ဝိသုဒ္ဓိမဂ်မိတ်ဆက် (၈)၊ ကမ္မဋ္ဌာန်းပိုင်း နှင့် `ချမ်းသာရကြောင်း နည်းလမ်းကောင်း´

လောကချမ်းသာဆရာတော်ကြီးသည် မတ်လ (၂၄)ရက်နေ့က ဖလော်ရီဒါသို့ ကြွရောက်နေပြီး နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ဧပြီလ (၂)ရက်နေ့မှ ပြန်လည် ကြွရောက်လာမည်ဖြစ်ရာ၊ ၂၀၁၄-ခုနှစ် မတ်လ (၂၉)ရက်နေ့တွင် တစ်ရက်တရားစခန်းမရှိဘဲ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီမှ ၃-နာရီ တရားရှုမှတ်ကြစဉ် ဆရာတော် အရှင်ပညာဇောတက ဝိပဿ နာဆိုင်ရာ တရားတော်ကို ဟောကြား၏။
မွန်းလွဲ ၃း၁၅ နာရီတော် ဆရာတော် အရှင်ဝဏ္ဏိတက ဝိသုဒ္ဓိမဂ်မိတ်ဆက် အပိုင်း(၈)ကို သင်ကြား ပို့ချပြီး၊

ဒုတိယ စာသင်ချိန်တွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာ၊ ကမ္မဋ္ဌာန်းပိုင်းကို ဆက်လက် ပို့ချကာ၊

လောကချမ်းသာ ဆည်းဆာတရားပွဲ၌ ဆရာတော် အရှင်ပညာဇောတက `ချမ်းသာရကြောင်း နည်းလမ်းကောင်း´တရားတော်ကို ဓမ္မဒါနပြု ဟောကြားလေသည်။

ဝိသုဒ္ဓိမဂ်မိတ်ဆက် (၇)၊ ကမ္မဋ္ဌာန်းပိုင်းနှင့် `အသိသည် တန်ဖိုး´

၂၀၁၄-ခုနှစ် မတ်လ ၂၂-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿ နာဆိုင်ရာတရားတော်ကို ချီးမြှင့်၏။

+++++
မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဝဏ္ဏိတက ဝိသုဒ္ဓိမဂ်မိတ်ဆက် အပိုင်း(၇)ကို ဟောကြား ပို့ချပြီး၊

ဒုတိယ စာသင်ချိန် အဘိဓမ္မာသင်တန်း၌ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာ ကမ္မဋ္ဌာန်းပိုင်းကို သင်ကြား ပို့ချလေသည်။

ညနေ လောကချမ်းသာဆည်းဆာတရားပွဲဝယ် ဆရာတော် အရှင်ပညာဇောတက `အသိသည် တန်ဖိုး´တရားတော်ကို ဓမ္မဒါနပြု ဟောကြား၏။

`သာဓု အနုမောဒနာ အကျိုး´ – မဟာစည်ဆရာတော်ဘုရားကြီး

ဘုရားလက်ထက်တော်ကာလက ဝိသာခါဆိုတဲ့ ဒါယိကာမဟာ သာဝတ္ထိမြို့၏ အရှေ့တောင်ဘက်အရပ်၌ ပုဗ္ဗာရုံဆိုတဲ့ ကျောင်းတော်ကို ဆောက်လုပ်ပြီး ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းပါတယ်။
ပြာသာဒ်ကျောင်းမကြီးက အောက်ထပ်အခန်း တစ်ရာ၊ အထက်ထပ်အခန်း တစ်ရာ ရှိတယ်။
အခြံအရံ ပြာသာဒ်တွေကလဲ တစ်ထောင် ရှိတယ်။
အဲဒါဟာ ကိုးကုဋေအကုန်အကျ ခံပြီး ဆောက်လုပ်တဲ့ ကျောင်းဖြစ်တဲ့အတွက် အလွန်ပင် အချိုးကျ လှပတင့်တယ်ပြီး ကောင်းမွန်တယ်လို့ ဆိုရပါတယ်။
ဟုတ်မှာပါ။ ကိုးကုဋေတန်တယ်ဆိုတော့ သိန်းပေါင်းကိုးရာတန်ပဲ။ ယခုနေအခါမှာ ဒါလောက် အဖိုးတန်တဲ့ကျောင်း ရှိပုံမရပါဘူး။
အဲဒီကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းတဲ့အခါမှာ ဝိသာခါက သူ့မိတ်ဆွေငါးရာကို ခေါ်သွားပြီး အဲဒီကျောင်းမှာ ကြည်ညိုဖွယ်တွေကို လျှောက်ပြတယ်။
အဲဒီအခါမှာ သူ့မိတ်ဆွေ အမျိုးသမီးတွေက သိပ်သဘောကျပြီး ချီးမွမ်းကြတယ်။
အဲဒီတော့ ဝိသာခါက အဲဒီကျောင်း အလှူဒါနကုသိုလ်ကို သူ့မိတ်ဆွေများအား အမျှပေးဝေတယ်။
အားလုံးပဲ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုအနုမောဒနာ ခေါ်ကြပါတယ်။
အဲဒီ သူ့မိတ်ဆွေတွေထဲမှာ […]

တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇာ၊ ဝိသုဒ္ဓိမဂ်မိတ်ဆက် (၅)-(၆)နှင့် `တပေါင်းရဲ့ တပေါင်း´

၂၀၁၄-ခု မတ်လ (၁၅)ရက် စနေနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၅-ခု တပေါင်းလပြည့်နေ့ဖြစ်ရာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းသူ သင်တန်းသားများ စုပေါင်း၍ ဘုရားရှင်အား ဆွမ်းဆက်ကပ်ခြင်း၊ ကျောင်းရှိ သံဃာတော်များ ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများ ပြုလုပ်ကြပြီး၊ မွန်းလွဲ ၁-နာရီတွင် တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇာအဖြစ် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ `ဗုဒ္ဓဝင် အမေး-အဖြေ´နှင့် လယ်တီဆရာတော်ဘုရားကြီး၏ `ခုနစ်နေ့ ဗုဒ္ဓဝင် ဘုရားရှိခိုး´တို့ကို မေး-ဖြေ ရွတ်ဖတ် ပူဇော်ကြ၏။

+++++
ဗုဒ္ဓပူဇာအပြီး မွန်းလွဲ ၃ နာရီအထိ တရားရှုမှတ်ကြကာ ဝိသုဒ္ဓိမဂ်မိတ်ဆက် ဓမ္မသင်တန်းကို ဆရာတော် အရှင်ဝဏ္ဏိတက ပို့ချပေး၏။ အဘိဓမ္မာသင်တန်းပြ ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတ ဘော်စတွန်ကျောင်း ထမနဲပွဲတော်သို့ ကြွရောက်နေသဖြင့် ဝိသုဒ္ဓိမဂ်မိတ်ဆက်သင်တန်းကို ဒုတိယအချိန်တွင် ဆက်လက် လေ့လာ သင်ယူကြရ၏။

+++++
ညနေဆည်းဆာ လောကချမ်းသာတရားပွဲတွင် […]

ဝိသုဒ္ဓိမဂ်မိတ်ဆက် (၄)၊ ကမ္မဋ္ဌာန်းပိုင်းနှင့် `အပေါင်းအသင်း သတိထား´

၂၀၁၄-ခုနှစ် မတ်လ (၈)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ပုံမှန် စနေနေ့ ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂-နာရီ တရားရှုမှတ်စဉ် လောကချမ်းသာဆရာတော်ကြီးက ဝိပဿနာဆိုင်ရာတရား ဟောကြား ချီးမြှင့်၏။

မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဝဏ္ဏိတက ဝိသုဒ္ဓိမဂ် မိတ်ဆက်သင်တန်း အပိုင်း(၄)ကို ဟောပြော သင်ကြားပြီး၊

ညနေ ၄ နာရီခွဲတော် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက အဘိဓမ္မာသင်တန်း၊ ကမ္မဋ္ဌာန်းပိုင်းကို သင်ကြား ပို့ချ၏။

