လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ – ၁

နယူးဂျာစီပြည်နယ်၊ မနာလပန်(အင်္ဂလစ်ရှ်တောင်း)မြို့နယ်၊ ဂေါ်ဒန်ကော်နာလမ်း၊ အမှတ် ၆၃၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာသို့ ရောက်လျှင် “လောကချမ်းသာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်မြတ်ကြီး”ကို ကြည်ညို ဖူးမြော်၍ “လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ”လေးတွင် ဝိပဿနာတရား ရှုပွားနိုင်ပါသည်။ လူ ၁၀၀ ခန့် ဆန့်မည့် ဓမ္မာရုံနှင့် ၁၀-ပေ ပတ်လည် ယောဂီဆောင် အခန်း ၁၆-ခန်း ပါဝင်သော “လောကချမ်းသာ ဓမ္မာရုံ”ကြီးကိုလည်း ဆောက်လုပ်ရန် စီစဉ်လျက် ရှိပါသည်။ ယခု လက်ရှိ လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံလေးတွင် ၁၉၉၆-ခုနှစ် ဇွန်လ ၂၆-ရက်နေ့၌ ပထမဦး ယောဂီများအဖြစ် ‘ဒေါ်ရွှေဥ၊ ဒေါ်မွှေးမွှေး၊ မတင်နွယ်အေး၊ မအုန်းမြင့်ရီ’တို့ ဝိပဿနာ ရှုပွားခဲ့ကြပါသည်။ ဤ လောကချမ်းသာ သတိပဋ္ဌာန် ဓမ္မာရုံ၏ သမိုင်းကို […]

လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း

နယူးယောက်မြို့၊ အမေရိကန်-မြန်မာဗုဒ္ဓဘာသာအသင်း(အေဘီဘီအေ)၏ ပဓာနနာယကဆရာတော် အရှင်ဣန္ဒကသည် မြောင်းမြခရိုင်၊ ပြင်ရွာတိုက်နယ်၊ အညာစုကျေးရွာမှ ဖခင် ဦးဘနှင့် မိခင် ဒေါ်ဖွားသင် တို့၏ သားသမီးငါးယောက်တွင် အငယ်ဆုံးသားရတနာဖြစ်၍ ၁၃၀၂-ခုနှစ် ဝါခေါင်လဆန်း ၉-ရက် (၁၁-၈-၁၉၄၀) တနင်္ဂနွေနေ့၌ မွေးဖွားသန့်စင်ခဲ့သည်။

ဆရာတော်သည် ခုနစ်နှစ်သားအရွယ်၌ ဒရယ်ပေါက်ကျောင်းဆရာတော် ဦးခေမိန္ဒကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်ကို ခံယူခဲ့သည်။ ဆရာတော်ဦးခေမိန္ဒထံ၌ အခြေခံမြန်မာစာ၊ သင်္ချာနှင့် ပါဠိစာပေများကို ငါးနှစ်တိုင်တိုင် သင်ယူခဲ့သည်။ အသက်တဆယ့်နှစ်နှစ်သားအရွယ်တွင် မြောင်းမြမြို့၊ ရိုးကူးရပ်၊ ပညာဇေယျုံကျောင်းတိုက်သို့ ပြောင်းရွှေ့ကာ ဆရာတော်ကြီး ဦးပညာထံ၌ လောကီလောကုတ္တရာ ပညာရပ်များကို သုံးနှစ်ကြာမျှ ဆက်လက် သင်ယူခဲ့လေသည်။ ထို့နောက် မြောင်းမြမြို့၊ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးသို့ ပြောင်းရွှေ့ကာ လောကုတ္တရာပါဠိစာပေများကို ရှစ်နှစ်တိုင်တိုင် သင်ယူခဲ့ပါသည်။

၁၃၂၁-ခုနှစ် […]

မဟာစည်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်စဉ်လင်္ကာများ

(၁)
စစ်ကိုင်းတိုင်းဝယ်၊ ရွှေဘိုနယ်မှ
တင့်တယ်သာယာ၊ ဆိပ်ခွန်ရွာ၌
ကောဇာသက္ကရာဇ်၊ ရေတွက်စစ်က
တစ်နှစ်ခြောက်ခြောက်(၁၂၆၆)၊ ခုနှစ်ရောက်သော်
ဝင်းတောက်ရွှန်းစို၊ ဒု-ဝါဆို၏
ကျော်လိုသုံး(၃)ရက်၊ သောကြာဘက်၌
နံနက်သုံး(၃)ကျော်၊ ဦးကံတော်နှင့်
ဒေါ်ဒေါ်အုန်းမှ၊ ဖွားမြင်ကြ၍
နာမမည်တွင်၊ တန်ဆာဆင်သည်
‘မောင်သွင်’ခေါ်ကြလေတော့၏။

