ကမ္မဋ္ဌာန်းပိုင်း (၅)

… ပြန် စဉ်းစားကြည့်စမ်း။
အဘိဓမ္မာမလေ့လာခင်က အသိနဲ့ အဘိဓမ္မာလေ့လာပြီးမှ အသိနဲ့ ဘယ်လိုနေသလဲ?
ကွာခြားမှုရှိရဲ့လား … မရှိဘူးလား။
ရှိတာပေါ့။
စကားသုံးတာတွေကို ပိုပြီး နားလည်လာတယ် မဟုတ်ဘူးလား။
ဆိုပါတော့၊ စေတနာ .. စေတနာနဲ့ ပြောနေတယ်။ မြန်မာစကားမှာတော့ စေတနာဆိုတာ ကောင်းတာကို စေတနာခေါ်တာ။
မင်းကို ငါ .. စေတနာနဲ့ ပြောတယ်ဆိုတာ ကောင်းတဲ့ စေတနာနဲ့ ပြောတယ်လို့ ဆိုတာ။
တကယ်ကတော့ စေတနာဆိုတာ ဘာလဲ?
စေ့ဆော်ခြင်း သဘောတရား၊ ကောင်းတာလည်း ဖြစ်နိုင်တယ်၊ မကောင်းတာလည်း ဖြစ်နိုင်တယ်။
ဒါတွေကို နားလည်လာပြီနော်။
ပြီးတော့ ဘုန်းကြီး ရေစက်ချတဲ့အခါကျတော့ အာသဝေါတရားလေးပါးတို့၏ ကင်းရာ ကုန်ရာ နိဗ္ဗာန်သို့လို့ ရွတ်ကြတာ ကြားဖူးတယ် မဟုတ်လား။
အာသဝေါတရားဆိုတာ အခု နားလည်ပြီ ဆိုပါတော့။ မမှတ်မိရင်တောင် ပြန်ကြည့်ရင် သိတယ်။
ဘုန်းကြီးတွေ တရားဟောတဲ့အခါ ဥပါဒါနက္ခန္ဓာ .. […]

ကမ္မဋ္ဌာန်းပိုင်း (၄)

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် အဘိဓမ္မာသင်တန်းကို ဆက်လက် သင်ကြား ပို့ချရာ ၂၀၀၉-၂၀၁၀ အဘိဓမ္မာသင်တန်း၏ နောက်ဆုံး သင်ခန်းစာများအဖြစ် အပတ်စဉ် ၅၅ နှင့် ၅၆ – ကမ္မဋ္ဌာန်းပိုင်းဆိုင်ရာ သင်ခန်းစာ ပို့ချချက်များကို နာယူ သင်ယူ မှတ်သားကြရ၏။
ရှေးဦးစွာ လောကချမ်းသာဆရာတော်က သင်ကြားမည့် သင်ခန်းစာမိတ်ဆက် အကြောင်းအရာများကို ရှင်းလင်း သင်ပြ၏။

+++++
ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။
သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရ၏။
စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရ၏။
ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။
ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’ ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ […]

ကမ္မဋ္ဌာန်းပိုင်း (၃)

ကသိုဏ်း ၁၀-ပါး၏ အစွမ်းသတ္တိ

ပထဝီကသိဏ၊ စွမ်းဗလကြောင့်

ဧက ဗဟု၊ ဗဟု ဧက

စသည်ဖြစ်ချင်

ကောင်းကင်ရေတွင်း၊ မြေဖန်ဆင်း၍

သွားခြင်းထိုင်လျောင်း

ရကောင်း အဘိပါ၊ စစွာသဘော

ပြီးကြောင်း ဟော၏။
ပထဝီကသိုဏ်း၏ အစွမ်းသတ္တိ အကျိုးများမှာ တစ်ယောက်တည်းကနေ အများဖြစ်အောင် ဖန်ဆင်းခြင်း၊ အများကနေ တစ်ယောက်ဖြစ်အောင် ဖန်ဆင်းခြင်း၊ ကောင်းကင်ပေါ်၌ မြေကြီး, ရေထဲ၌ မြေကြီး ဖန်ဆင်းပြီး သွား,ထိုင်,ရပ်နိုင်ခြင်းတို့ကို နိုင်နိုင်နင်းနင်း ပွားများ ပြုလုပ်နိုင်၏။

