ကုသိုလ်အမှု ရအောင်ပြု

+ ကုသိုလ်အမှု တစ်ခုခုကို

ရ,အောင်ပြုသူ၊ အာဂလူဟု

ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။

+ ရှင်တော်ဘုရား၊ ဟောတရားကို

သိတိုင်းမှတ်သား၊ ကျင့်ဆောင်ငြားက

ချီးမွမ်းထိုက်သူ၊ အာဂလူဟု

ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။

+ ခုခါကာလ၊ လူ့လောကဝယ်

လောဘ ဒေါသာ၊ မိုက်မောဟာနှင့်

မာနဣဿာ၊ မစ္ဆေရာတို့

နေ့တိုင်းညတိုင်း၊ ခါ မဆိုင်းဘဲ

အမြဲတောက်လျှောက်၊ မီးလျှံတောက်၏။

+ အမိုက်မှောင်ကြီး၊ ဖိကာစီးလည်း

အလင်းရောင်ကို၊ မရှာလိုဘူး

မှောင်မိုက်ကိုသာ၊ နှစ်သက်စွာဖြင့်

ခုထက်ပိုကဲ၊ အတင့်ရဲ၏။

+ ခုခါကာလ၊ လူ့လောကဝယ်

ကုသိုလ်အမှု၊ တစ်ခုခုကို

ရ,အောင်ပြုသူ၊ အာဂလူဟု

ရှင်တော်ဗုဒ္ဓ၊ ဟောညွှန်ပြ၏။

ဦးဝိမလ
လောကချမ်းသာ စနေနေ့တရားပွဲ
၃-ဧပြီ-၂၀၁၀

Leave a Reply