ဝိသုဒ္ဓိမဂ်မိတ်ဆက် (၄)၊ ကမ္မဋ္ဌာန်းပိုင်းနှင့် `အပေါင်းအသင်း သတိထား´
၂၀၁၄-ခုနှစ် မတ်လ (၈)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပုံမှန် စနေနေ့ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရား ဟောကြား ချီးမြှင့်၏။
မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဝဏ္ဏိတက ဝိသုဒ္ဓိမဂ် မိတ်ဆက်သင်တန်း အပိုင်း(၄)ကို ဟောပြော သင်ကြားပြီး၊
ညနေ ၄ နာရီခွဲတော် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာသင်တန်း၊ ကမ္မဋ္ဌာန်းပိုင်းကို သင်ကြား ပို့ချ၏။
ညနေ ဆည်းဆာတရားပွဲ မတိုင်မီ သင်တန်းသူ သင်တန်းသားများက ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသကို ရွတ်ဆို ပူဇော်ကြပြီး၊ ဆရာတော် အရှင်ပညာဇောတက `အပေါင်းအသင်း သတိထား´တရားတော်ကို ဓမ္မဒါနပြု ဟောကြားလေသည်။