“အမြင်မှန်” နှင့် “အပ္ပမာဒတရားတော်”

….. ‘သတ္တဝါ’ ‘ပုဂ္ဂိုလ်’ ဟူသော ဤလောကဝေါဟာရ အမည်ပညတ်ကိုလည်း –
သာ၍ ကောင်းစွာ ပယ်ခြင်းအကျိုးငှာလည်းကောင်း၊
‘သတ္တဝါ’ဟု တွေဝေ သိမှားသော မောဟကို ကျော်လွန်ခြင်း အကျိုးငှာလည်းကောင်း၊
မတွေမဝေ သိသော ဉာဏ်အဆင့်၌ စိတ်ကိုထားခြင်း အကျိုးငှာလည်းကောင်း များစွာသော သုတ္တန်တို့၏ အစွမ်းအားဖြင့် “ဤအရာသည်ကား (အာရုံဆီသို့ ညွှတ်တတ်သော) နာမ်နှင့် (ဖောက်ပြန်တတ်သော၊ အာရုံကို မသိတတ်သော) ရုပ်မျှသာလျှင်တည်း။ ‘သတ္တဝါ’မည်သည် မရှိ၊ ‘ပုဂ္ဂိုလ်’မည်သည် မရှိ” ဟူသော ဤအနက်ကို နှီးနှော၍ ပိုင်းခြား ဆုံးဖြတ်၏။
မှန်ပေ၏။
“(ဝင်ရိုး, ရထားဘီး အစရှိသော) အစိတ်အပိုင်း အဆောက်အဦ အပေါင်းရှိသောကြောင့် ‘ရထား’ဟူသော အမည် သဒ္ဒါသည် ဖြစ်သကဲ့သို့ ဤအတူပင် (ငါးပါးသော) ခန္ဓာတို့ရှိလျှင် ‘သတ္တဝါ’ဟူသော အမည်ပညတ်သည် ဖြစ်၏” ဟူသော ဤစကားကို […]

စိတ်စင်ကြယ်ရေး နှင့် လောဘ ဒေါသ နည်းပါးစေရေး

၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းသူ သင်တန်းသားများအပြင် ဧပြီလ ၁၅ ရက် တနင်္ဂနွေနေ့တွင် ကျင်းပမည့် မြန်မာနှစ်သစ်ကူး ဆုတောင်း မေတ္တာပို့သပွဲအတွက် ရောက်ရှိနေကြသော ဝေယျာဝစ္စအဖွဲ့သူ အဖွဲ့သားများ၊ လုပ်အားပေးများဖြင့် စည်ကား၏။
မွန်းလွဲ ၁း၅၅ နာရီတွင် လောကချမ်းသာဆရာတော်က ဝိသုဒ္ဓိခုနစ်ပါးအနက် စိတ္တဝိသုဒ္ဓိအကြောင်းအကျဉ်း လောကချမ်းသာ ၅-မိနစ်တရားတော်ကို ဟောကြား ချီးမြှင့်ပြီး၊ ၃-နာရီထိ တရားရှုမှတ် ပွားများကြ၏။

+++++
မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်စက္ကိန္ဒက ဓမ္မပဒ၊ ယမကဝဂ် ဂါထာများကို ပြန်လည် ပို့ချ သင်ကြားပေး၏။

+++++
မွန်းလွဲ ၄ နာရီခွဲတွင် ဆရာတော် အရှင်ဝဏ္ဏိတက အဘိဓမ္မာ၊ ပကိဏ်းပိုင်း အာရမ္မဏသင်္ဂဟကို ဆက်လက် သင်ကြား ပို့ချပေး၏။

+++++
လောကချမ်းသာ […]

ကိုယ့်ကိုယ်ကိုသာ အားကိုးပါ

“အို … ရဟန်း၊ မိမိကိုယ်ကို မိမိ တိုက်တွန်း ဆုံးမလော့။
မိမိကိုယ်ကို မိမိ စုံစမ်း ဆင်ခြင်လော့။
မိမိကိုယ်ကို စောင့်ရှောက်၍ သတိနှင့် ပြည့်စုံလျှင် သင်သည် ချမ်းသာစွာ နေရလတ္တံ့။
မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ ဖြစ်၏။
မိမိသည်သာလျှင် မိမိ၏ (နောင်ဘ၀အတွက်) သွားရာ (မှီခိုရာ) ဖြစ်၏။
ထို့ကြောင့် မြင်းကုန်သည်သည် အမျိုးကောင်းသော မြင်းကို ကောင်းစွာ စောင့်ရှောက်သကဲ့သို့ မိမိကိုယ်ကို (အကုသိုလ်ကင်းအောင်) စောင့်ရှောက်လော့။´´
ဓမ္မပဒ ၃၇၉-၃၈၀ (ဆရာတော် အရှင်သေဋ္ဌိလ မြန်မာပြန်)
+++++
၂၀၁၂ ခုနှစ် ဧပြီလ ၇-ရက် စနေနေ့
နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း။
မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားမထိုင်မီ လောကချမ်းသာ ငါးမိနစ်တရားတော်ကို လောကချမ်းသာဆရာတော်က ဟောကြား၏။
ဝိသုဒ္ဓိ ခုနစ်ပါး […]

သင်္ကြန်အကြောင်း တစေ့တစောင်း – အရှင်နန္ဒဝံသ (ဇေယျသုခဓမ္မရိပ်သာ)

သင်္ကြန် … သြော် သင်္ကြန် … နှစ်အကူး ရွှင်မြူးလေတဲ့ သင်္ကြန် .. တဲ့။
သီချင်းတွေလဲ ကြားဖူးရဲ့ … သင်္ကြန်မှာ ပျော်ရွှင်နေကြသူတွေကိုလဲ တွေ့ဖူးခဲ့ပေမယ့် ‘သင်္ကြန်’ရဲ့ အဓိပ္ပာယ်ကို စေ့စေ့ငုငု ထဲထဲဝင်ဝင် ကျကျနန နားမလည်ခဲ့တာ အမှန်ပါ။
ငယ်ရွယ်သူတွေက သိလိုရေးနဲ့ မေးလာတဲ့အခါ သူတို့ သဘောကျအောင် ဖြေစရာ သိပ်မရှိခဲ့ဘူး။
ဒါနဲ့ စာပေတွေထဲ သင်္ကြန်အကြောင်း တစေ့တစောင်းဆိုသလို ဖွေရှာ လေ့လာကြည့်မိပါတယ်။
သင်္ကြန်ပွဲတော်ဟူသည် မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပကြတဲ့ ပွဲတော်တစ်ခု ဖြစ်သည်။
“ကူးပြောင်းခြင်း”, “ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပာယ်ရသော ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”တို့ကို တိုက်ရိုက် မြန်မာမှုပြု၍ ခေါ်ဆိုကြခြင်း ဖြစ်သည်။
ဒီ ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”ကနေ ဆင်းသက်လာတဲ့ […]