စိတ်အစဉ်အတန်း (၄) – ဇဝနနိယာမ၊ ပုဂ္ဂိုလ်စိတ်ရ

“လမ်းဆုံး မရောက်ခင်တော့ ကုသိုလ်များများ ရှိအောင် လုပ်ရမှာနော်။ကုသိုလ်မရှိရင် အကုသိုလ်က လာတော့မှာကိုး။သိပ်ကြောက်စရာကောင်းတယ်နော်။
စဉ်းစားကြည့်။တစ်နေ့ တစ်နေ့ကို ငါ့သန္တာန်မှာ ကုသိုလ်စိတ် များများ ဖြစ်နေသလား၊ အကုသိုလ်စိတ် များများ ဖြစ်နေသလား?
အကုသိုလ်စိတ် အသေးစားနဲ့ အကြီးစား ….. သူတို့ပဲ များများ ဖြစ်နေတာ။တစ်ခါတလေ အပျော့စားတော့ အပျော့စားပေါ့လေ၊ အကုသိုလ်တော့ အကုသိုလ်ပဲ။တစ်ခါတလေ (အကုသိုလ်စိတ်တွေ) ပြင်းပြင်းထန်ထန် ဖြစ်တယ်။ကုသိုလ်စိတ်ဖြစ်တဲ့အချိန်က အလွန်နည်းတယ်။ဒါကြောင့် အထူးဂရုစိုက်ရတယ်။”
(အရှင်သီလာနန္ဒာဘိဝံသ)
+++++
၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက် စနေနေ့ ညနေ ၄း၀၀ နာရီတွင် လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်း (၂၅)ပတ်မြောက် သင်ခန်းစာပို့ချချက်ကို သင်ကြား ပို့ချရာ ဝီထိပိုင်းမှ “ဇောသတ်မှတ်ခြင်း”နှင့် “ပုဂ္ဂိုလ်စိတ်ရ” အကြောင်းများ လေ့လာ သင်ယူကြရသည်။
+++++
ဇောကိစ္စတပ်သော စိတ် ၅၅
ဇောကိစ္စတပ်သော […]

နွေဦးအစနှင့် လုပ်အားဒါန

နွေဦးသို့ ရောက်ပြန်လေပြီ။
နွေဦး၏ သင်္ကေတဖြစ်သော ရွက်နုတို့ အသစ်တဖန် ဝေခြင်း၊ ကျေးငှက်သာရကာတို့၏ ကြည်နူးဖွယ် တေးဆိုခြင်းများနှင့်အတူ မဟာစည်သတိပဋ္ဌာန်ရိပ်သာဝင်းအတွင်းရှိ လောကချမ်းသာစေတီတော်၏ ထီးတော်ဆီမှ လေတိုက်တိုင်း လွင့်ပျံလာသည့် ဆည်းလည်းသံတို့သည် ကြားရ မြင်ရသူအပေါင်းကို စိတ်ကြည်နူး နုပျိုသွားအောင် သုခပွား ခံစားရရှိစေပါသည်။
ဆောင်းကာလအတွင်း ရပ်နားထားခဲ့ရသော လောကချမ်းသာစေတီတော်၏ ဆောင်ရွက်ဆဲ လုပ်ငန်းအချို့ကို ပြန်လည် စတင်ရန် စေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး တည်ထား ဆောက်လုပ်ရေး တာဝန်ခံ ဦးမောင်မောင်က အထူး တိုက်တွန်း နှိုးဆော်ထား၏။
တိုက်တွန်း နှိုးဆော်ထားသည့်အတိုင်း ၂၀၁၀ ခုနှစ် မတ်လ (၂၁)ရက် တနင်္ဂနွေနေ့တွင် လုပ်အားဒါန ပေးလှူကြမည့် ဓမ္မမိတ်ဆွေအချို့တို့သည် တစ်အိမ်လျှင် ဆွမ်းဟင်း တစ်ခွက် နှစ်ခွက် စသည်တို့ကို ယူဆောင်လာကြကာ “နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာ […]