အာပေါစွမ်းအင်၊ မြေတွင်ပေါ်လျှိုး

မိုးသမုဒ်မြစ်၊ ဖြစ်စေဖောင်ဖောင်

မြေတောင်ပြာသာဒ်၊ လှုပ်လတ်စေမော

ရေလျှံပြော၏။
အာပေါကသိုဏ်းဝင်စားပြီး မြေတွင် လျှိုးဝင်နိုင်ခြင်း၊ မိုးဖန်ဆင်းနိုင်ခြင်း၊ မြစ်ကြီးဖန်ဆင်းနိုင်ခြင်း၊ သမုဒ္ဒရာဖန်ဆင်းနိုင်ခြင်း၊ မြေကြီး, တောင်, ပြာသာဒ်တို့ကို လှုပ်ရှားစေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်၏။

တေဇောလျှံခိုး၊ မီးကျဉ်းမိုးတည့်

သူ့တန်ခိုးကို၊ နှိမ်ချိုးနိုင်လေ

ဝတ္ထုတွေတွင်၊ လောင်ချင်စေရာ

ဒိဗ္ဗာစက္ခု၊ အလင်းပြုလတ်

တေဇောဓာတ်လောင်၊ မိုက်မှောင်ပယ်လျော
တေဇောကသိုဏ်းဝင်စားပြီး မီးကျည်းမိုးရွာအောင် အလျှံအခိုးများ ဖြစ်ပေါ်အောင် ဖန်ဆင်းနိုင်၏။ တစ်ဖက်သား၏ တန်ခိုးကို ချိုးနှိမ်နိုင်၏။ ပစ္စည်းအမျိုးမျိုးရှိသည်အနက် လောင်စေချင်သော […]

ကမ္မဋ္ဌာန်းပိုင်း (၂)

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၈ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် အဘိဓမ္မာသင်တန်းကို ဆက်လက် သင်ကြားပို့ချရာ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များ အပတ်စဉ် (၅၃)နှင့် (၅၄) ကမ္မဋ္ဌာန်းပိုင်းဆိုင်ရာ သင်ခန်းစာများ သင်ယူ နာယူ မှတ်သားကြရ၏။

ကမ္မဋ္ဌာန်း ၄၀ ကို ဘာဝနာ ၃-ပါးနှင့် တွဲစပ်ပုံ
ဘာဝနာသည် (၁) ပရိကမ္မဘာဝနာ၊ (၂) ဥပစာရဘာဝနာ၊ (၃) အပ္ပနာဘာဝနာ ဟု ၃-ပါး အပြားရှိ၏။

(၁) ပရိကမ္မဘာဝနာ
ကသိုဏ်းဝန်းပရိကမ္မနိမိတ်ကို အာရုံပြု၍ အကြိမ်များစွာ “ပထဝီ .. ပထဝီ” စသည်ဖြင့် မှန်းဆ ကြည့်ရှုပွားများသော ဘာဝနာ။

(၂) ဥပစာရဘာဝနာ
ထင်လာသော ဥဂ္ဂဟနိမိတ်ကို အာရုံပြု၍ ရှေးကထက် တည်တည်ကြည်ကြည် သမာဓိရစွာ ပွားများသော ဘာဝနာ။

(၃) […]

ကမ္မဋ္ဌာန်းပိုင်း (၁)

ကမ္မဋ္ဌာန်း
ကမ္မဋ္ဌာန်းဆိုသည်မှာ စိတ်ဓာတ်ကို သမာဓိဖြစ်အောင် လေ့ကျင့်ခြင်း၊ သမာဓိဖြစ်ပြီး ပညာဖြစ်အောင် ပွားများခြင်းကို ခေါ်၏။
အာရုံကို ကမ္မဋ္ဌာန်းဟု ခေါ်သည်လည်း ရှိ၏။ အလေ့အကျင့်ကို ကမ္မဋ္ဌာန်းဟု ခေါ်သည်လည်း ရှိ၏။