(၂)
တဆယ့်နှစ်(၁၂)နှစ်၊ သာမဏေဖြစ်၍
ရှင်သစ်နာမ၊ ‘သောဘန’ဟု
[…]

လောကချမ်းသာဘုရားကြီး – ၃

လှူဖွယ်ဝတ္ထု အစုစု
(က) ဗုဒ္ဓပူဇာ
၁။ ကြေးဆင်းတုတော်၊ ဉာဏ်တော် ၃-ပေ ၈-လက်မ၊ အလေးချိန် ၁၅၀-ပိသာ
၂။ ပလ္လင်တံကဲ၊ အမြင့် ၁၁-ပေခန့်
၃။ ကြေးစည်၊ ၅-ပိသာ
[…]

လောကချမ်းသာဘုရားကြီး – ၂

အလှူအတွက် ဆောင်ရွက်ချက်

၉။ ကြေးဆင်းတုတော်နှင့် သာသနာရေးပစ္စည်းများအတွက် ရှေးဟောင်းသုတေသနဦးစီးဌာနက ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ထောင်ခံချက် လိုအပ်ပါသည်။ အဆိုပါ ထောက်ခံချက်ပါမှသာ သာသနာရေးဦးစီးဌာနက ဆက်လက် ထောက်ခံပါသည်။ သာသနာရေးဦးစီးဌာနထောက်ခံချက် ပါမှသာ ကုန်သွယ်ရေးဦးစီးက လျှောက်လွှာကို လက်ခံပါသည်။

၁၀။ သို့ပါ၍ ဦးစွာ ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် ညှိနှိုင်းရပါသည်။ ဆင်းတုတော်များ စတင်ထုလုပ်ခွင့်နှင့် ထောက်ခံချက်အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ညှိနှိုင်းရာ သက်ဆိုင်ရာ ကြေးသွန်းဆရာ နိဗ္ဗာန်ကုန်သည်တို့ထံတွင် ထွင်းထုလုပ်နေကြောင်း မှန်ကန်ကြောင်းနှင့် ရှေးဟောင်းပစ္စည်း မဟုတ်ပါကြောင်း သက်ဆိုင်ရာ ပြည်သူ့ကောင်စီများက ထောက်ခံချက်များ ပါရှိပါက ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့ကြောင့် မန္တလေးမြို့ ကြေးသွန်းဆရာထွန်း၏သား ဦးဘရင်နှင့်သား နိဗ္ဗာန်ကုန်သည် ဦးဘအေး-ဒေါ်လှလှတို့ထံ အလှူရှင်များမှတဆင့် အကျိုးအကြောင်း အကြောင်းကြားပြီး သက်ဆိုင်ရာ […]

အေဘီဘီအေ နှစ်ဦး ဆုတောင်းမေတ္တာပို့သပွဲမှတ်တမ်း

အမေရိကန် မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ ၂၀၀၈ ခုနှစ် နှစ်ဦး ဆုတောင်းမေတ္တာပို့သပွဲကို ဇန်နဝါရီလ ၆-ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။

အလှူရှင် ဦးခိုင်လင်း-ဒေါ်ခင်ဝင်းမြင့်၊ (သား) ခရစ်စတိုဖာဝေါင်း မိသားစုက ဒန်ပေါက်ထမင်းဖြင့်လည်းကောင်း၊ ဦးမြင့်သိန်း-ဒေါ်မြင့်မြင့်စန်းမိသားစုက လက်ဖက်ရည်အချိုဖြင့်လည်းကောင်း၊ ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ပွဲတော်လာ ဧည့်ပရိသတ်တို့အား ကျွေးမွေးဧည့်ခံခြင်း ကောင်းမှုကုသိုလ် ပြုကြ၏။

သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး၊ ပရိတ်သတ်များကို ဦးဆောင်ကာ စုပေါင်း၍ ဆုတောင်း မေတ္တာပို့သမှု ပြုကြ၏။လောကချမ်းသာဆရာတော် အရှင်ဣန္ဒကမှ တရားဓမ္မဟောကြား ချီးမြှင့်၍ဘုန်းကြီးဦးအဘယာလင်္ကာရက ရေစက်ချပေးလေသည်။

လောကချမ်းသာဘုရားကြီး – ၁

ဦးဘဦး၊ ဦးယောက်ကြည်၊ ဦးတင်မောင် မိသားစုများမှ နယူးယောက်မြို့ အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးသို့ ကြေးဆင်းတုတော်တဆူ၊ ပလ္လင်၊ ပိဋကတ်သုံးပုံ (အင်္ဂလိပ်၊ မြန်မာ၊ ပါဠိ)၊ ပရိက္ခရာ အစုံ ၁၀၀ နှင့် သာသနာရေးပစ္စည်းများ ပေးပို့လှူဒါန်းရန် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (၀ိုင်၊အမ်၊ဘီ၊အေ)၏ အကူအညီ တောင်းခံ ရယူခဲ့ကြရပါသည်။

