ရဟန်းငါးရာ၊ ကုသိုလ် အယုတ် အလတ် အမြတ် ခွဲခြင်း နှင့် `ထိုက်တန်ပါစေ´

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသဆရာတော်က ဝိပဿနာဆိုင်ရာ တရားဓမ္မဟောကြား၏။

+++++
မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက စိတ္တဝဂ်၊ ဂါထာ ၄၀ လာ မေတ္တသုတ် ရွတ်ပွားတော်မူကြသော ရဟန်းငါးရာအကြောင်း ဟောပြော သင်ပြ၏။

+++++
ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲ အဘိဓမ္မသင်တန်းတွင်လည်း ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ဝိထိမုတ္တသင်္ဂဟပိုင်း၊ ကုသိုလ် အယုတ် အလတ် အမြတ် ခွဲခြားပုံအကြောင်းများကို သင်ကြား ပို့ချပေး၏။

+++++
လောကချမ်းသာဆည်းဆာတရားပွဲကို ညနေ ၆ နာရီမှ ၇ နာရီအထိ […]

စိတ္တဟတ္ထထေရ်၊ ကုသိုလ်ကမ္မပထတရား ၁၀-ပါးနှင့် `လမ်းမှန်ရောက်ပြီ အိုယောဂီ´

စိတ္တဟတ္ထကမထေရ်သည် ကဿပဘုရားသာသနာ၌ ရဟန်းဖြစ်၍ မိတ်ဆွေရဟန်းတစ်ပါးနှင့်အတူ နေကြရာ
မိတ်ဆွေရဟန်း လူထွက်လိုသောစိတ် ရှိသည်ကို သိ၍ ရှေးဦးစွာ မထွက်ရအောင် ပြောဆိုလေ၏။
နောက်အခါ၌ ထိုရဟန်း လူထွက်လျှင် ထိုရဟန်း၏ သင်္ကန်း သပိတ် ပရိက္ခရာများကို ငါရလတ္တံ့ဟု ပရိက္ခရာ၌ တပ်မက်သောစိတ် ဖြစ်လာ၍ လူထွက်ဖြစ်လေအောင် စကားမျိုးကို ပြောဆိုလေ၏။
ထိုရဟန်းလည်း လူထွက်လေ၏။
အဖော်ရဟန်းသည် ငါတို့ဘုရားလက်ထက်၌ စိတ္တဟတ္ထကမထေရ် ဖြစ်လာ၏။
ရဟန္တာမဖြစ်မီအတွင်း ထိုဝိပါကဝဋ်လိုက်၍ သာသနာ၌ မွေ့လျော်စွာ နေခွင့် မရမူ၍ ခုနစ်ကြိမ်တိုင်တိုင် ရဟန်းဖြစ်တုံ လူဖြစ်တုံ အရှက်တကွဲ ဖောက်လဲဖောက်ပြန် ဝဋ်ခံရလေ၏။
ဤသို့ သာသနာမှ ကောင်းသောရွေ့ခြင်းဖြင့် ရွေ့လိုသော သူကို အလိုပြီးအောင် ချီးမွမ်းထောက်ပံ့ ပြောဆိုမိကာမျှနှင့်ပင် ငါတို့ဘုရားလက်ထက်၌ ဝဋ်ဝိပါက်လိုက်ပါ၍ သာသနာ၌ ထောက်တည်ရာ မရဘဲ အရှက်တကွဲ ဖောက်လဲဖောက်ပြန် ဝဋ်ခံရလေသေး၏။
ဤဝတ္ထုကို ထောက်မြော်၍ […]

သံဃရက္ခိတဘာဂိနေယျတ္ထေရ၀တ္ထု၊ ဒုစရိုက် ၁၀-ပါး၊ နှင့် `စိတ်အေးစရာ သာသနာ´

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့တိုင်း ပြုလုပ်မြဲဖြစ်သော ဓမ္မသင်တန်းများနှင့် တရားပွဲများကို ပြုလုပ် ကျင်းပ၏။
မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ချိန်အတွင်း လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား၏။

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ – ဓမ္မပဒသင်တန်းတွင် ဆရာတော်အရှင်ဥဂ္ဂပဏ္ဍိတက စိတ္တ၀ဂ်၊ ဂါထာ ၃၇-သံဃရက္ခိတဘာဂိနေယျထေရ်ဝတ္ထုကို ဟောပြော သင်ပြ၏။

ညနေ ၄း၃၀ နာရီမှ ၅း၃၀ နာရီ၊ အဘိဓမ္မာသင်တန်းတွင် ဆရာတော်အရှင်ဥဂ္ဂပဏ္ဍိတကပင် ၀ီထိမုတ်သင်္ဂဟပိုင်း၊ ဒုစရိုက် ၁၀-ပါး အကြောင်းကို ဆက်လက် သင်ကြား ပို့ချပေး၏။

ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် တက္ကဆပ်ပြည်နယ်၊ အမာရီလိုမြို့၊ ဇေယျသုခဓမ္မရိပ်သာမှ အရှင်နန္ဒ၀ံသက `စိတ်အေးစရာ သာသနာ´တရားတော်ကို […]