ကမ္မဋ္ဌာန်း ၂-မျိုး
ဗုဒ္ဓဘာသာမှာ သင်ကြားသော ကမ္မဋ္ဌာန်း ၂-မျိုး ရှိ၏။
(၁) သမထကမ္မဋ္ဌာန်းနှင့် (၂) ဝိပဿနာကမ္မဋ္ဌာန်းတို့ ဖြစ်သည်။
သမထကမ္မဋ္ဌာန်း = နီဝရဏတရားများကို ငြိမ်းစေတတ်သော ကမ္မဋ္ဌာန်း ဖြစ်၏။ သမထကမ္မဋ္ဌာန်းကို လေ့လာ ပွားများ အားထုတ်က ဈာန်၊ အဘိညာဏ်တို့ကို ရနိုင်၏။
ဝိပဿနာကမ္မဋ္ဌာန်း = တေဘူမကသင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးပါးဖြင့် အဖန်ဖန် ရှုဆင်ခြင်ခြင်း။
တေဘူမကသင်္ခါရ = ဘုံသုံးပါး၌ဖြစ်သော သင်္ခါရတရားများ (လောကီ ရုပ်, နာမ်)
လက္ခဏာယာဉ်သုံးပါး = အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဝိ = အမျိုးမျိုး (လက္ခဏာယာဉ် သုံးပါး)
ပဿနာ […]

ပစ္စည်းပိုင်း – ပဋိစ္စသမုပ္ပါဒ်၌ ပဋ္ဌာန်းနည်း

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၁ ရက် စနေနေ့၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၊ အပတ်စဉ် စနေနေ့ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း၌ သင်တန်းပို့ချချက်အပတ်စဉ် (၅၁) ပစ္စည်းပိုင်း-ပဋိစ္စသမုပ္ပါဒ်၌ ပဋ္ဌာန်းနည်း နှင့် သင်တန်းပို့ချချက်အပတ်စဉ်(၅၂) ကမ္မဋ္ဌာန်းပိုင်း-၁ သင်ခန်းစာများကို သင်ကြား ပို့ချသွားပြီး၊ လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်စက္ကိန္ဒက ဟောကြား ချီးမြှင့်သွားခဲ့၏။

ဟေတုပစ္စည်း ကျေးဇူးပြုပုံ ပုံစံ
ဟေတုပစ္စည်းတွင် ဟိတ် ၆-ပါးသည် ပစ္စည်းတရားဖြစ်ရာ ဟိတ်ပါသော စိတ်များကို ပုံစံထုတ်ပြနိုင်၏။
ပုံစံအဖြစ် “လောဘမူပထမစိတ်”ကို ထုတ်ဆောင်ပြရသော် – ပထမ လောဘမူစိတ် ဖြစ်သောအခါ ‘လောဘမူပထမစိတ်’၊ ‘၎င်းနှင့် ယှဉ်သော စေတသိက် ၁၉-ခု’၊ ‘စိတ္တဇရုပ်’တို့ တပြိုင်နက် ဖြစ်ကြရာ စေတသိက်ထဲတွင် ပါဝင်သော ‘လောဘစေတသိက်’ကို ‘ပစ္စည်း’ယူထားလျှင် ‘လောဘမူပထမစိတ်’၊ […]

ပစ္စည်းပိုင်း – ပဋ္ဌာန်းနည်း (၂)