၁၉၈၅-ခုနှစ် မတ်လ (၂၈)ရက် နေ့စွဲဖြင့် ၀ိုင်၊အမ်၊ဘီ၊အေအသင်းကြီး၏ ဒုတိယ ဥက္ကဌ ဦးကျော်ဒင်က ဤသို့ ပေးပို့လှူဒါန်းခြင်း အစီရင်ခံစာကို ပြုစုထားခဲ့ရာ လောကချမ်းသာဘုရာကြီး၏ သမိုင်း တစိတ်တဒေသအဖြစ် ပြန်လည် ဖော်ပြ မှတ်တမ်းတင်ရပါသည်။

+ + + + + + + + +

(လောကချမ်းသာဘုရားကြီး)
နိဒါန်း
[…]

ဦးပေါ်ဦး (ခေါ်) Richard Paw U (၁၉၂၂-၂၀၀၇)

အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း(အေဘီဘီအေ)ကြီးကို စတင် တည်ထောင်ပေးခဲ့သူများတွင် တဦးအပါအ၀င်ဖြစ်သော ဦးပေါ်ဦး (အသက် ၈၅-နှစ်)သည် ၂၀၀၇-ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့က ဟ၀ိုင်ယီပြည်နယ် Kaneohe ရှိ နေအိမ်၌ ကွယ်လွန် အနိစ္စရောက်ခဲ့ကြောင်း ကြားသိရပါသည်။

ဦးပေါ်ဦးကို ၁၉၂၂-ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့တွင် စစ်တွေမြို့၌ မွေးဖွားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၆-ခုနှစ် မတ်လတွင် ကိုလံဘီယာတက္ကသိုလ်မှ “ဗုဒ္ဓဘာသာဝင်ရဟန်းတော်တို့၏ ဘဝနှင့် မြန်မာလူမှုအဖွဲ့အစည်း” ဟူသော ဘွဲ့ယူစာတမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၄၉-ခုနှစ်မှ ၁၉၈၃-ခုနှစ်အထိ ကုလသမဂ္ဂအဖွဲ့အစည်းတွင် Chief of Liaison Office Coordinator အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၃-ခုနှစ်၌ အငြိမ်းစား ယူပြီးနောက် ဟဝိုင်ယီပြည်နယ်တွင် အခြေချ နေထိုင်ခဲ့သည်။

ဦးပေါ်ဦးသည် ဗုဒ္ဓသာသနာ […]

သာသနာ့ အမွေ

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် မိမိတို့မှာ သားယောက်ျားကလေး မွေးဖွားလာပါက သာသနာ့အမွေ ပေးရတော့မည်ဟု တွေး၍ အထူး ဝမ်းသာကြလေသည်။ သားယောက်ျားမရသော မိဖများကလည်း သူတပါး၏ သားများကို တောင်းယူ၍ ရှင်ပြုပေးကြလေသည်။ ဤသို့ သာသနာ့အမွေပေးခြင်းသည် မိမိတို့ဘဝ၌ အမြတ်ဆုံး ကုသိုလ်ကြီးကို ဆည်းပူးရခြင်းဖြစ်သည်ဟူသော ယုံကြည်စိတ်များရှိသောကြောင့် ဝမ်းသာကြခြင်း ဖြစ်လေသည်။

ဗုဒ္ဓကိုယ်တော်တိုင်ပင် သားတော်ရာဟုလာအား သာသနာ့အမွေကိုသာ ပေးခဲ့ပုံ ဝတ္ထု၊ သီရိဓမ္မာသောကမင်းကြီးကိုယ်တိုင် သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့အား သာသနာ့အမွေပေးခဲ့ပုံ ဝတ္ထုများသည် ဗုဒ္ဓဘာသာ မြန်မာမိဘတို့အား သာသနာ့အမွေ ပေးချင်စိတ်များ ဖြစ်ပေါ်လာအောင် ဆွဲဆောင်လျက် ရှိကြလေသည်။

မိမိ၏မိခင်ကြီးသည် အငယ်ဆုံးသားဖြစ်သည့် မိမိအား ရှင်ပြုပေးရန် အားခဲလျက် ရှိပါသည်။ ငွေကြေး အတန်အသင့် ပြည့်စုံလာသောအခါ မိမိအား ရှင်ပြုပေးရန် စီစဉ်ပါတော့သည်။ […]