သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ

၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက် စနေနေ့ ညနေ ၄း၀၀ နာရီတွင် လောကချမ်းသာဘုရားကျောင်းတော်၌ အဘိဓမ္မာသင်တန်းကို ဒုတိယအပတ်မြောက် ဆက်လက် ပို့ချခဲ့၏။ ဆရာတော် ဦးသီလာနန္ဒ၏ အဘိဓမ္မာသင်တန်းပို့ချချက်ကို ဖွင့်ပေး၍ သင်တန်းသားများ နားမလည် မရှင်းလင်းသည်များကို လောကချမ်းသာဆရာတော်က ထပ်မံ ရှင်းလင်း သင်ပြပေးသည်။ ယခုအပတ်တွင် သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာအကြောင်း ပို့ချချက်ကို သင်ယူ လေ့လာကြရ၏။
‘သစ္စာ’ ဆိုသည်မှာ အမှန်တရား၊ ပြောတိုင်း ဟုတ်နေသော အမှန်တရား ဖြစ်၏။ဗုဒ္ဓဘာသာတွင် သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ ဟူ၍ ၂-မျိုး လက်ခံထား၏။‘သမ္မုတိသစ္စာ’မှာ ‘လူ’, ‘မိန်းမ’, ‘ယောက်ျား’, ‘အိမ်’, ‘ကျောင်း’, ‘ခွေး’, ‘နွား’, ‘တိရိစ္ဆာန်’ စသည်ဖြင့် လူအများ သဘောတူ သတ်မှတ်ထားသော၊ သုံးနှုန်းထားသော […]