အမည်
ပစ္စည်း
ပစ္စယုပ္ပန်

ဟေတု
နာမ်
နာမ်,ရုပ်

အာရမ္မဏ
နာမ်,ရုပ်,နိဗ္ဗာန်,ပညတ်
နာမ်

အဓိပတိ (အာရမ္မဏာဓိပတိ)
နာမ်,ရုပ်,နိဗ္ဗာန်
နာမ်

အဓိပတိ (သဟဇာတာဓိပတိ)
နာမ်
နာမ်

အနန္တရ, သမနန္တရ, အနန္တရူပနိဿယ, နတ္ထိ, ဝိဂတ
နာမ်
နာမ်

သဟဇာတ, သဟဇာတနိဿယ, သဟဇာတ္ထိ, သဟဇာတဝိဂတ
နာမ်,ရုပ်
နာမ်,ရုပ်

အညမည
နာမ်,ရုပ်
နာမ်,ရုပ်

နိဿယ (သဟဇာတနိဿယ)
နာမ်,ရုပ်
နာမ်,ရုပ်

နိဿယ (ဝတ္ထုပုရေဇာတနိဿယ)
ရုပ်
နာမ်

နိဿယ (ဝတ္ထုရမ္မဏပုရေဇာတနိဿယ)
ရုပ်
နာမ်

ဥပနိဿယ (အာရမ္မဏူပနိဿယ)
နာမ်,ရုပ်,နိဗ္ဗာန်
နာမ်

ဥပနိဿယ (အနန္တရူပနိဿယ)
နာမ်
နာမ်

ဥပနိဿယ (ပကတူပနိဿယ)
နာမ်,ရုပ်,ပညတ်
နာမ်

ပုရေဇာတ (ဝတ္ထုပုရေဇာတ)
ရုပ်
နာမ်

ပုရေဇာတ (အာရမ္မဏပုရေဇာတ)
ရုပ်
နာမ်

ပစ္ဆာဇာတ
နာမ်
ရုပ်

အာသေဝန
နာမ်
နာမ်

ကမ္မ (နာနက္ခဏိကကမ္မ)
နာမ်
နာမ်,ရုပ်

ကမ္မ (သဟဇာတကမ္မ)
နာမ်
နာမ်,ရုပ်

ဝိပါက
နာမ်
နာမ်,ရုပ်

အာဟာရ (ရုပ်အာဟာရ)
ရုပ်
ရုပ်

အာဟာရ (နာမ်အာဟာရ)
နာမ်
နာမ်,ရုပ်

ဣန္ဒြိယ (ဝတ္ထုပုရေဇာတိန္ဒြိယ)
ရုပ်
နာမ်

ဣန္ဒြိယ (ရူပဇီဝိတိန္ဒြိယ)
ရုပ်
ရုပ်

ဣန္ဒြိယ (သဟဇာတိန္ဒြိယ)
နာမ်
နာမ်,ရုပ်

ဈာန
နာမ်
နာမ်,ရုပ်

မဂ္ဂ
နာမ်
နာမ်,ရုပ်

သမ္ပယုတ္တ
နာမ်
နာမ်

ဝိပ္ပယုတ္တ (သဟဇာတဝိပ္ပယုတ်)
နာမ်,ရုပ်
နာမ်,ရုပ်

ဝိပ္ပယုတ္တ (ပုရေဇာတဝိပ္ပယုတ်)
ရုပ်
နာမ်

ဝိပ္ပယုတ္တ (ပစ္ဆာဇာတဝိပ္ပယုတ်)
နာမ်
ရုပ်

အထ္ထိပစ္စည်းသည် သဟဇာတတ္ထိ၊ ပုရေဇာတတ္ထိ၊ ပစ္ဆာဇာတတ္ထိ၊ အာဟာရတ္ထိ၊ ဣန္ဒြိယတ္ထိ အားဖြင့် ၅-ပါး အပြားရှိ၏။
ထို ၅-ပါးတို့တွင် –
သဟဇာတတ္ထိသည် သဟဇာတ ၃-ပါးနှင့် တူ၏။
ပုရေဇာတတ္ထိသည် ပုရေဇာတ ၂-ပါးနှင့် တူ၏။
ပစ္ဆာဇာတတ္ထိသည် ပစ္ဆဇာတနှင့် တူ၏။
အာဟာရတ္ထိသည် ရုပ်အာဟာရနှင့် တူ၏။
ဣန္ဒြိယတ္ထိသည် ရူပဇီဝိတိန္ဒြိယနှင့် တူ၏။
နတ္ထိနှင့် ဝိဂတပစ္စည်းတို့သည် အနန္တရနှင့် တူ၏။
အဝိဂတသည် အတ္ထိနှင့် တူ၏။
+++++

ပစ္စည်းသဘောတူ […]

ပစ္စည်းပိုင်း – ပဋ္ဌာန်းနည်း (၁)

၂၀၁၀ ခုနှစ် စက်တင်ဘာလ ၄ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် စနေနေ့တိုင်း သင်ကြား ပို့ချသော အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ သင်တန်းကို ဆက်လက် သင်ကြားပို့ချရာ သင်တန်းအပတ်စဉ် (၄၉)နှင့် (၅၀)(ပစ္စည်းပိုင်း – ပဋ္ဌာန်းနည်း ၁ နှင့် ၂)တို့ကို လေ့လာ သင်ယူ မှတ်သားကြရ၏။

