မလွဲတံထွာ ဓမ္မတာ – (၂)

ဘယ်သူမှ ရှောင်လွှဲမရတဲ့ ဓမ္မတာမို့ သေခြင်းတရားဆိုတာ လူတိုင်း ရင်ဆိုင်ကြရပါတယ်။“ပျောက်သောသူ ရှာလျှင် တွေ့၊ သေသောသူ ကြာလျှင် မေ့” ဆိုသော်ငြား ရှာမတွေ့တော့တဲ့သူတွေ၊ မမေ့နိုင်တဲ့သူတွေလည်း ရှိပါတယ်။ဒီထဲမှာ ဒေါ်ငွေကြည်လည်း တစ်ယောက် ပါဝင်ပါတယ်။
ဒေါ်ငွေကြည်ဟာ အေဘီဘီအေအသင်းရဲ့ ဘဏ္ဍာရေးမှူးတာဝန်နဲ့ ဝေယျာဝစ္စအဖွဲ့ခေါင်းဆောင်တာဝန်တွေကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပါတယ်။
အေဘီဘီအေအသင်းရဲ့ နှစ်စဉ် ကျင်းပမြဲ ဘာသာရေးပွဲတွေနဲ့ သာရေး နာရေး အလှူအတန်းပွဲတွေအတွက် စားသောက်ဖွယ်ရာတွေကို မမောနိုင် မပန်းနိုင် ဦးစီး စီမံ ချက်ပြုတ်ကျွေးမွေးခဲ့တာ၊ သားသမီး မြေးမြစ် သိုက်သိုက်ဝန်းဝန်းနဲ့ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား ဦးဆောင်မှုပေးခဲ့တာတွေ မျက်စိထဲ မြင်ယောင်နေဆဲပါ။
ဦးသန်းမြင့်-ဒေါ်ငွေကြည်မိသားစုဆို နယူးယောက်မြို့မှာ မသိသူ ရှားလှပါတယ်။သူ့ရဲ့ ဦးစီး စီမံတတ်မှု၊ စည်းစနစ်ကျမှု၊ စည်းရုံး လှုံ့ဆော်တတ်မှု၊ သည်းခံ ခွင့်လွှတ်နိုင်မှုတွေနဲ့ ဘုရား တရား […]

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဓမ္မလက်ဆောင်များ – ၎

ဒကာ + ဒကာမအပေါင်း သူတော်ကောင်းတို့ …
(၁) မမေ့မလျော့ကြနဲ့။
(၂) ဒို့မှာ သေခြင်းတရားနဲ့ အချိန်းအချက် မရှိကြဘူး။
(၃) မိမိတို့ ဆောင်ရွက်ရမဲ့ ဓမ္မကိစ္စများကို နေ့ရက်ဆွဲမထားဘဲ ခုကပဲ ကြိုးစားကြပါ။
ဦးဝိစိတ္တသာရာဘိဝံသ

မိုးမျှော် ၃၁-ထပ်တိုက် ဥပမာ – (ညိုမြ ဘာသာပြန်)

The Simile of Skyscraperby Professor U Pe Maung Tin
ကျွန်ုပ်သည် အမေရိကန်ပြည် ချီကာဂိုတက္ကသိုလ်တွင် ပါဠိနှင့် ထေရဝါဒ ဗုဒ္ဓဘာသာအကြောင်း သင်ကြားပို့ချရန် ဧည့်ပါမောက္ခအဖြစ် ၁၉၅၇-၅၉ ပညာသင်နှစ် ၂-နှစ်တာမျှ ဆောင်ရွက်ခဲ့ရသည်။
ချီကာဂိုတက္ကသိုလ်သို့ အောက်တိုဘာလ ၁ ရက်နေ့ ရောက်ရှိသွားရာ ကျွန်ုပ်ပို့ချရမည့် ဗုဒ္ဓဘာသာအတန်းတွင် ရန်ကုန်တက္ကသိုလ်မှာကဲ့သို့ ကျောင်းသားသစ်များကို မတွေ့ရဘဲ ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသနသမားများသာ ပါဝင်ကြောင်း တွေ့ရှိရသည်။ ထို့ထက် ကျွန်ုပ်အဖို့ အံ့အားသင့်ရသည်မှာ ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားသော တက္ကသိုလ်ဆရာ နှစ်ယောက် သုံးယောက် ကျွန်ုပ်၏ အတန်းတွင် ပါဝင်နေခြင်း ဖြစ်၏။
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်၍ […]

