သီတင်းကျွတ်ပြီ … မီးပုံးပျံလွှတ်ရအောင် – အရှင်နန္ဒ၀ံသ (ဇေယျသုခ ဓမ္မရိပ်သာ)
အနာဂတ်အတွက် သက်ပြင်းလေးတစ်ချက်
လေပြေလေညှင်း တိုက်ခတ်ခြင်းနဲ့အတူ သီတင်းကျွတ်ကာလရဲ့ ရာသီဥတုဟာ သာတောင့်သာယာ ရှိလှပါတော့တယ်။
မြူတိမ်ကင်းတဲ့ ကောင်းကင်အာကာမှ ထွက်ပြူစ လစန္ဒာကို မြင်ရတဲ့အခါမှာတော့ မကြာမီ သီတင်းကျွတ်လပြည့်တော့မှာပါလား ဆိုတဲ့ အသိက ဦးနှောက်တစ်နေရာမှာ နေရာယူလာပြန်တယ်။
သဘာဝရဲ့ ပြောင်းလဲမှု နိယာမသဘောကို မလွန်ဆန်နိုင်လို့ ဖြူ နီ ပြာ ၀ါ ရောင်စုံဖြာစပြုလာတဲ့ သစ်ပင်လေးတွေကလည်း သင်္ခါရလောကကြီးမှာ အစဉ်ထာဝရဆိုတာ အပိုစကားလို့ ပြောပြနေသလိုလို ထင်မိလိုက်ပါရဲ့။
စက္ကန့်မှသည် နာရီ နေ့ ရက် အလီလီ ပြောင်းရွှေ့မှုတွေက ရာသီစက်ဝန်း ဖြစ်ထွန်းခြင်း အစ ဖြစ်လေမလားပင် မသိ။
သတိထား စဉ်းစားမိတော့ ဆယ့်နှစ်လရာသီဆိုတာ ဘယ်မှာ တကယ်ကြာလို့လဲ၊ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို လွန်မြောက်လို့ ဆောင်းရာသီပင် ၀င်ရောက်တော့မယ် မဟုတ်ပါလား။
ဒီလို နာရီတွေပြောင်း၊ ရာသီပေါင်း များလာတာနဲ့အမျှ သစ်ပင်ဖျားက […]