ရဟန်းငါးရာ၊ ကုသိုလ် အယုတ် အလတ် အမြတ် ခွဲခြင်း နှင့် `ထိုက်တန်ပါစေ´

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မသင်တန်းများ ပြုလုပ်ရာ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိ တရားရှုမှတ်ကြစဉ် လောကချမ်းသဆရာတော်က ဝိပဿနာဆိုင်ရာ တရားဓမ္မဟောကြား၏။

+++++
မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ ဓမ္မပဒသင်တန်းတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက စိတ္တဝဂ်၊ ဂါထာ ၄၀ လာ မေတ္တသုတ် ရွတ်ပွားတော်မူကြသော ရဟန်းငါးရာအကြောင်း ဟောပြော သင်ပြ၏။

+++++
ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲ အဘိဓမ္မသင်တန်းတွင်လည်း ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတကပင် ဝိထိမုတ္တသင်္ဂဟပိုင်း၊ ကုသိုလ် အယုတ် အလတ် အမြတ် ခွဲခြားပုံအကြောင်းများကို သင်ကြား ပို့ချပေး၏။

+++++
လောကချမ်းသာဆည်းဆာတရားပွဲကို ညနေ ၆ နာရီမှ ၇ နာရီအထိ […]

စိတ္တဟတ္ထထေရ်၊ ကုသိုလ်ကမ္မပထတရား ၁၀-ပါးနှင့် `လမ်းမှန်ရောက်ပြီ အိုယောဂီ´

စိတ္တဟတ္ထကမထေရ်သည် ကဿပဘုရားသာသနာ၌ ရဟန်းဖြစ်၍ မိတ်ဆွေရဟန်းတစ်ပါးနှင့်အတူ နေကြရာ
မိတ်ဆွေရဟန်း လူထွက်လိုသောစိတ် ရှိသည်ကို သိ၍ ရှေးဦးစွာ မထွက်ရအောင် ပြောဆိုလေ၏။
နောက်အခါ၌ ထိုရဟန်း လူထွက်လျှင် ထိုရဟန်း၏ သင်္ကန်း သပိတ် ပရိက္ခရာများကို ငါရလတ္တံ့ဟု ပရိက္ခရာ၌ တပ်မက်သောစိတ် ဖြစ်လာ၍ လူထွက်ဖြစ်လေအောင် စကားမျိုးကို ပြောဆိုလေ၏။
ထိုရဟန်းလည်း လူထွက်လေ၏။
အဖော်ရဟန်းသည် ငါတို့ဘုရားလက်ထက်၌ စိတ္တဟတ္ထကမထေရ် ဖြစ်လာ၏။
ရဟန္တာမဖြစ်မီအတွင်း ထိုဝိပါကဝဋ်လိုက်၍ သာသနာ၌ မွေ့လျော်စွာ နေခွင့် မရမူ၍ ခုနစ်ကြိမ်တိုင်တိုင် ရဟန်းဖြစ်တုံ လူဖြစ်တုံ အရှက်တကွဲ ဖောက်လဲဖောက်ပြန် ဝဋ်ခံရလေ၏။
ဤသို့ သာသနာမှ ကောင်းသောရွေ့ခြင်းဖြင့် ရွေ့လိုသော သူကို အလိုပြီးအောင် ချီးမွမ်းထောက်ပံ့ ပြောဆိုမိကာမျှနှင့်ပင် ငါတို့ဘုရားလက်ထက်၌ ဝဋ်ဝိပါက်လိုက်ပါ၍ သာသနာ၌ ထောက်တည်ရာ မရဘဲ အရှက်တကွဲ ဖောက်လဲဖောက်ပြန် ဝဋ်ခံရလေသေး၏။
ဤဝတ္ထုကို ထောက်မြော်၍ […]

