အေဘီဘီအေ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၊ နယူးယောက်မြို့၊ လောကချမ်းသာဘုရားကျောင်း၏ ၂၀၁၁ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို မေလ ၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပ၏။
နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် ဆက်ကပ် လှူဒါန်းပြီး၊ နံနက် ၁၁ နာရီတွင် သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ၏။
ကြွရောက်လာကြသော ဧည့်ပရိသတ်အား ကိုတင်ဝင်း-မစန္ဒာ မိသားစု၊ မောင်နှမများက မုန့်ဟင်းခါး၊ မြန်မာအချိုမုန့်များဖြင့် ကျွေးမွေး ဧည့်ခံကြ၏။
မွန်းလွဲ ၁-နာရီတွင် သံဃာတော်များက ဘုရားအနေကဇာတင်ခြင်းနှင့် ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ကြပြီး၊ ပရိသတ်များက လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဗုဒ္ဓဝင် ဘုရားရှိခိုး လင်္ကာများကို ရွတ်ဆို ပူဇော်ကြသည်။
ထိုနောက် လောကချမ်းသာဘုရားကျောင်းသို့ ရောက်ရှိ ခေတ္တသီတင်းသုံးနေသော […]

ဓမ္မပဒသင်တန်း – ၁ (၇-မေ-၂၀၁၁)

၂၀၁၁ ခုနှစ် မေလ ၇ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တရားရှုမှတ်ခြင်း၊ မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီခွဲအထိ လောကချမ်းသာဆရာတော် ပို့ချ သင်ကြားပေးသော အဘိဓမ္မာနှင့် ဓမ္မပဒသင်တန်း အပတ်စဉ် (၁)ကို လေ့လာသင်ယူကြခြင်း၊

ညနေ ၅ နာရီမှ ၆ နာရီအထိ မြန်မာနိုင်ငံမှ ၂၀၁၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ရောက်ရှိလာသော ချောက်မြို့၊ အေးစေတီရပ်၊ မဟာဝိဇိတာရုံ ဆင်ဖြူကျွန်းကျောင်းတိုက်၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏိန္ဒဆရာတော်ဘုရားကြီး၏ “နိဗ္ဗာနပဉှာသုတ္တန်တရားတော်”ကို နာယူကြခြင်း ကောင်းမှု ကုသိုလ်များကို ပြုလုပ် ဆည်းပူးကြ၏။

နိဗ္ဗာန်ဆိုတာ၊ ဘယ်လိုဟာ၊ ဘာကိုခေါ်သနည်း?
ရာဂကုန်ရာ၊ နိဗ္ဗာန်ပါ၊ […]

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၇-ဧပြီ-၂၀၁၁)

၂၀၁၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ မနာလပန်မြို့နယ်၊ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း ဆောက်လုပ်လျက်ရှိသော “ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီး”၏ အခြေခံအုတ်မြစ်ဆောက်လုပ်မှုလုပ်ငန်းများကို မြို့နယ်မှ တာဝန်ရှိသူများက လာရောက် စစ်ဆေးပြီး အတည်ပြုပေးသွားစဉ်။

Easter ကျောင်းပိတ်ရက် ကလေးတရားစခန်း – အရှင်ပညာသီဟ

“အရှင်ဘုရား … တရားဟော တရားပြ ကြွလာတာလား ဘုရား”လို့ မိမိကို အထင်တကြီးနဲ့ ကားမောင်းသူက မေးလိုက်တယ်။
စာရေးသူက သူမျှော်လင့်မထားတဲ့ “ဒကာကြီး အထင်ကြီးအောင် ဖြေရရင်တော့ ဟုတ်တယ်လို့ ပြောမှာပဲ။ တကယ်တော့ မြန်မာပြည်ပြန်လာတာ တရားဟော တရားပြဖို့ မဟုတ်ပါဘူး။ မတွေ့ရတာကြာတဲ့ မိခင်ကြီးကို တွေ့ဖို့ပါပဲ”ဆိုတဲ့ အဖြေကို ပေးလိုက်တော့ ဒကာလည်း အတော်သဘောကျပြီး ပြုံးစိစိ ဖြစ်သွားတယ်။
ပုဂံကို ဘုရားဖူးသွားတဲ့အခါ ကားပေါ်မှာ ပြောဖြစ်တဲ့ စကားပါ။
ကုမုဒ္ဒြာဟိုတယ်ပိုင်ရှင် ဦးမောင်ထွန်းက ပုဂံမှာ တည်းခိုဖို့ လည်ဖို့ စီစဉ်ပေးတဲ့အခါ ကားသမားကို အမေရိကားက လာတဲ့ ဆရာတော်အတွက် ကားမောင်းပေးရမယ်လို့ ကြိုပြောထားလို့ အထင်တကြီးနဲ့ မေးလိုက်တာ ဖြစ်မှာပါ။
မကြွားတတ်တော့ သူထင်ထားတဲ့ အဖြေမျိုးကို စာရေးသူက မပေးမိလိုက်ဘူး။
ဒါပေမယ့် နည်းနည်းတော့ ကြွားရဦးမယ်။
အဲဒါကတော့ စာရေးသူ […]

အလှူခံပုဂ္ဂိုလ် ရွေးသင့် မရွေးသင့် – အရှင်သြသဓ

မေး။ ။ တပည့်တော်တို့ အလှူအတန်းလုပ်လို့ ဘုန်းကြီးများ ပင့်ဖိတ်သောအခါ ရွေးချယ်၍ ဖိတ်သင့်ပါသလား၊ သို့မဟုတ် ရှိသောဘုန်းကြီးအားလုံးကို မရွေးချယ်ဘဲ ဖိတ်သင့်ပါသလား။ ဘယ်ဟာက ပိုသင့်တော်ပါသလဲ ဘုရား။ (ဦးဉာဏ်ရှိန်၊ Daly City)
အထက်ပါမေးခွန်းနှင့်ပတ်သက်၍ ဒါနအကြောင်း အနည်းငယ် သိမှတ်ဖွယ်ရာများကို အကျဉ်း ဖြေဆိုပါမည်။
အကျယ်ကို ပြည့်ပြည့်စုံစုံ သိလိုပါလျှင် မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး ရေးသားထားသော မဟာဗုဒ္ဓဝင်၊ ပထမတွဲ၊ ပထမပိုင်း၊ ပါရမီတော်ခန်း၊ ဒါနပါရမီကို ဖွင့်ဆိုရာ၌ ကြည့်ရှုနိုင်ပါသည်။
ဒါနဟူသည်
လှူဒါန်းအပ်သော ပစ္စည်းဝတ္ထုကိုလည်းကောင်း၊ လှူဒါန်းလိုသော စေတနာကိုလည်းကောင်း “ဒါန”ဟု ခေါ်၏။
ဝတ္ထုပစ္စည်းသည် အလှူပြုလုပ်ရာ အထမြောက်ဖို့ရန် အရေးပါသောကြောင့် ဒါနမည်၏။
စေတနာသည်ကား လှူဒါန်းနိုင်ကြောင်းဖြစ်သောကြောင့် ဒါနမည်၏။
ထိုစေတနာသည် စွန့်လွှတ် လှူဒါန်းဆဲခဏ၌ဖြစ်သော မုဉ္စစေတနာ(အလယ်စေတနာ)ကို ယူရမည်။
ထိုစွန့်ဆဲစေတနာသည်သာလျှင် ဒါန၏ တရားကိုယ်အစစ် ဖြစ်၏။
စွန့်လွှတ်သည်ဆိုရာတွင် […]

ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၅-ဧပြီ-၂၀၁၁)

ရာသီဥတုကောင်းမွန်လာသည်နှင့်အမျှ ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက် ရှိစဉ်။

လောကချမ်းသာစေတီတော် ပစ္စယံရှိ ဘုရားကျောင်းဆောင်အသေးများကိုလည်း မေလ ၂၉ ရက်နေ့ စတုတ္ထအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်အမီ ပုံလောင်း၊ ဆေးသုတ်၊ ဆေးခြယ်ကြစဉ်။

အကြောင်းကင်း အကျိုးရှင်း

၂၀၁၁ ခုနှစ် ဧပြီလ ၂၃ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းဝယ် မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ခြင်း၊ မွန်းလွဲ ၃ နာရီခွဲမှ ၄ နာရီခွဲထိ လောကချမ်းသာဆရာတော်က အာဒိတ္တပရိယာယသုတ်ကို သင်ကြား ဟောကြား ချီးမြှင့်ခြင်း၊ ညနေ ၄း၄၅ နာရီမှ ၆ နာရီထိ လောကချမ်းသာ ဆည်းဆာတရားပွဲအဖြစ် အရှင်ပညာနန္ဒက “အကြောင်းကင်း အကျိုးရှင်း”တရားတော်ကို ဓမ္မဒါနပြု ဟောကြား ချီးမြှင့်ခြင်းတို့ ပြုလုပ်၏။
လောကချမ်းသာဆရာတော်က သတိပဋ္ဌာန်တရားလေးပါး၊ သတိပဋ္ဌာန်ပွားများရကျိုး၊ ပဋိစ္စသမုပ္ပါဒ်လည်ပုံတို့နှင့် မီး ၁၁-ပါး ငြိမ်းစေရေး ဝေဝေဆာဆာ ရှင်းလင်း ဟောကြားသွား၏။

ဆည်းဆာတရားပွဲအဖြစ် အရှင်ပညာနန္ဒက “အကြောင်းကင်း အကျိုးရှင်း” ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဟောကြား ချီးမြှင့်၏။

“ကြည့်ချင်တာက နာမ်
ကြည့်တဲ့ဟန်က ရုပ်
သူမဟုတ် […]