ပဋ္ဌာန်းနည်း အဓိပ္ပာယ်များ
ပဋ္ဌာနဟူသော ပုဒ်ကို စွဲ၍ ပဋ္ဌာန်းဟု ခေါ်ဆိုကြသည်။
အထူးထူးအပြားပြား များစွာကုန်သော ပစ္စည်းတို့၏ ဖြစ်ရာဖြစ်သောကြောင့် ပဋ္ဌာန်းမည်၏။
တနည်းအားဖြင့် – ကုသိုလ်စသော သင်္ခတတရားတို့ကို ဟေတုပစ္စည်း အစရှိသည်တို့၏ အစွမ်းဖြင့် ဝေဖန်ရာဖြစ်သောကြောင့် ပဋ္ဌာန်းမည်၏။
ပစ္စည်း = အကျိုးတရားများ ဖြစ်ပေါ်အောင်၊ ဖြစ်ပြီးတရားကို တည်တံ့ခိုင်မြဲအောင် ကျေးဇူးပြုတတ်သော စိတ်,စေတသိက်,ရုပ်,နိဗ္ဗာန်,ပညတ်ဟု ဆိုအပ်သော အကြောင်းတရားများကို ပစ္စည်းဟု […]

သာယာကုန်းဆရာတော်နှင့် လောကချမ်းသာဆရာတော်

ဆရာတော် ဦးဝိစာရိန္ဒဆိုလျှင် လူသိနည်းသော်လည်း သာယာကုန်းဆရာတော်ဆိုလျှင် သိသူတွေ များ၏။
သာယာကုန်းဆရာတော်၏ ဘွဲ့သည် ဦးဝိစာရိန္ဒ ဖြစ်၏။
မွန်ပြည်နယ်၊ မုဒုံမြို့၊ သာယာကုန်းကျေးရွာကြီးမှာ မဟာစည်သြဝါဒခံ သတိပဋ္ဌာန်သာသနာ့ရိပ်သာကို စတင် တည်ထောင်ကာ ပဋိပတ္တိသာသနာပြုချိန်မှ စပြီး “သာယာကုန်းဆရာတော်”ဟူ၍ တပည့် ဒကာများက ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်၏။
ဆရာတော်သည် သာယာကုန်းရိပ်သာအပြင် ကျိုက်ထီးရိုး ရေမြောင်ကြီးစခန်း မဟာစည်သာသနာ့ရိပ်သာ၊ မြဝတီမြို့ ကားကြီးစခန်းအနီးရှိ မဟာစည်သာသနာ့ရိပ်သာတို့ကိုလည်း ဦးစီး တည်ထောင် ဖွင့်လှစ်ထား၏။
ရိပ်သာသုံးခုလုံးမှာ ပဋိပတ္တိ သာသနာပြုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နေသည်ကို မိမိကိုယ်တိုင် လေ့လာ တွေ့ရှိရ၏။
သို့ဖြစ်၍ ဆရာတော်၏ သာသနာပြုလုပ်ငန်း အရည်အချင်းများကို အထူးပင် ကြည်ညိုလေးစားမိပါ၏။
သာယာကုန်းဆရာတော်သည် စာရေးသူနှင့် ရင်းနှီးသော ဓမ္မမိတ်ဆွေ ဆရာတော်တစ်ပါး ဖြစ်သည်။
မိမိတို့ နှစ်ပါးလုံးပင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးထံမှာ တရားအားထုတ်ခဲ့ကြသော ပဋိပတ္တိတပည့်များ ဖြစ်ကြသောကြောင့် […]

ပဋိစ္စသမုပ္ပါဒ် အမေး-အဖြေ (ပဋိစ္စသမုပ္ပါဒ်အရသာ-ညောင်လေးပင်တောရဆရာတော်)

လွယ်ကူသော မေးခွန်းများ
(၁) မေး – ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ အဘယ်မျှ ရှိသနည်း၊ ကာလ အဘယ်မျှ ရှိသနည်း၊ ဝဋ် အဘယ်မျှ ရှိသနည်း၊ ခြင်းရာ အဘယ်မျှ ရှိသနည်း၊ အစပ် အဘယ်မျှ ရှိသနည်း၊ အလွှာ အဘယ်မျှ ရှိသနည်း၊ မူလ အဘယ်မျှ ရှိသနည်း။
ဖြေ – ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါး၊ ကာလ ၃-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ မူလ ၂-ပါး ရှိပါသည်။
(၂) မေး – အင်္ဂါ ၁၂-ပါးကို ရေပြပါ။
ဖြေ – အင်္ဂါ ၁၂-ပါးမှာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ […]