မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ အကြိုနေ့

၂၀၁၀ ခုနှစ် သြဂုတ်လ ၇ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်ပူဇော်ပွဲနှင့် စုပေါင်း ရှင်ပြု ရဟန်းခံပွဲ အကြိုနေ့အဖြစ် ညနေ ၆ နာရီတွင် စုပေါင်း ရှင်ပြုပွဲကို ပြုလုပ်၏။
ရဟန်းခံမည့် သူများပါ တခါတည်း စုပေါင်း၍ ရှင်သာမဏေပြုကြရ၏။
ရဟန်းခံမည့် အစီအစဉ်မှာ နောက်ရက် သြဂုတ်လ ၈ ရက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ၌ ဖြစ်၏။
စုပေါင်း ရှင်ပြုပွဲကို မဇ္ဈိမဂုဏ်ရည်ဆရာတော်က ပြုလုပ်ပေး၏။
စုပေါင်း ရှင်ပြုပွဲအပြီးတွင် ရဟန်းလောင်းများအတွက် သြဝါဒစကားနှင့် လောကချမ်းသာ စနေနေ့တရားပွဲကို ပူးတွဲ၍ မဇ္ဈိမဂုဏ်ရည်ဆရာတော်ကပင် “အခွင့်ရေးကောင်း လက်မလွတ်စေနဲ့”တရားတော်ကို ဟောကြား ချီးမြှင့်သွား၏။

+++++
(၁)
(video)
(၂)
(video)
(၃)
(video)
(၄)
(video)
(၅)
(video)
(၆)
(video)
(၇)
(video)
(၈)
(video)
(၉)
(video)

မဟာစည်သာသနာနှင့် အမေရိက

၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၁ ရက် တနင်္ဂနွေနေ့။
နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းအပြီးတွင် ဆရာတော် သံဃာတော်များနှင့် အေဘီဘီအေ အလုပ်အမှုဆောင်အဖွဲ့ လပတ်အစည်းအဝေး ပြုလုပ်ရာ ဆုံးဖြတ်ချက်တစ်ခု ပါသည်။
ယင်းမှာ လောကချမ်းသာဘုရားကျောင်း ပဓာနနာယက လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် မွေးနေ့ (ဝိဇာတမင်္ဂလာ)ပွဲ ကျင်းပမည်ဟူသော အချက် ဖြစ်၏။
စာရေးသူ၏ စိတ်အစဉ်သည် အတိတ်ဖြစ်စဉ် တစ်ခုဆီသို့ ပြေးဝင်သွားခဲ့သည်။
+++++
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အရှည်မျှော်တွေး သာသနာပြုရေး အစီအစဉ်များကို မြင်ယောင်လာခဲ့ပေသည်။ မဟာစည်ဆရာတော်ဘုရားကြီး၏ အမေရိကမြေပေါ်သို့ ဗုဒ္ဓသာသနာတော်မျိုးစေ့ ချပေးတော်မူခဲ့ပုံ ဓမ္မဒူတခရီးစဉ်များ၊ ကိုယ်တော်တိုင် ကြွရောက်ကာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်တော်မူခဲ့ပုံများ၊ သာသနာပြု ဓမ္မဒူတ ရဟန်းတော်များ စေလွှတ်တော်မူခဲ့ပုံများကို မြင်ယောင် ထင်ဟပ်လာခဲ့ပေသည်။
ဆရာတော်ဘုရားကြီး၏ အမေရိကခရီးစဉ်တွင် နောက်ပါ ဓမ္မဒူတရဟန်းတော်များအဖြစ် […]

လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲ

နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒက၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲကို ၂၀၁၀ ခုနှစ် သြဂုတ်လ ၁ ရက် တနင်္ဂနွေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ကျင်းပခဲ့၏။
နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း၊ သစ်သီး၊ အချိုမုန့်များဖြင့် ဆက်ကပ် လှူဒါန်းကြပြီး ပူဇော်ကြ၏။

နံနက် ၁၁ နာရီတွင် သံဃာတော်များအား ဒန်ပေါက်နေ့ဆွမ်း၊ အချိုမုန့်များ၊ သစ်သီးများဖြင့် ဆက်ကပ် လှူဒါန်းကြ၏။

