ဓမ္မာရုံ ယောဂီဆောင် ဆောက်လုပ်ရေး (၂၃-ဖေဖော်ဝါရီ-၂၀၁၁)

အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်း၏ နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာအတွင်း လောကချမ်းသာစေတီတော်နှင့် ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ ဓာတ်ငွေ့ပိုက်လိုင်းများ ဆက်သွယ်သော လုပ်ငန်းနှင့်

+++++
ကျောင်းဆောင်အုတ်မြစ်တွင် လွန်ခဲ့သော ရက်များက ကျထားသော ဆီးနှင်းများမှ ပျော်လာသော ရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ပစ်နေကြစဉ်။

အညာသိကောဏ္ဍညဟု တွင်ရခြင်းနှင့် အလှူဦး ကိုးမျိုး

….. ဘုရားကိုယ်တော်မြတ် ရွှေနှုတ်တော်က ‘အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော – အို အချင်းတို့ .. အရှင်ကောဏ္ဍညသည် သစ္စာလေးပါးတရားတို့ကို သိခဲ့လေပြီတကား၊ အို အချင်းတို့ .. အရှင်ကောဏ္ဍညသည် သစ္စာလေးပါးတရားတို့ကို သိခဲ့လေပြီတကား’ ဥဒါန်းကျူးရင့်တာကို စွဲပြီးသကာလ နောက်တချိန်၌ အရှင်ကောဏ္ဍညကို ‘အညာသိကောဏ္ဍည’လို့ ခေါ်တယ်။
ဘာပြုလို့တုန်းဆိုတော့ ‘ခါဏုကောဏ္ဍည’တို့ဆိုတာ ရှိသေးတယ်။ သစ်ငုတ်ကြီးလို့ အထင်ခံရတဲ့ ဦးကောဏ္ဍညက ရှိသေးတော့ ဒီအရှင်ကောဏ္ဍညကိုတော့ ‘အညာသိကောဏ္ဍည’လို့ မြတ်စွာဘုရားက ‘အညာသိ ဝတ ဘော ကောဏ္ဍညော’လို့ ဥဒါန်းအကျူးခံရတဲ့ ကောဏ္ဍညလို့ သိသာအောင် ဒီဘုရားသာသနာမှာဖြင့် လူ့ပြည်လောက,က အစဆုံး ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်ပါပဲတဲ့။
ဘာပြုလို့ အစဆုံး ကျွတ်တမ်းဝင်တုန်း။ အတိတ်ဘဝက သူ့ကောင်းမှုတွေ […]

‘ဒုက္ခသစ္စာ’နှင့် ‘ဒုက္ခသစ္စာ၌သစ္စဉာဏ်’ ဘာသာပြန်

ဗုဒ္ဓဘုရားရှင်၏ တရားတော်ကို အလွန်လေးစားသော ရတနာသုံးပါးကို အမြဲမပြတ် ဆည်းကပ် ကိုးကွယ်လေ့ရှိသူ ဦးသာဝင်းသည် ဗုဒ္ဓမြတ်စွာ ရှေးဦးစွာ ဟောကြားတော်မူခဲ့သော ဓမ္မစက္ကပဝတ္တနသုတ္တန်နှင့် အနတ္တလက္ခဏသုတ္တန်တို့ကို ပါဠိ-မြန်မာ-အင်္ဂလိပ် ဘာသာတို့ဖြင့် တစ်အုပ်တည်း ပေါင်းကာ ထုတ်ဝေလိုသဖြင့် အင်္ဂလိပ်ဘာသာသို့ အသစ်တဖန် ဘာသာပြန်ရန် ဆရာကြီး ဦးဖေမောင်တင်အား တောင်းပန်ခဲ့ပြီး၊ ယခု ၂၀၁၁ ခုနှစ်မှ ပြန်၍ ရေတွက်သော် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ က ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားဦး၊ လယ်တီဆရာတော်ဘုရားကြီး၏ ၁၈၉၄ ခုနှစ် (သက်တော် ၄၈၊ ဝါတော် ၂၈)တွင် ပါဠိဘာသာမှ မြန်မာဘာသာသို့ သိလွယ် ထင်လွယ် မြင်လွယ် သဘောပေါက်လွယ်သော မြန်မာဘာသာပြန်၊ ဆရာကြီး ဦးဖေမောင်တင်၏ ၁၉၇၃ ခုနှစ် (အသက် […]