လာရောက် နွှဲပျော် အေဘီဘီအေ ထမနဲပွဲတော် – အရှင်ဝဏ္ဏိတ

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးသည် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း ပဓာနနာယက ဆရာတော် အရှင်ဣန္ဒကရဲ့ ဦးဆောင် လမ်းညွှန်မှု၊ ကွယ်လွန်သူ ဥက္ကဌကြီး ဦးဟန်ကြူရဲ့ ရိုးသား ကြိုးစားခဲ့မှု၊ အသင်းသူ အသင်းသားများ၊ စေတနာရှင် ပြည်သူများရဲ့ အားကြိုးမာန်တက် ဆောင်ရွက်မှုတို့ကြောင့် အမေရိကန်နိုင်ငံ အရှေ့ခြမ်း နယူးယောက်မြို့၌ မားမားမတ်မတ် တင့်တင့်တယ်တယ် ဝင့်ထယ်ခမ်းနား ပေါ်ထွန်းလာခဲ့သည်မှာ ငွေရတုကာလ ကျော်လွန်၍ ရွှေရတုသို့ပင် ချီနေပြီ။
အမျိုး ဘာသာ သာသနာ့အကျိုးကို စေတနာသက်သက်ဖြင့် ဆောင်ရွက်လိုသူများ စုပေါင်း၍ ထူထောင်ထားသော အသင်းကြီးဖြစ်သည်အားလျော်စွာ ပြည်တွင်း ပြည်ပမှ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများအား ပင့်လျှောက်၍ တရားစခန်းများ ဖွင့်လှစ်ကာ ယောဂီများအား အသိအလိမ္မာ ဉာဏ်ပညာ တံခါးများ ဖွင့်လှစ်ပေးခြင်း၊ ကလေးငယ်များအတွက် တနင်္ဂနွေသင်တန်းများနှင့် နွေရာသီသင်တန်းများ ဖွင့်လှစ် […]

အေဘီဘီအေ ထမနဲပွဲတော် (၂၀၀၉) – စောဝင်း

ထမနဲပွဲတော်ဟာ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ခု အပါအဝင် ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် နှစ်စဉ် တပို့တွဲလ၌ ထမနဲပွဲများ ကျင်းပလေ့ရှိပါတယ်။ ပြည်ပရောက် မြန်မာနွယ်ဖွားများကမူ ရာသီဥတုအခြေအနေအရ တပို့တွဲ-တပေါင်း (ဖေဖော်ဝါရီ-မတ်) ကာလမှာ ထမနဲပွဲများ ကျင်းပကြပါတယ်။
(၂၃)ကြိမ်မြောက် အေဘီဘီအေ ထမနဲပွဲတော်ကို မတ်လ ၇-၈ ရက်နေ့များက လောကချမ်းသာဘုရားကျောင်းမှာ ကျင်းပခဲ့ပါတယ်။မတ်လ ၇-ရက် စနေနေ့က ထမနဲထိုးတဲ့နေ့ ဖြစ်ပြီး၊ မတ်လ ၈-ရက်နေ့မှာတော့ ဆရာတော်တွေကို ဆွမ်းကပ်၊ ဧည့်ပရိတ်သတ်များကို ကျွေးမွေး ဧည့်ခံ၊ တရားနာ ရေစက်ချ ကုသိုလ်အမျှဝေပါတယ်။ဒီနှစ် ထမနဲပွဲ အလှူရှင်က ကုလသမဂ္ဂအဖွဲ့အစည်းတွေမှာ အမှုထမ်းနေကြတဲ့ ဓမ္မမိတ်ဆွေများ ဖြစ်ကြပါတယ်။ မတ်လ ၇-ရက် စနေနေ့မှာ အလှူရှင်တွေနဲ့အတူ Wyckoff ဆေးရုံမှ ဆရာဝန်များ၊ အသင်းအမှုဆောင်များ၊ ဝေယျာဝစ္စအဖွဲ့ဝင်များ၊ […]

