အရှုံးကြီး ရှုံးသူ နှစ်ဦး

“ကာဠာမ၏ အနွယ်ဖြစ်သော အာဠာရဂိုဏ်းဆရာကြီးသည် ရသင့် ရထိုက်သော မဂ်ဖိုလ်တရားမှ အရှုံးကြီး ရှုံးလေစွတကား။ အကယ်၍များ အာဠာရဂိုဏ်းဆရာကြီးသည် ငါဘုရား ဟောကြားအပ်သော ဤတရားတော်ကို ကြားနာရပါမူ လျင်မြန်စွာ သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်လေရာ၏။”
“ရာမ၏ သားဖြစ်သော ဥဒကဂိုဏ်းဆရာကြီးသည် ရသင့် ရထိုက်သော မဂ်ဖိုလ်တရားမှ အရှုံးကြီး ရှုံးလေစွတကား။ အကယ်၍များ ဥဒကဂိုဏ်းဆရာကြီးသည် ငါဘုရား ဟောကြားအပ်သော ဤတရားတော်ကို ကြားနာရပါမူ လျင်မြန်စွာ သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်လေရာ၏။”
ဗုဒ္ဓ
(မင်းကွန်းဆရာတော်ဘုရားကြီး၏ “မဟာဗုဒ္ဓဝင်” ဒုတိယတွဲ၊ စာ ၄၁၂-၄၁၃)
+++++
ဆားပုလင်းခင်မောင်ဝင်း။ ။ ဟော … လာပါပြီဗျာ … အဘိဓမ္မာကျောင်းတော်သားကြီး။
ဆရာစော။ ။ ကဲ .. ဆရာဇေ ထိုင်ပါစေဦး။ ဆားပုလင်းက […]

“ဘိက္ခု”ခေါ်ပုံ

မိုးသည် သည်းသည်းမည်းမည်း ရွာနေ၏။ လေအဝှေ့တွင် ဝါးပင်တို့ ယိမ်းနွဲ့နေကြ၏။ ကလေးအချို့မှာ အိမ်ရှေ့လမ်းပေါ် မိုးရေထဲ ဆော့ကစားနေကြ၏။
ထိုစဉ် ဆွမ်းခံကြွလာသော ရွာဦးကျောင်းက ဦးဇင်း အိမ်ရှေ့သို့ ရောက်ရှိလာသဖြင့် –
“အရှင်ဘုရား .. အထဲမှာ ခဏ ထိုင်ပါဦးလား ဘုရား၊ မိုးက တော်တော်နဲ့ စဲမှာ မဟုတ်ဘူး ဘုရား၊ ကြွပါဘုရား၊ ဟေ့ .. ကလေးတွေ ဆင်းကြ ဆင်းကြ၊ အောက်ကို သွား .. သွား” ဟု ဦးဇင်းကိုလည်း ပင့်ဖိတ်၊ အိမ်ပေါ်တွင် ဆော့ကစားနေကြသော ကလေးများကိုလည်း နှင်ထုတ်လိုက်ရသည်။
“မိုးကလည်း သည်းရန်ကော ဘုရား”“သူ့ နိယာမပေကိုး”
“အရှင်ဘုရားနဲ့ ကြုံတုန်း တပည့်တော် သိချင်တာလေး မေးစမ်းပါရစေ ဘုရား”“ဘာများတုန်း ဒကာ၊ ဖြေနိုင်တာကို ဖြေပါ့မယ်”
“အရှင်ဘုရားတို့ကို […]

ရှေ့စိတ်ကို နောက်စိတ်ဖြင့် လိုက်၍ သိခြင်း အကျိုး (မင်းကွန်းဝိပဿနာ)