သစ္စာသိပုံ ဉာဏ်မျိုးစုံ နှင့် ဘဝပန်းလေး မနွမ်းစေချင်

ဗုဒ္ဓရှင်တော်သည် သစ္စာ ၄-ပါးကို ကိုယ်တော်တိုင် သိမြင်တော်မူပြီးမှသာ ကောဏ္ဍညစသော သာဝကငါးဦးအား တရားဦးအဖြစ်ဖြင့် ဟောကြားတော်မူခဲ့သည်။
ယင်းသို့ သိတော်မူရာတွင် သာမန် ထိုးထွင်း သိရုံမျှ မဟုတ်ဘဲ သစ္စာတစ်ပါး တစ်ပါးတွင် ဉာဏ် ၃-မျိုး ၃-မျိုး စိတ်ဖြာ၍ ကျယ်ဝန်းစွာ သိတော်မူခဲ့ခြင်း ဖြစ်ပေသည်။
ယင်းသို့ စိတ်ဖြာ၍ သိသော ဉာဏ်တော်ဆိုသည်မှာလည်း ဘုရားမဖြစ်မီ ရှေးအခါက ကြားရုံမျှပင် မကြားဖူးသော သစ္စာလေးပါးတရားတို့၌ ပညာမျက်စိ ပွင့်လင်းခြင်းပင် ဖြစ်သည်။
အသိဉာဏ်တရား ထင်ထင်ရှားရှား ဖြစ်ခြင်းပင် ဖြစ်သည်။
အမျိုးမျိုး အဖုံဖုံ သိတော်မူခြင်းလည်း ဖြစ်၏။
သိသင့်သိထိုက်သမျှ အလုံးစုံကို သိမြင်ခြင်းလည်း ဖြစ်၏။
အသိဉာဏ် အလင်းရောင်ကြီး ထင်ရှား ပေါ်ပေါက်လာခြင်းလည်း ဖြစ်တော့သည်။
ခွဲခြမ်းစိတ်ဖြာ၍ သိတော်မူပုံကား –
ဒုက္ခသစ္စာ၌ –
၁။ ‘ဤတရားသည် ဆင်းရဲခြင်း အမှန်တရားတည်း’ဟု လည်းကောင်း၊
၂။ ‘ဤဒုက္ခတရားသည် […]

စိတ်ကို အနားပေးခြင်း – အရှင်ဣန္ဒက

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့။
ဒီနေ့ ကျောင်းမှာ အရုဏ်ဆွမ်း၊ နေ့ဆွမ်း ပင့်သူ နှစ်ဦးရှိလို့ ဘုန်းကြီးများ အလုပ်များတဲ့ နေ့တစ်နေ့ပါ။
အရုဏ်ဆွမ်းကတော့ ဒကာဦးရှိန်၊ ဇနီးဒေါ်သန်းသန်းအေးတို့ရဲ့ သမီးကြီး မေသူရှိန်နဲ့ မောင်ချမ်းမြေ့အောင်တို့ရဲ့ မင်္ဂလာဆွမ်းကျွေး ဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲမှာ နေ့ဆွမ်းကပ်လှူလိုကြပေမယ့် ဆွမ်းစားပင့်တာ နောက်ကျသွားတာ (နေ့ဆွမ်းအလှူရှင် ရှိနေပြီးဖြစ်တာ)ကြောင့် အရုဏ်ဆွမ်းကိုပဲ ကပ်ခွင့် ရပါတော့တယ်။
သံဃာတော်များမှာ ဝိနည်း စည်းကမ်းအရ အရင်ပင့်တဲ့ ဒကာရဲ့ ဆွမ်းကို အရင် စားရပါတယ်။
အရင်ပင့်တဲ့ ဒကာက ကျေနပ်ခွင့်ပြုရင်တော့ နောက်ပင့်တဲ့ ဒကာရဲ့ ဆွမ်းကို စားနိုင်ပါတယ်။
ဒီအကြောင်းကို ဆွမ်းစားပင့်လိုတဲ့ ဒကာများ သိထားရင် မိမိလိုတဲ့ရက် မိမိပင့်လိုတဲ့အချိန်မှာ ကြိုတင်ပင့်ပြီး ဆွမ်းကပ်နိုင်ကြပါလိမ့်မယ်။
ဒကာရှိန်တို့ မိသားစုက ဒီနေ့နံနက် မုန့်ဟင်းခါးအရုဏ်ဆွမ်း ကပ်လှူကြပါတယ်။
အရုဏ်ဆွမ်းကပ်ရင် ဆွမ်းမှတပါး […]