သံဃရက္ခိတဘာဂိနေယျတ္ထေရ၀တ္ထု၊ ဒုစရိုက် ၁၀-ပါး၊ နှင့် `စိတ်အေးစရာ သာသနာ´

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁-ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့တိုင်း ပြုလုပ်မြဲဖြစ်သော ဓမ္မသင်တန်းများနှင့် တရားပွဲများကို ပြုလုပ် ကျင်းပ၏။
မွန်းလွဲ ၂ နာရီမှ ၃ နာရီ တရားရှုမှတ်ချိန်အတွင်း လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာတရားတော်ကို ဟောကြား၏။

မွန်းလွဲ ၃း၁၅ နာရီမှ ၄း၁၅ နာရီ – ဓမ္မပဒသင်တန်းတွင် ဆရာတော်အရှင်ဥဂ္ဂပဏ္ဍိတက စိတ္တ၀ဂ်၊ ဂါထာ ၃၇-သံဃရက္ခိတဘာဂိနေယျထေရ်ဝတ္ထုကို ဟောပြော သင်ပြ၏။

ညနေ ၄း၃၀ နာရီမှ ၅း၃၀ နာရီ၊ အဘိဓမ္မာသင်တန်းတွင် ဆရာတော်အရှင်ဥဂ္ဂပဏ္ဍိတကပင် ၀ီထိမုတ်သင်္ဂဟပိုင်း၊ ဒုစရိုက် ၁၀-ပါး အကြောင်းကို ဆက်လက် သင်ကြား ပို့ချပေး၏။

ညနေ ၆ နာရီ လောကချမ်းသာဆည်းဆာတရားပွဲအဖြစ် တက္ကဆပ်ပြည်နယ်၊ အမာရီလိုမြို့၊ ဇေယျသုခဓမ္မရိပ်သာမှ အရှင်နန္ဒ၀ံသက `စိတ်အေးစရာ သာသနာ´တရားတော်ကို […]

ပွတ်ဆရာနှင့် တပည့်

ဘိက္ခဝေ – ရဟန်းတို့၊
သေယျထာပိ – ဥပမာအားဖြင့်၊
ဒက္ခော – ကျွမ်းကျင်လိမ္မာသော၊
ဘမကာရော ဝါ – ပွတ်ဆရာဖြစ်စေ၊
ဘမကာရန္တေဝါသီ ဝါ – ပွတ်ဆရာ၏ တပည့်ဖြစ်စေ၊
ဒီဃံ ဝါ အဉ္ဆန္တော – ပွတ်ကြိုးကို ရှည်ရှည် ဆွဲငင်လျှင်လည်း၊
ဒီဃံ အဉ္ဆာမီတိ – ရှည်ရှည် ဆွဲငင်သည်ဟု၊
ပဇာနာတိ သေယျထာပိ – သိသကဲ့သို့လည်းကောင်း၊
ရဿံ ဝါ အဉ္ဆန္တော – ပွတ်ကြိုးကို တိုတို ဆွဲငင်လျှင်လည်းကောင်း၊
ရဿံ အဉ္ဆာမီတိ – တိုတို ဆွဲငင်သည်ဟု၊
ပဇာနာတိ သေယျထာပိ – သိသကဲ့သို့လည်းကောင်း၊
ဘိက္ခဝေ – ရဟန်းတို့၊
ဧဝမေဝ ခေါ – ဤပွတ်ဆွဲသမားနှင့် အလားတူစွာပင်လျှင်၊
ဘိက္ခု – ဝင်သက်ထွက်သက် နှစ်ခု၌ အမှတ်ပြုနေသော ရဟန်းသည်၊
ဒီဃံ […]