စိတ်၏ကျရာ ဌာန ၄-ပါး
အားလုံးသော သတ္တဝါတို့၌ ‘ကိုယ်’ဟူသော ပစ္စည်းတစ်ခု၊ ‘စိတ်’ဟူသော ပစ္စည်းတစ်ခု ဟူ၍ နှစ်ခုသာ ရှိ၏။ထိုနှစ်ခုမှာလည်း ‘ကိုယ်’ဟူသော ပစ္စည်းကို လက်ညှိုးထိုး၍ ပြပါက အကြမ်းဖျင်းအားဖြင့် သိမြင်နိုင်၏။ ‘စိတ်’ဟူသော ပစ္စည်းကို လက်ညှိုးထိုး၍လည်း မပြနိုင်၊ မရှိဟုလည်း မပြောဆိုနိုင်ကြောင်းကို သိကြပါ၏။
မပြနိုင်သော ‘စိတ်ကို ဆုံးမရန် ခဲယဉ်းကြောင်း’၊ ‘တလောကလုံးကို စိတ်က ဆွဲဆောင်နေကြောင်း’၊ ‘တလောကလုံးကို စိတ်က ပြုပြင်နေကြောင်း’ ဘုရားကလည်း ဟောတော်မူ၏။
ဆုံးမရန် ခဲယဉ်းသော ‘စိတ်၏ နေထိုင်ရာ’ကို ရှာဖွေရန်မှာ စိတ်ရှိသော သတ္တဝါတိုင်း၏ တာဝန် ဖြစ်သည်။
စိတ်၏ နေထိုင်ရာကား တစုံတခုသော အလုပ်ကိစ္စကို ပြုလုပ်သောအခါ ပြုလုပ်ရာဌာန၌ ပြုလုပ်သည့် အမူအရာတွေကို အစဉ်တစိုက် လိုက်၍ သိနေသော သဘောတွေ ရှိနေ၏။ထိုသဘောတွေသည် […]

ဥတ္တရိမနုဿဓမ္မ

ပါဠိသုတ္တန်တွေမှာ “ဥတ္တရိမနုဿဓမ္မ” ဆိုတဲ့ စကားလုံးလေး ရှိတယ်။မြန်မာလို ပြန်ရင် “လူတို့၏ ကုသိုလ်ကမ္မပထ တရား ၁၀-ပါးထက် လွန်မြတ်သော ဈာန် မဂ်ဖိုလ် တရား”တဲ့။အထက်တန်းကျတဲ့ တရားပေါ့လေ။သာမန်လူတွေ ရတာမျိုးမဟုတ်ဘဲ ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ၊ တော်တဲ့ ပုဂ္ဂိုလ်တွေ ရတဲ့ စိတ်မျိုးပေါ့။ဒါကို “ရူပါဝစရစိတ်”က စပြီး “ဥတ္တရိမနုဿဓမ္မ”လို့ ခေါ်တယ်။
(အရှင်သီလာနန္ဒာဘိဝံသ)
+++++
လောကချမ်းသာဘုရားကျောင်းတွင် ၂၀၀၉ ခု နိုဝင်ဘာလ ၂၈ ရက် စနေနေ့၌ ပြုလုပ်သော “အရှင်သီလာနန္ဒာဘိဝံသ”၏ သင်တန်း ပို့ချချက်များကို အခြေခံသည့် ၆-ပတ်မြောက် အဘိဓမ္မာသင်တန်းမှာ ရူပါဝစရစိတ် ၁၅-ပါးအကြောင်းကို လေ့လာ သင်ယူကြရ၏။
‘ရူပါဝစရ’ – ရူပ ၁၅ ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်။‘ရူပါဝစရစိတ်’ – ရူပ ၁၅ ဘုံ၌ […]

ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း – သပြေကန်ဆရာတော်ဘုရားကြီး

ရဟန်းတို့ … မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်လာဖို့ရာ၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဘာဝနာပြည့်စုံ ပြီးမြောက်ဖို့ရာ အကြောင်းက ဘာလဲ?ရဟန်းတို့ … ကုသိုလ်တရား၊ အကုသိုလ်တရား၊ အပြစ်ရှိသော တရား၊ အပြစ်မရှိသော တရား၊ ယုတ်သော တရား၊ မြတ်သော တရား၊ မည်းညစ်သော အဖို့ရှိသော တရား၊ ဖြူစင်သော အဖို့ရှိသော တရားတွေ ရှိနေကြတယ်။ထိုတရားတို့၌ သင့်တင့်သော အကြောင်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းမှု များစွာ ပြုပြင်ခြင်းမှာမဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ဖို့၊ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဘာဝနာပြည့်စုံ ပြီးမြောက်ဖို့ အကြောင်းပင် ဖြစ်ပါတော့တယ်။
ဒီ ဒေသနာတော်လာ တရားတွေက ‘ကုသိုလ်’ ‘အကုသိုလ်’ တရားတွေပါပဲ။ဒီတရားတွေမှာ ‘အကြောင်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းမှု’ဆိုတာ ဒီတရားတွေရဲ့ သဘောကို သိအောင်ပြုမှုကို ဆိုပါတယ်။
ဒီတရားတွေမှာ သဘာဝလက္ခဏာခေါ်တဲ့ ကိုယ်ပိုင် […]

