ရုပ် ၂၈-ပါး

၂၀၁၀ ခုနှစ် ဇွန်လ ၁၉ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ အပတ်စဉ် (၃၇) ရုပ်ပိုင်း ပို့ချချက်များကို လေ့လာ သင်ယူကြရ၏။
ဦးစွာ လောကချမ်းသာဆရာတော်က ရုပ် ၂၈-ပါးအကြောင်းကို ရှင်းလင်း သင်ကြားပေးပြီး၊ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အသံသွင်းပို့ချချက်များကို နာယူ မှတ်သားကြရ၏။
+++++
ရုပ် ၂၈-ပါး
ရုပ် = မျက်မြင် ထင်ထင်ရှားရှား ဖောက်ပြန်တတ်သော သဘောတရား
“အေးတဲ့အခါ ရုပ်အစဉ်ကတစ်မျိုး မနေဘူးလား၊ ပူတဲ့အခါကျတော့ ရုပ်အစဉ်က တစ်မျိုးနေတယ်။
ဆာတဲ့အခါကျတော့ တစ်မျိုး၊
ရေငတ်နေတဲ့အချကျတော့ တစ်မျိုး၊
ပိုးကောင်တွေ အကိုက်ခံရတဲ့အခါ တစ်မျိုး နေတယ်။
အဲဒီလို ရှေ့ရုပ်အစဉ်နဲ့ မတူတဲ့ […]

ကုသိုလ် … အမျှ

လွန်ခဲ့သော အပတ် စနေနှင့် တနင်္ဂနွေနေ့ (၂၀၁၀ ခုနှစ် ဇွန်လ ၁၂-၁၃) နှစ်ရက်တာ နယူးယောက်မြို့၊ ဘရုတ်ကလင်ရှိ လောကချမ်းသာဘုန်းကြီးကျောင်း၌ ပြုလုပ်သော မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒ၏ တရားစခန်းသို့ ကျွန်မ သွားရောက်ကာ တရားနာခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်ဖြစ်ပါသည်။
တရားစခန်း အစီအစဉ်မှာ မနက် ၈-နာရီမှ စ၍ ည ၈-နာရီအထိ ဖြစ်သော်လည်း ကျွန်မမှာ သမီးငယ်အတွက် အချိန်ပေးရသည့်အပြင် ရထားစီးရချိန်မှာလည်း တစ်နာရီခန့်ကြာသဖြင့် မနက် ၁၁ နာရီခွဲကျော် နေ့လယ် ၁၂ နာရီလောက်ခန့်မှ ဘုန်းကြီးကျောင်းသို့ ရောက်ပါသည်။
ဆရာတော် ဟောသော တရားတို့မှာ ခန္ဓာအရှိကို ဉာဏ်အသိဖြင့် ကြည့်ရသော […]

မရဏုပ္ပတ္တိ – သေခြင်းဖြစ်ပုံ (၂)

ဘဝအကူး
‘ပဲ့တင်’ ‘ဆီမီး’၊ ‘တံဆိပ်နည်း’၊ သိပ်သည်း မှတ်ကြလေ။
ဘဝဟောင်းနှင့် ဘဝသစ် ဆက်စပ်ရာတွင် ဘဝဟောင်းက ဘာတစ်ခုမှ ဘဝသစ်သို့ ပါသွားသည် မဟုတ်။
ဘဝသစ်မှာ ဖြစ်သော ရုပ်နာမ်သည် ဘဝဟောင်း၌ ဖြစ်သော ရုပ်နာမ် (သို့မဟုတ်) ကံနှင့် မဆက်စပ်သည်လည်း မဟုတ်၊ သီးခြားလည်း မဟုတ်။
ကျမ်းဂန်များ၌ “န စ သော၊ န စ အညော” = “သူလည်း မဟုတ်၊ တခြားသူလည်း မဟုတ်” ဟု သုံး၏။
တစ်နည်းအားဖြင့် မျိုးစေ့နှင့် အသီး အဖြစ်လည်း နှိုင်းယှဉ် ပြောနိုင်၏။
မျိုးစေ့ကို စိုက်ပျိုး၊ အပင်ပေါက်၊ အပင်ကြီးဖြစ်၊ အသီးသီးရာ အသီးသည် မျိုးစေ့မဟုတ်။ ထိုမျိုးစေ့မှတပါး တခြားမျိုးစေ့၏ အသီးလည်း မဟုတ်ဟု ကျမ်းဂန်များ၌ ရှင်းပြထား၏။
+++++
ပဋိသန္ဓေအာရုံ
ကာမာဝစရပဋိသန္ဓေ
* အတိတ်ကံ ဓမ္မာရုံဖြစ်က […]