စိတ်အစဉ်အတန်း (၃) – တဒါရုံကို သတ်မှတ်ခြင်း

မဂ်ဖိုလ်ရတယ်ဆိုရင် မဂ္ဂဝီထိ ဖြစ်ကို ဖြစ်ရတယ်။အကျွတ်တရားရတယ်ဆိုတာ ဒါကို ခေါ်တာ။ ဒီ မဂ္ဂဝီထိမဖြစ်ဘဲနဲ့ မဂ်ဖိုလ်ရတယ်လို့ မရှိဘူး။မဂ္ဂဝီထိဖြစ်မယ်ဆိုရင် ဒီဝီထိထဲမှာ ကာမာဝစရဇောတွေ ပါနေတယ်။ အဲဒီ ကာမာဝစရဇောတွေဟာ ဘာတွေလဲဆိုရင် ဝိပဿနာဇောတွေ။ ဝိပဿနာဇောဖြစ်တဲ့အတွက်ကြောင့် ဝိပဿနာ ရှေ့သွားမရှိဘဲနဲ့ မဂ်ဖိုလ်ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။
မြတ်စွာဘုရားက ဂါထာတစ်ပုဒ် ဟောလိုက်လို့ ဂါထာနာရသည်၏ အဆုံး၌ သောတာပန်တည်သွားတယ် စသည်ဖြင့် ဝတ္ထုဇာတ်ကြောင်းတွေ အများကြီး ရှိတယ်။အထူးသဖြင့် ဓမ္မပဒဝတ္ထုကြောင်းတွေ ဖတ်ရင် တွေ့ရလိမ့်မယ်။ အဲဒီလို အခါမှာလည်းပဲ ဝိပဿနာ လုံးဝ မရှုဘဲနဲ့တော့ အကျွတ်တရားရသွားတာ မဟုတ်ဘူး။ သောတာပန်၊ သကဒါဂါမ် စသည် ဖြစ်သွားတာ မဟုတ်ဘူး။ဝိပဿနာတော့် ရှုရသေးတာပဲ။ဒါပေမယ်လို့ အလွန် လျင်မြန်တဲ့အတွက်ကြောင့် ချက်ချင်း ရသွားသလို ထင်ရတယ်။တရားနာရင်းပဲ အနိစ္စ, ဒုက္ခ, အနတ္တကတော့ […]

စိတ်အစဉ်အတန်း (၂)

၂၀၁၀ ခုနှစ် မတ်လ ၁၃ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် အဘိဓမ္မာသင်တန်းဖြစ်သော ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ (၂၃)ပတ်မြောက် သင်ခန်းစာကို ဆက်လက် သင်ကြားပို့ချရာ ဝီထိပိုင်းမှ အတိပရိတ္တာရုံဝီထိ၊ ကာမဇောဝါရဝီထိ၊ ဈာနဝီထိများအကြောင်း လေ့လာသင်ယူကြရပါသည်။
+++++
၎။ အတိပရိတ္တာရုံ (အလွန်အားနည်းသော စိတ္တက္ခဏအသက်ရှိသော အာရုံ)
အလွန်အားနည်းလွန်းသောကြောင့် (မြင်လိုက်သလိုလို ကြားလိုက်သလိုလိုမျှသာ ဖြစ်၍) ဘဝင်လှုပ်ရုံပဲ လှုပ်ပြီး ဘဝင်ပြန်ကျသွားသောကြောင့် မောဃဝါရ (အလကားဝါရ)ဟု ခေါ်၏။
‘ပထမ အတိပရိတ္တာရုံ’
အတီတဘဝင် (၁၀)ဘဝင်္ဂစလန (၂)ဘဝင် (၅)
‘ဒုတိယ အတိပရိတ္တာရုံ’
အတီတဘဝင် (၁၁)ဘဝင်္ဂစလန (၂)ဘဝင် (၄)
‘တတိယ အတိပရိတ္တာရုံ’
အတီတဘဝင် (၁၂)ဘဝင်္ဂစလန (၂)ဘဝင် (၃)
‘စတုတ္ထ အတိပရိတ္တာရုံ’
အတီတဘဝင် (၁၃)ဘဝင်္ဂစလန (၂)ဘဝင် (၂)
‘ပဉ္စမ အတိပရိတ္တာရုံ’
အတီတဘဝင် (၁၄)ဘဝင်္ဂစလန (၂)ဘဝင် (၁)
‘ဆဋ္ဌမ အတိပရိတ္တာရုံ’
အတီတဘဝင် […]

စိန်စည်ဆရာတော် ပူဇော်ပွဲနှင့် တရားပွဲ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှ စ၍ ကြွရောက် သီတင်းသုံးလျက်ရှိသော ပြည်တွင်းပြည်ပ မဟာစည်ရိပ်သာများ၏ နာယက၊ အောင်လံမြို့နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် မဟာစည်သြဝါဒခံ စိန်စည်သာသနာ့ရိပ်သာ၏ ပဓာနနာယက၊ ကမ္မဋ္ဌာနာစရိယ ဓမ္မာစရိယ ဒီဃဘာဏက (ပိဋကတ်တစ်ပုံဆောင်) စိန်စည်ဆရာတော် ဘဒ္ဒန္တသညောဘာသအား ပူဇော်ပွဲနှင့် တရားပွဲကို ၂၀၁၀ ခုနှစ် မတ်လ ၁၃ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။
နယူးယောက်မြို့ဝန်းကျင်ရာသီဥတုမှာ သောကြာနေ့ကတည်းက မိုးများရွာသွန်းလျက်ရှိပြီး စနေ၊ တနင်္ဂနွေ နေ့များတိုင်အောင် မိုးသည်း လေထန်မည်ဟု ခန့်မှန်းထားသည့်အတိုင်း မိုးသည်းထန်၍ လေတိုက်နှုန်း ပြင်းသဖြင့် ရာသီဥတု မကောင်းလှပေ။
ကျောင်းနေ သံဃာ သုံးပါးမှာ အခြားဆွမ်းစားတစ်ခုသို့ ကြွရောက်ကြရ၍ ကျောင်း၌ လောကချမ်းသာဆရာတော်နှင့် […]