ဉာဏ်ဖြစ်ကြောင်း ခုနစ်ပါး – မဟာစည်ဆရာတော်ဘုရားကြီး

….. မြတ်စွာဘုရားဟောတဲ့ ဒေသနာကတော့ တစ်လုံးတည်းပဲ။ အဲဒီ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်အောင်ဆိုရင် ယောနိသော မနသိကာရပဲတဲ့။ နှလုံးသွင်းမှုပဲတဲ့။ အဋ္ဌကထာကတော့ အကြောင်း ၇-ပါး ပြထားပါတယ်။
(၁) ပရိပုစ္ဆကထာ – မေးမြန်းရမယ် တဲ့။(၂) ဝတ္ထုဝီသတကြိယာ – ဝတ္ထုစင်ကြယ်အောင် သန့်ရှင်းအောင် ပြုခြင်း။(၃) ဣန္ဒြိယ သမတ္တာပဋိကာရဏာ – ဣနြေ္ဒညီမျှအောင်ပြုခြင်း။(၄) ဒုပ္ပညပုဂ္ဂလာ ပရိဝဇ္ဇနာ – ပညာမဲ့တဲ့ ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း။(၅) ပညဝန္တပုဂ္ဂလ သေဝနာ – ပညာရှိတဲ့ ပုဂ္ဂိုလ်ကို မှီဝဲခြင်း။(၆) ဂမ္ဘီရဉာဏစရိယ ပစ္စဝေက္ခနာ – နက်နဲသော ဉာဏ်၏ ကျက်စားရာဖြစ်တဲ့ တရားတွေကို ဆင်ခြင်ခြင်း။(၇) တစဒိမုတ္တတာ – ညွှတ်ကိုင်းသော စိတ်ရှိရမယ် တဲ့။
ဒီတော့ ဆောင်ပုဒ်လေး ပေးပြီးမှ ဟောရမယ်။
‘မေးမြန်း’‘သန့်စင်’၊ […]

ဖြူးဆရာတော် ဘဒ္ဒန္တနရပတိ ပျံလွန်တော်မူခြင်း

ပြည်တွင်း ပြည်ပ မဟာစည်နာယက၊ ဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ သာသနာ့ဓဇ ဓမ္မာစရိယ ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ၂၀၀၉ ခု နိုဝင်ဘာလ ၂၄ ရက် အင်္ဂါနေ့ နံနက် ၇ နာရီတွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရှိရပါသည်။
ဖြူးဆရာတော်သည် ၁၉၉၉ ခုနှစ်တွင် ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ စသည့် နိုင်ငံများသို့ ရှစ်လကြာ ဓမ္မဒူတခရီး လှည့်လည်၍ ဝိပဿနာတရားများကို ဟောကြား ပြသပေးတော်မူခဲ့ပါသည်။ထိုစဉ်က ဖြူးဆရာတော်သည် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ကြွရောက် သီတင်းသုံးခိုက် တရားချစ်ခင် သူတော်စင်တို့အား ဝိပဿနာတရားများကို ဟောကြား ပြသပေးတော်မူခဲ့ပါသည်။ ပြည်ပခရီးစဉ်များ ပြီးဆုံး၍ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိသောအခါ ပြည်တွင်းတရားပွဲများတွင် လောကချမ်းသာစေတီတော်ကြီး အောင်မြင်စွာ […]