မြောက်ဦးဆရာတော် တရားစခန်း (ဇွန်လ ၁၂-၁၃၊ ၂၀၁၀ ခု)

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၀ ခုနှစ် ဇွန်လ ၁၂-၁၃ ရက်များ၌ ပြုလုပ်သော မြောက်ဦးဆရာတော်၏ တရားစခန်း၌ ဆရာတော် ဟောကြားသော တရားတော်များ

၂၀၁၀ ခုနှစ် ဇွန်လ ၁၂ ရက်၊ စနေနေ့

[Download]

[Download]

[Download]

[Download]

၂၀၁၀ ခုနှစ် ဇွန်လ ၁၃ ရက်၊ တနင်္ဂနွေနေ့

[Download]

[Download]

[Download]

[Download]
တရားစခန်း ယောဂီများ

မြောက်ဦးဆရာတော်၏ တရားစခန်းနှင့် တရားပွဲ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာ၏ ကမ္မဋ္ဌာနာစရိယ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင်-
* “လောကချမ်းသာဘုရားကျောင်း” (619 Bergen Street, Brooklyn, NY 11238) ၌ ၂၀၁၀ ခုနှစ် ဇွန်လ ၁၂-၁၃ စနေ-တနင်္ဂနွေနေ့များဝယ် နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီထိလည်းကောင်း၊
* “နန္ဒသစ္စာ ထေရဝါဒ ဗုဒ္ဓဘာသာတရားရိပ်သာ” (2119 West 6th Street, Brooklyn, NY 11223) ၌ ၂၀၁၀ ခုနှစ် ဇွန်လ ၁၄-၂၀ ရက်များဝယ် (တနင်္လာ-သောကြာ = […]

မရဏုပ္ပတ္တိ – သေခြင်းဖြစ်ပုံ (၁)

၂၀၁၀ ခုနှစ် ဇွန်လ ၅ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း သင်ခန်းစာ အပတ်စဉ် (၃၅) နှင့် (၃၆) – သေခြင်းဖြစ်ပုံအကြောင်းအရာကို လေ့လာ သင်ယူကြရသည်။
ယခုအပတ်တွင်လည်း ရှေးလာမည့် အပတ် ဇွန် ၁၂-၁၃ စနေ-တနင်္ဂနွေရက်များတွင် လောကချမ်းသာဘုရားကျောင်း၌ မြောက်ဦးဆရာတော်၏ တရားစခန်းနှင့် တရားပွဲများ ရှိနေသောကြောင့် နှစ်ပတ်စာသင်ခန်းစာကို နာယူ မှတ်သားကြရ၏။
+++++
ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။
(၁) အသက်တမ်းကုန်၍ သေခြင်း။
(၂) ကံစွမ်းကုန်၍ သေခြင်း။
(၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။
(၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။
အသက်တမ်းကို ‘မီးစာ’၊ […]

ဘုရား … ဘုရား

မိမိတို့ ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာနဲ့ အခြားဘာသာများတွင် အရိုအသေပေး ကိုးကွယ်လေ့ရှိတဲ့ အရာကို မြန်မာတို့ဘာသာစကားအရ “ဘုရား”လို့ ခေါ်ကြတယ်။
မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ‘ဘုရား’ ဆိုတဲ့အသံ၊ ‘ဘုရား’ ဆိုတဲ့ စကားလုံးကို ခပ်များများ အသုံးပြုကြတော့ ‘ဘုရား’ဆိုတဲ့အသံ ကြားလိုက်ရတဲ့အခါ အဲဒီ‘ဘုရား’ဟာ ဘာလဲလို့ စိတ်ထဲမှာ မေးချင်စရာ ဖြစ်လာပုံ ရတယ်။
ဒါကြောင့် အလှူပွဲတစ်ခုမှာ ဘုရားရဲ့ ဂုဏ်တော်တစ်ခုဖြစ်တဲ့ စရဏတရား (၁၅)ပါးကို ဟောပြီးလို့ ရေစက်ချ အမျှပေးဝေပြီးတဲ့အခါမှာ ဒကာလေးတစ်ယောက်က “အခြားဘာသာတွေမှာ ဘုရားလို့ ပြောလိုက်ရင် God လို့ နားလည်သွားပါတယ်။ တပည့်တော်တို့ဘာသာမှာ ‘ဘုရား’ဆိုတဲ့ အသုံးအနှုန်းတွေက များလွန်းလို့ ဒီမှာ မွေးတဲ့ ကလေးတွေက […]