အဝင်-အထွက်

စိတ်ကူးချိုချိုအနုပညာမှ ၂၀၀၈-ခုနှစ် မေလတွင် ပထမအကြိမ်ထုတ်ဝေသော မောင်သွေးသစ်နှင့် မောင်ဇေယျာတို့ ပြုစုသည့် ‘ဆရာကြီးဦးဖေမောင်တင် နှစ် ၁၂၀ ပြည့် အမှတ်တရ (၁၈၈၈-၂၀၀၈)’ စာအုပ်၌ ပါဝင်သော ပန်းချီစံတိုး၏ ‘ဆရာကြီးဦးဖေမောင်တင်နှင့် နိဗ္ဗာန်လမ်း’ ကို မကြာမီက ဖတ်ရှုလိုက်ရ၏။
ဆရာကြီးဦးဖေမောင်တင်၏ အသက် ၈၀ ပြည့် မွေးနေ့ပွဲတွင် ဆရာကြီးအား သူ၏ပုံတူပန်းချီကားကို လက်ဆောင်ပေးရန်အတွက် ပန်းချီစံတိုးက ပုံတူရေးဆွဲခွင့် ရရှိခဲ့စဉ် အတွေ့အကြုံဆောင်းပါး ဖြစ်၏။ မှတ်ဖွယ်ကောင်းသောအချက်ကလေးကို ကောက်နုတ်ဖော်ပြပါ၏။
ဆရာကြီး၏ “တက္ကသိုလ်နှင့် မြန်မာစာပေ”၊ ဆရာကြီး၏ ‘The Simile of Skyscraper’ ကို ညိုမြ ဘာသာပြန်သည့် “မိုးမျှော် ၃၁ ထပ်တိုက် ဥပမာ”တို့လည်း အထူး မှတ်ဖွယ်ကောင်း၏။
+++++
နောက်တနေ့တွင် ပုံဆွဲရန် ကျွန်တော်ရောက်သွားလျှင် ဆရာကြီးကို […]

ဦးဟန်ကြူ (၁၉၃၃-၂၀၀၇)၂ နှစ်ပြည့် အမှတ်တရ

++++++++++++++++++++++++++++++++++++++++++++++++++အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း ဥက္ကဌ (၁၉၈၁-၂၀၀၇)သိရီသုဓမ္မမဏိဇောတဓရ-မြန်မာနိုင်ငံ (၂၀၀၂)ဂုဏ်ထူးဆောင်၊ အာရှနှင့် ပစ္စဖိတ်ဒေသနွယ်ဖွား နယူးယောက် မြို့တော်သားများ (၂၀၀၃)++++++++++++++++++++++++++++++++++++++++++++++++++
သင်သေသွားသော်
လူ့ပြည်လောကလူ့ဘဝကားအိုရနာရ သေရဦးမည်မှန်ပေသည်တည့်။
သို့တပြီးကားသင်သေသွားသော်သင်ဖွားသောမြေသင်တို့မြေသည်အခြေတိုးမြင့်ကျန်ကောင်းသင့်၏။
သင်၏မျိုးသားစာစကားလည်းကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏။
သင်ဦးချ၍အမျှဝေရာစေတီသာနှင့်သစ္စာအရောင်ဉာဏ်တန်ဆောင်လည်းပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။
ဇော်ဂျီ
+++++
မြန်မာပြည်ဖွား ဦးဟန်ကြူ
အထက်ပါ ကဗျာကလေးကို နေအိမ်စာဖတ်ခန်းရှိ တရားစာအုပ်တစ်အုပ်၏ အဖွင့်၌ တွေ့မြင်လိုက်၏။တက္ကသိုလ်ကျောင်းသားဘဝ ၁၉၆၅-၆၆ ခုနှစ်လောက်ကတည်းက တက္ကသိုလ်များဗဟိုစာကြည့်တိုက်တွင် ရေပန်းစားခဲ့ဖူးသည်ကိုလည်း ပြန်လည်၍ အမှတ်ရလိုက်၏။လူမျိုး၊ ဘာသာ၊ သာသနာ၊ အမျိုးသားရေး၊ လူမှုရေး ရသပေါင်းစုံကို ခံစားလိုက်ရသည့် ကဗျာကလေး ဖြစ်ပါသည်။
အေဘီဘီအေအသင်း၏ အတွင်းရေးမှူး ဦးစောဝင်း ရေးသားထားသော ဥက္ကကြီး ဦးဟန်ကြူအတွက် နှစ်ပတ်လည် စာတမ်းကို ပူပူနွေးနွေး ဖတ်ထားပြီးစလည်း ဖြစ်ခြင်းကြောင့် ဆရာကြီး ဦးသိန်းဟန် (ဇော်ဂျီ)နှင့် ဦးဟန်ကြူ နှစ်ဦးတို့၏ ဘဝများက အားပြိုင်ကာ အတွေးများ ဝင်လာတော့၏။ထိုသူနှစ်ဦး၌ တူညီကြသော […]

