တိမ်ဖုံးပါလို့ လမသာ – အရှင်နန္ဒဝံသ

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဦးသူရဟန်မိသားစုက မိဘနှစ်ပါးအား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းရာ လောကချမ်းသာ စနေနေ့တရားပွဲကို ဆွမ်းအနုမောဒနာတရားနှင့် ပေါင်း၍ မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီခွဲအထိ ကျင်းပ ပြုလုပ်၏။
ရှေးဦးစွာ ဆရာတော် ဦးစက္ကိန္ဒက ငါးပါးသီလပေး၍၊ သံဃာတော်အရှင်မြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး၊ Wisconsin ပြည်နယ်မှ ခေတ္တ ရောက်ရှိ သီတင်းသုံးနေသော ဆရာတော် အရှင်နန္ဒဝံသက “တိမ်ဖုံးပါလို့ လ,မသာ” ဟူသော တရားတော်ကို မှတ်ဖွယ်ရာရာ လင်္ကာများဖြင့် ဟောကြား ချီးမြှင့်၏။

လင်္ကာများ
ဘဝဟူက ဒုက္ခမှန်သည်
ဘယ်ဘဝမှလည်း အမြဲမတည်
လူ့ပြည်မှာလည်း ဖြစ်ခဲ့ရပြီ
နတ်ပြည်မှာလည်း စံခဲ့ရပြီ
ငရဲမှာလည်း ခံခဲ့ရပြီ
၃၁-ဘုံ နယ်ကို လှည့်၍
တကယ့်ကိုပဲ ဆင်းရဲလှပါသည်။
မရှိပြန်တော့လည်း […]

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၁၁-နိုဝင်ဘာ-၂၀၁၀)

မြေတူးခြင်းနှင့် တူးပြီးသော မြေပေါ်တွင် ကျောက်စရစ်ခဲများ ခင်းခြင်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ဆောင်ရွက်နေကြစဉ်။

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၁၀-နိုဝင်ဘာ-၂၀၁၀)

လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်ကြီး ဆောက်လုပ်ရေးအတွက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က မြေတူးမှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေစဉ်။

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၉-နိုဝင်ဘာ-၂၀၁၀)

နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာတွင် လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်ကြီးကို စတင် ဆောက်လုပ်လျက်ရှိရာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ဆောင်ရွက်ပြီးသော လုပ်ငန်းများကို တွေ့ရစဉ်။

ဘယ်သူ့ကို အချစ်ဆုံးလဲ – အရှင်ပညာနန္ဒ

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၆ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ လောကချမ်းသာဆရာတော် ကိုယ်လက် မအီမသာ ဖြစ်နေ၍ အဘိဓမ္မာသင်တန်းနှင့် မဟာသတိပဋ္ဌာနသုတ်တော်သင်တန်းများ မပြုလုပ်ဖြစ်ဘဲ ဦးပညာနန္ဒက လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲအဖြစ် “ဘယ်သူ့ကို အချစ်ဆုံးလဲ”တရားတော်ကို ဟောကြား ချီးမြှင့်သွား၏။

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၃-နိုဝင်ဘာ-၂၀၁၀)

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း လောကချမ်းသာ ဓမ္မာရုံနှင့် ယောဂီဆောင် ကျောင်းဆောင်ကြီး တည်ဆောက်ရေးအတွက် မြေတူးမှုလုပ်ငန်းများ စတင် ဆောင်ရွက်ကြ၏။

ကုသိုလ်သည်သာ ကိုယ့်ရိက္ခာ – အရှင်နန္ဒဝံသ

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃၀ ရက် စနေနေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီထိ အဘိဓမ္မာသင်တန်း၊ သုတ္တန်တရားတော်များ လေ့လာခြင်းသင်တန်းနှင့် ဆည်းဆာတရားပွဲတို့ကို ကျင်းပ ပြုလုပ်၏။
အဘိဓမ္မာသင်ခန်းစာများကို ပြန်လည် လေ့လာ သုံးသပ်ခြင်းအဖြစ် ပကိဏ်းပိုင်း ဒွါရသင်္ဂဟကို မူလပဋ္ဌာန်းဆရာတော်ဘုရားကြီး၏ သင်ကြားပို့ချချက်ဇယားနှင့် ဆိုရိုးများဖြင့် မွန်းလွဲ ၃ နာရီမှ ၄ နာရီထိ လောကချမ်းသာဆရာတော်က ပြန်လည် သင်ကြား ပို့ချပေး၏။
ထိုနောက် ၁၀ မိနစ်ခန့် အနားပေးပြီး၊ လောကချမ်းသာဆရာတော်ကပင် မဟာသတိပဋ္ဌာနသုတ်ကို နာရီဝက်မျှ သင်ကြား ပို့ချပေး၏။ မဟာသတိပဋ္ဌာနသုတ်သင်တန်း ပထမဆုံး ပို့ချချက်အနေဖြင့် မဟာသတိပဋ္ဌာနသုတ်တော်ကြီးကို အသံထွက်မှန်မှန်ကန်ကန် အဖြတ်အတောက် မှန်မှန် ရွတ်ဖတ် ပူဇော်တတ်စေလိုသောကြောင့် ရွတ်ဖတ်နည်းကို […]