မဟာစည်ဆရာတော်ဘုရားကြီးနှင့် ဆုံစည်း သိကျွမ်းခဲ့သမျှ – အရှင်သီလာနန္ဒာဘိဝံသ

ကမ္ဘာ့သာသနာပြု ဆဋ္ဌသင်္ဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိ၊ ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ သက်တော်ရာပြည့် အထိမ်းအမှတ်မော်ကွန်း စာအုပ်(၂၀၀၄)အတွက် စာတည်းအဖွဲ့က ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ(၁၉၂၇-၂၀၀၅)အား မေးမြန်းလျှောက်ထား၍ စာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။
(မေး) တပည့်တော်တို့ကို အခုလို အချိန်ပေးချီးမြှင့်တာ အင်မတန်မှ ဝမ်းမြောက်ပါတယ်ဘုရား။ တပည့်တော်တို့က ဆရာတော်ကြီးရဲ့ ရာပြည့်အထိမ်းအမှတ်အတွက် စာပေပြုစုရတဲ့ စာပေအဖွဲ့ကပါဘုရား။ အရှင်ဘုရားအနေဖြင့် ဆရာတော်ကြီးနှင့် ငယ်စဉ်ကတည်းက တွေ့ဆုံခဲ့ရပြီး၊ ဆရာတော်ကြီးနဲ့လည်း အလွန် အင်မတန်မှ ခင်မင် ရင်းနှီးတယ်ဆိုတာ တပည့်တော်များ သိရှိပါတယ်ဘုရား။ အဲဒါကြောင့် ဆရာတော်ကြီးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တပည့်တော်များ မှတ်သားနားလည်နိုင်ရန် ချီးမြှင့်ပေးပါဘုရား။
(ဖြေ) ဆရာတော်ဘုရားကြီးနဲ့ စတွေ့တာ ၁၉၅၂-ခုနှစ်လောက်က စတွေ့တယ်။ အဲဒီတုန်းက ဆဋ္ဌသင်္ဂါယနာ အစီအစဉ်လုပ်တုန်းပေါ့။ ဆဋ္ဌသင်္ဂါယနာကတော့ ၁၉၅၄-ခုနှစ်မှာ တင်တယ်။ ဆဋ္ဌသင်္ဂါယနာတင်ဖို့ ပိဋကတ်ကျမ်းစာတွေ ပြင်တာကျတော့ ၁၉၅၁-၅၂ […]

အညတရဥက္ကဏ္ဌိတဘိက္ခုဝတ္ထု၊ ကမ္မစတုက္ကနှင့် `သတိပဋ္ဌာန်သာ လမ်းမှန်ပါ´

မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူကျလိုရာ၊ ကျတတ်ပါသည့်
ပမာမျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို
ထူးသိုင်းဖြေချွတ်၊ ထင်တိုင်းလွှတ်၍
မကွပ်မထိန်း၊ ညွတ်တိုင်းယိမ်းက
အေးငြိမ်းချမ်းသာ၊ မရပါဘဲ
ပူဗျာဆင့်ကဲ၊ လွန်ဆင်းရဲသည်
မိုက်မဲသူတို့ လမ်းစဉ်တည်း။
+++++
မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍
သူကျလိုရာ၊ ကျတတ်ပါသည့်
ပမာမျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို
ချင့်နှိုင်းဉာဏ်ယှဉ်၊ သမ္ပဇဉ်နှင့်
အစဉ်ချွန်းအုပ်၊ သတိချုပ်၍
မလှုပ်မယိုင်၊ ကောင်းစွာနိုင်သော်
ဖွံ့ခိုင်ဖြိုးဖြိုး၊ ချမ်းသာတိုးသည်
ကောင်းကျိုးကြွယ်လိမ့်မည်သာကို။
(ချမ်းမြေ့ဆရာတော်ဘုရားကြီး)
+++++
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စနေနေ့ဓမ္မသင်တန်းများကို ပြုလုပ်ရာ မွန်းလွဲ ၂ နာရီကျော်တွင် လောကချမ်းသာဆရာတော်က ၀ိပဿနာဆိုင်ရာတရားတော်ကို ချီးမြှင့်ဟောကြားပြီး မွန်းလွဲ ၃ နာရီထိ တရားရှုမှတ် ပွားများကြ၏။

+++++
မွန်းလွဲ ၃း၁၅ နာရီတွင် ဆရာတော် အရှင်ဥဂ္ဂပဏ္ဍိတက ဓမ္မပဒ၊ […]