စံကင်းဆရာတော်

မောင်တရုတ်ကြီး
တခါက ‘တရုတ်ကြီး’ခေါ်သော ကျောင်းသားတစ်ယောက် ပုဇွန်လုံးတစ်ကောင်ကို ဖမ်းပြီး ဆော့သည်။ ခြေထောက်အချို့ကို ချိုးပြီး သွားခိုင်းသည်။ ပုဇွန်အသွားခက်နေသည်ကို ကြည့်ပြီး ရယ်ရွှင်၏။ ထိုအခြင်းအရာကို ဆရာတော် မြင်တွေ့သဖြင့် ခေါ်ယူစစ်ဆေးရာ မှန်သည့်အတိုင်း ဝန်ခံလိုက်ရ၏။ထို့ကြောင့် မောင်တရုတ်ကြီး၏ လက်ချောင်းကလေးများကို စု၍ ငှက်ပျောလျှော်ဖြင့် ချည်တုပ်ပြီး ဒဏ်ပေးထား၏။ အစတော့ ဘယ်လိုမှ မနေ။အနည်းငယ်ကြာလာသောအခါ ဆော့ချင်သော လက်ချောင်းကလေးများ မဆော့ရ မလှုပ်ရသဖြင့် အနေရခက်လာသည်။
“ငါ ဒီလိုခံရတာ ပုဇွန်ခြေချိုးမိလို့ပဲ၊ ခြေချိုးခံရတဲ့ ပုဇွန်ဟာ ငါ့ထက် အများကြီး ပိုဆင်းရဲမှာပဲ”ဟု ကိုယ်ချင်းစာမိလာသည်။“မင်း ဘယ့်နှယ် နေသလဲ”“တင်းကြပ်ကြပ် အနေရခက်ပါတယ် ဘုရား”“မင်းမှာ တင်းကြပ်ရုံပဲ၊ ဟိုခမျာ ခြေကျိုးသွားရှာပြီ၊ နောက် မလုပ်နဲ့”ဤသို့ ကိုယ်ချင်းစာတတ်သော စိတ်ဖြင့် နောင် ရှောင်ကြဉ်ရန် ပြုပြင်ပေးသည်။
ချစ်မောင် နဲ့ […]

ဦးဟန်ကြူ (သို့မဟုတ်) မေ့မရနိုင်သူတစ်ဦး

ဦးဟန်ကြူဟာ အမေရိကန်မှာ ကိုယ့်အားကိုယ်ကိုးပြီး စီးပွားရေးအရ အောင်မြင် ကြီးပွား တိုးတက်လာခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ရော၊ ‘ဗုဒ္ဓသာသနာ ကမ္ဘာပြန့်ရမည်’ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သာသနာတော် တည်တံ့ပြန့်ပွားရေးမှာ နှစ်ပေါင်းများစွာ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့သူ ထောက်ပံ့လာခဲ့သူတစ်ဦးအနေနဲ့ရော အတုယူ အားကျဖွယ်၊ ချီးကျူး ဂုဏ်ယူဖွယ်၊ လေးစားဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။
ဦးဟန်ကြူနဲ့ စဆုံဆည်းတာကလဲ လောကချမ်းသာဘုရားကျောင်းမှာပါ။ဦးဟန်ကြူက ဘိတ်(မြိတ်)သားဆိုတော့ အေဘီဘီအေ ဆောင်ပုဒ်ဖြစ်တဲ့ ‘ဗုဒ္ဓသာသနာ ကမ္ဘာပြန့်ရမည်’ကို သူ ဘိတ်သံနဲ့ဆိုတာ ကြားရရင် အင်မတန် နှစ်သက်ဖို့ ကောင်းပါတယ်။စကားပြောရင် ရီရီမောမောနဲ့ စကားကို အဆုံးသတ်တတ်တယ်။
သူနဲ့ နောက်ဆုံးဆုံလိုက်ရတာကတော့ ၂၀၀၇-ခုနှစ် ဖေဖော်ဝါရီလ ၄-ရက် အေဘီဘီအေအသင်း လစဉ် အစည်းအဝေးမှာပါ။အဲဒီတုန်းက ၂၀၀၇-ခုနှစ် မေလထဲမှာ ကျင်းပမယ့် လောကချမ်းသာစေတီတော် ထီးတော်တင်ပွဲအတွက် အလုပ်များနေကြတဲ့ အချိန်လဲ ဖြစ်တယ်။မှတ်မှတ်ရရ […]