ညနေ ဆည်းဆာတရားပွဲ မတိုင်မီ သင်တန်းသူ သင်တန်းသားများက ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသကို ရွတ်ဆို ပူဇော်ကြပြီး၊ ဆရာတော် အရှင်ပညာဇောတက `အပေါင်းအသင်း သတိထား´တရားတော်ကို ဓမ္မဒါနပြု ဟောကြားလေသည်။

၂၀၁၄-ခုနှစ် မြန်မာပြည်ခရီး (၁) – လောကချမ်းသာဆရာတော်

၂၀၁၄-ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့၌ မြန်မာနိုင်ငံသို့ ခရီးထွက်ခဲ့သည်။
တရုတ်လေကြောင်း(ချိုင်းနားအဲယားလိုင်း)နှင့် ဖြစ်သည်။ နယူးယောက်မှ ဂျပန်-အိုဆာကာ၊ အိုဆာကာမှ ထိုင်ပေ၊ ထိုင်ပေမှာ ညအိပ်ရသည်။ တည်းခိုခန်း(ဟော်တယ်)ပေးသည်။
မိမိအနေဖြင့် ခဏ … ခဏ … နားပြီးမှ ခရီးရှည်သွားရမှာကို ပိုပြီးကြိုက်သည်။ လူသက်သာသည်။
ရန်ကုန်သို့ နံနက် ၁၀-နာရီခွဲအချိန်၌ ရောက်ခဲ့သည်။
ရောက်ချိန်ကောင်းသောကြောင့် လေဆိပ်သို့ လာကြိုသူများမှာ အဆင်ပြေသည်။
ယခု လေယာဉ်ခရီးစဉ်၌ အထက်တန်း(ဘစ်ဇနက်ကလပ်စ်)က စီးခဲ့သည်။ လေယာဉ်ခကို မိမိက ဒေါ်လာ ၁၃၀၀၊ ကျန်ခရီးစရိတ်ကျသင့်ငွေကို ဂျိမ်းစ်နှင့်စုယန်း၊ အမေရိကန်အမျိုးသားနှင့်ကိုးရီးယားအမျိုးသမီး ဇနီးမောင်နှံတို့က လှူကြသည်။
အမေရိကန်အမျိုးသားနှင့်ကိုးရီးယားအမျိုးသမီး ဇနီးမောင်နှံမှာ မိမိ၏ ယောဂီဟောင်းများ ဖြစ်ကြသည်။ ကနေဒီလေဆိပ်သို့လည်း သူတို့နှစ်ဦး လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ လေယာဉ်အထက်တန်း(ဘစ်ဇနက်ကလပ်စ်)ကို ပထမဆုံး စီးဖူးခြင်း ဖြစ်သည်။
လေယာဉ်အထက်တန်းမှ စီးသူ ခရီးသည်များကို လေဆိပ်သီးသန့်ခန်းမှာ ထားပေးသည်။ […]

အေဘီဘီအေ ထမနဲပွဲ – ၂၀၁၄

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ (၂၈)ကြိမ်မြောက် ထမနဲပွဲတော်ကို နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၁၄-ခုနှစ် မတ်လ (၂)ရက် တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်၏။
ထမနဲပွဲတော်အလှူရှင် Myanmar Cultural Club, United Nations Staff Recreation Council (UNSRC) မိသားစုများက မြတ်စွာဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး၊ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား မန္တလေးကြာဆံချက်နှင့် ထမနဲတို့ဖြင့် ဧည့်ခံ ကျွေးမွေး၏။
အခမ်းအနားတွင် ဆရာတော် ဦးအဘယာလင်္ကာရထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး၊ သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော် ချီးမြှင့်၏။ လောကချမ်းသာဆရာတော်ကြီးက အနုမောဒနာတရား ဟောကြား ချီးမြှင့်ကာ ဆရာတော် ဦးပညာဇောတက ရေစက်ချ တိုင်ကြား ဆောင်ရွက်ပေး၏။

Htamane Making (1-Mar-2014)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ ၂၈-ကြိမ်မြောက် ထမနဲထိုးပွဲကို ၂၀၁၄-ခုနှစ် မတ်လ (၁)ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ရာ ပျော်ပျော်ရွှင်ရွှင် စုပေါင်း ထမနဲထိုးကြစဉ် –