေးကာ၊

ဆည်းဆာတရားပွဲ၌ ဆရာတော် အရှင်ပညာဇောတကပင် `တကယ်သိပြီလား´တရားတော်ဖြင့် ဓမ္မဒါနပြု၏။

ဓမ္မသင်တန်းများ (၁၈-အောက်တိုဘာ-၂၀၁၄)

၂၀၁၄-ခုနှစ် အောက်တိုဘာလ ၁၈-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ မစမီ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

အဘိဓမ္မာသင်တန်းကို ဆရာတော် အရှင်ပညာဇောတက သင်ကြား ပို့ချပေး၏။ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတ ဘော်စတွန်ကထိန်ပွဲတော်သို့ ကြွရောက်နေသဖြင့် ဓမ္မပဒသင်တန်း မရှိပေ။

ဆည်းဆာတရားပွဲအဖြစ် ဆရာတော် အရှင်ပညာဇောတကပင် `ယမမင်းရဲ့ ဆုတောင်း´တရားတော်ဖြင့် ဓမ္မဒါနပြု၏။

၃၂-ကြိမ်မြောက် ကထိန်ပွဲတော်

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ (၃၂)ကြိမ်မြောက် ကထိန်ပွဲတော်ကို ၂၀၁၄-ခုနှစ် အောက်တိုဘာလ ၁၂-ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။

ဓမ္မသင်တန်းများ (၁၁-အောက်တိုဘာ-၂၀၁၄)

၂၀၁၄-ခုနှစ် အောက်တိုဘာလ ၁၁-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ မစမီ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် လောကချမ်းသာဆရာတော်ကြီးက တရားချီးမြှင့်၏။

အဘိဓမ္မာသင်တန်းကို ဆရာတော် အရှင်ပညာဇောတက သင်ကြား ပို့ချပေးပြီး၊

ဓမ္မပဒ၊ အရဟန္တ၀ဂ်၊ ဂါထာ ၉၀-ဇီဝကပဥှာဝတ္ထုကို ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ပို့ချပေး၏။

ဆည်းဆာတရားပွဲတွင် ရွှေစည်ပတ္တမြားကျောင်း ဆရာတော် အရှင်ရာဇိန္ဒက `တရားရှုစရာ ဤခန္ဓာ´တရားတော်ကို ဟောကြား ဓမ္မဒါနပြု၏။