နေ့လယ် ၁၂ နာရီခွဲတွင် လောကချမ်းသာဆရာတော်၏ သက်တော် ၇၀ ပြည့် မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ –
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ အတွင်းရေးမှူး ဦးစောဝင်းက လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တအကျဉ်းကို ဖတ်ကြား၏။

+++++
လောကချမ်းသာဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း
လောကချမ်းသာဆရာတော် […]

သမုစ္စည်းပိုင်း – မိဿကသင်္ဂဟ

၂၀၁၀ ခုနှစ် ဇူလိုင်လ ၃၁ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ပြုလုပ်သော ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း ဒုတိယသင်ခန်းစာအဖြစ် အပတ်စဉ် (၄၄) သမုစ္စည်းပိုင်း – မိဿကသင်္ဂဟအကြောင်း လေ့လာ သင်ယူ နာယူ မှတ်သားကြရ၏။

မိဿကသင်္ဂဟ

ကုသိုလ်၊ အကုသိုလ်၊ အဗျာကတဖြစ်သော တရားတို့ကို ရောနှော သိမ်းယူ၍ အကျဉ်းပြဆိုခြင်း ဖြစ်၏။
မိဿကသင်္ဂဟ၌ –

(၁) ဟိတ် ၆-ပါး

(၂) ဈာနင် ၇-ပါး

(၃) မဂ္ဂင် ၁၂-ပါး

(၄) ဣနြေ္ဒ ၂၂-ပါး

(၅) ဗိုလ် ၉-ပါး

(၆) အဓိပတိ ၄-ပါး

(၇) အာဟာရ ၄-ပါး အားဖြင့် ဝေဖန် ပြဆို၏။
+++++

(၁) ဟိတ်

အာရုံ၌ မိမိနှင့် ယှဉ်ဘော်ယှဉ်ဘက် ဖြစ်ကုန်သော ပစ္စယုပ္ပန် […]

သမုစ္စည်းပိုင်း – အကုသလသင်္ဂဟ

၂၀၁၀ ခုနှစ် ဇူလိုင်လ ၃၁ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း၊ (၄၃)ပတ်မြောက်နှင့် (၄၄)ပတ်မြောက် သင်ခန်းစာများကို လေ့လာ သင်ယူကြရ၏။
အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ သတ္တမမြောက်အပိုင်းဖြစ်သော သမုစ္စည်းအပိုင်းကို စတင် လေ့လာကြရရာ လောကချမ်းသာဆရာတော်က မိတ်ဆက်နိဒါန်းနှင့် သင်ခန်းစာဆိုင်ရာ အကြောင်းအချက်များကို ရှေးဦးစွာ သင်ပြပေး၏။
+++++

သမုစ္စည်းပိုင်း

သမုစ္စည်းသည် သမုစ္စယ(ပါဠိ)မှ လာ၏။
စိတ် ၁-ပါး (အကျဉ်း ၈၉/အကျယ် ၁၂၁-ပါးသော စိတ်တို့၏ သဘော လက္ခဏာမှာ အာရုံသိမှု ဖြစ်၍ ၁-ပါးသာ ယူသည်။)၊ စေတသိက် ၅၂-ပါး (စေတသိက်တို့မှာ ၁-ပါးစီ၌ သီးခြားလက္ခဏာ ဆောင်၏။)၊ နိပ္ဖန္နရုပ် ၁၈-ပါး (အထည်ကိုယ်ရကောင်းသော တကယ့် […]

နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား

မေး။ ။ ဆရာတော်ဘုရား … တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။ နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။ ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။
(မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)
ဖြေ။ ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။
အဘာဝပညတ် လို့ ခေါ်ပါတယ်။
နိဗ္ဗာန်ဟာ ကောင်းကင်မှာ မရှိပါဘူး။ ဘယ်မှာမှ မရှိပါဘူး။
နိဗ္ဗာန်ဟာ အမှန် ရှိပါတယ်။ သို့သော် ဘယ်မှာမှ မရှိပါဘူး။ နားထွေးသွားပါသလား။
ဆိုလိုတာက ဆင်းရဲမရှိခြင်းဆိုတဲ့ အငြိမ်းဓာတ်ကြီးဟာ တည်ရာဌာန မရှိပါဘူး။ ဒီ သဘာဝကြီးဟာ […]