စိတ်အစဉ်အတန်း (၅) – အန္တရာယ်ငါးပါး၊ ဘုံစိတ်ရ

လူတွေအနေနဲ့က တစ်ခု သတိထားဖို့ ရှိတယ်။
အဲဒါလည်း ပြောချင်တယ်။
လူဆိုတာ ဝိနည်းကို တကယ် နားလည်တာ မဟုတ်ဘူး။ ကြားဖူးနားဝသာ ရှိတယ်။
ဆိုပါတော့ …. ဘုန်းကြီးတစ်ပါး ညစာစားနေတာကို ကိုယ်က မြင်တယ်၊ ပွဲကြည့်နေတာ မြင်တယ်၊ ဒီတော့ ပါးစပ်က လွှတ်ကနဲ ပြောမိတတ်တယ်။
‘ညစာ စားနေတာပါကွာ၊ ဘယ် .. ဘုန်းကြီးဟုတ်တော့မလဲ’
‘ပွဲကြည့်နေတယ်ကွာ၊ ဘယ် .. ဘုန်းကြီးဟုတ်တော့မလဲ’
အဲဒီလို မပြောမိကြစေနဲ့။
ပွဲကြည့်ပေမယ်လို့ သူကတော့၊ ဘုန်းကြီးကတော့ ဘုန်းကြီးပဲ။ ဘုန်းကြီးကောင်း မဟုတ်ဘူးပေါ့လေ .. ဟုတ်လား။
ညစာစားနေရင်လည်း ဘုန်းကြီးကတော့ ဘုန်းကြီးပဲ။ အရက်သောက်ဦးတော့ ဘုန်းကြီးက ဘုန်းကြီးတော့ ဘုန်းကြီးပဲ။
‘ဘုန်းကြီး မဟုတ်ဘူး’လို့ သွားပြီး မပြောမိစေနဲ့။ မကောင်းတဲ့ ဘုန်းကြီးတော့ ဟုတ်တယ်ပေါ့လေ။
သို့သော် ဘုန်းကြီး မဟုတ်ဘူးဆိုတာက ဘာကျမှလည်းဆိုတော့ ပါရာဇိကကျမှ ဘုန်းကြီး မဟုတ်တာ။
မေထုန်မှီဝဲတယ်၊ […]

ကုသိုလ်အမှု ရအောင်ပြု

+ ကုသိုလ်အမှု တစ်ခုခုကို
ရ,အောင်ပြုသူ၊ အာဂလူဟု
ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။
+ ရှင်တော်ဘုရား၊ ဟောတရားကို
သိတိုင်းမှတ်သား၊ ကျင့်ဆောင်ငြားက
ချီးမွမ်းထိုက်သူ၊ အာဂလူဟု
ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။
+ ခုခါကာလ၊ လူ့လောကဝယ်
လောဘ ဒေါသာ၊ မိုက်မောဟာနှင့်
မာနဣဿာ၊ မစ္ဆေရာတို့
နေ့တိုင်းညတိုင်း၊ ခါ မဆိုင်းဘဲ
အမြဲတောက်လျှောက်၊ မီးလျှံတောက်၏။
+ အမိုက်မှောင်ကြီး၊ ဖိကာစီးလည်း
အလင်းရောင်ကို၊ မရှာလိုဘူး
မှောင်မိုက်ကိုသာ၊ နှစ်သက်စွာဖြင့်
ခုထက်ပိုကဲ၊ အတင့်ရဲ၏။
+ ခုခါကာလ၊ လူ့လောကဝယ်
ကုသိုလ်အမှု၊ တစ်ခုခုကို
ရ,အောင်ပြုသူ၊ အာဂလူဟု
ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။
ဦးဝိမလ
လောကချမ်းသာ စနေနေ့တရားပွဲ
၃-ဧပြီ-၂၀၁၀

သတ္တလောကနှင့် စိတ္တနိယာမ

စိတ်အမျိုးမျိုး
(က) မြင်စိတ်မျိုး
(ခ) ကြားစိတ်မျိုး
(ဂ) နံစိတ်မျိုး
(ဃ) လျက်စိတ်မျိုး
(င) တွေ့စိတ်မျိုး
(စ) ကြံစိတ်မျိုး, သိစိတ်မျိုး ဟူ၍ ဤကိုယ်၌ စိတ်ခြောက်မျိုး ရှိ၏။
ထိုတွင် –

မျက်လုံးမှာ ဖြစ်ပေါ်သော စိတ်သည် မြင်စိတ် မည်၏။
နားတွင်းမှာ ဖြစ်ပေါ်သော စိတ်သည် ကြားစိတ် မည်၏။
နှာခေါင်းတွင်းမှာ ဖြစ်ပေါ်သော စိတ်သည်နံစိတ် မည်၏။
လျှာအပြင်မှာ ဖြစ်ပေါ်သော စိတ်သည် လျက်စိတ် မည်၏။
အချို, အချဉ် စသော ရသာရုံတို့ကို ချိုမှန်း ချဉ်မှန်း စသည်ဖြင့် သိမှုကို လျက်စိတ် ခေါ်သည်
တစ်ကိုယ်လုံး၌ ဖြစ်ပေါ်သော စိတ်သည် တွေ့စိတ် မည်၏။
နှလုံးအိမ်တွင်း၌ ဖြစ်ပေါ်သော စိတ်သည် ကြံစိတ်, သိစိတ် မည်၏။

ထိုစိတ်တို့၏ အာရုံတရားတို့သည်လည်း […]