ဉာဏ်ပါတဲ့ ကုသိုလ်

“ဘုန်းကြီးတို့ကို ဆရာသမားများက သင်ကြားခဲ့တယ်။ ကုသိုလ်ကောင်းမှုလုပ်တဲ့အခါ စိတ်ပါလက်ပါနဲ့ ရိုရိုသေသေ လေးလေးစားစား လုပ်ရတယ်။ ဘာကုသိုလ်ပဲ လုပ်လုပ်။ဘုန်းကြီးတို့ မန္တလေးမှာ … ရှေးက … ဒီလို အဆို အဆုံးအမတွေကို နာခံထားရတဲ့သူတွေဟာ … မရှိဆင်းရဲလို့ လမ်းပေါ်မှာ တောင်းစားတဲ့သူတွေကို ပေးကမ်း လှူဒါန်းတာတောင်မှ စီးထားတဲ့ ဖိနပ်လေး ချွတ်ပြီး အလှူငွေ တစ်ပြား တစ်မတ်ကို လက်ကလေးနှစ်ဖက်နဲ့ ကိုင်ပြီး ရိုရိုသေသေ ပေးကမ်း လှူဒါန်းကြတယ်။ဘုန်းကြီးတို့ ကိုယ်တိုင်လဲ ဒီလို ဆိုဆုံးမမှုတွေကို နာယူခဲ့ရတော့ ကိုရင်လေးတစ်ပါးကို သင်္ကန်းလှူတာတောင် … ‘ကိုရင်လေး ဒီကိုကြွ၊ ဟောဒီနေရာမှာ ထိုင်’ ဆိုပြီး ကိုရင်ကလေးပင်ဖြစ်လင့်ကစား အလှူခံပုဂ္ဂိုလ်ကို တလေးတစားနဲ့ ရိုရိုသေသေ လှူဒါန်းပါတယ်။”
(မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသ)
+++++
၂၀၀၉ ခု နိုဝင်ဘာလ […]

ဤခရီး နီးလာပြီ – အရှင်အဘယာလင်္ကာရ

၂၀၀၉ ခု အောက်တိုဘာလ ၂၁ ရက်နေ့က အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ၌ ပျံလွန်တော်မူသွားသော ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းရှိ ပုညာရာမ မိုးကုတ်ဝိပဿနာကျောင်းတိုက်ဆရာတော် အရှင်ပုညာနန္ဒကို ရည်စူးပြီး၊ ဆရာတော်၏ တပည့် ဒကာ ဒကာမ မိသားစုများက ဦးဆောင်ကာ ၂၀၀၉ ခု နိုဝင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့မှာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ဘုရားအမှူးရှိသော သံဃာတော် ၇ ပါးတို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၊ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်ကို မြန်မာထမင်းဟင်း မြန်မာမုန့်မျိုးစုံတို့နှင့် ကျွေးမွေးဧည့်ခံ ကောင်းမှု ကုသိုလ် ပြုလုပ်ကြ၏။
ဘော်စတွန်မြို့၊ မဟာစည် မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း ဘုန်းကြီး ဦးအဘယာလင်္ကာရမှ “ဤခရီး နီးလာပြီ”ဟူသော တရားချီးမြှင့်၏။
….. ဘုန်းကြီး မနက်က ဆရာတော် ဦးပုညာနန္ဒရဲ့ […]

ယုံရမလိုလို – အရှင်ပညာသီဟ

အယူသည်းတယ်ပဲဆိုဆို အတိတ်နိမိတ်ကို ယုံတယ်ပဲ ပြောပြော၊ အဖြစ်အပျက်ကလေး တစ်ခု မှတ်မှတ်ရရ ရှိခဲ့ပါသည်။
စာရေးသူအနေဖြင့် စိတ်ထဲတွင် ထူးခြားသည်ဟု ယူဆမိသည့် အဖြစ်အပျက်များကို မှတ်တမ်းတင်လို၍ ပက္ခဒိန်တွင် ရေးခြစ် မှတ်ထားလေ့ရှိပါသည်။ ထို့ကြောင့် နောင်တချိန် ပက္ခဒိန်အဟောင်းများကို ပြန်ကြည့်သည့်အခါ ထိုအဖြစ်အပျက်များကို ပြန်လည် မှတ်မိ သိရှိရသည်။
၁၉၉၉ ခုနှစ်ကတည်းက အမေရိကန် မြန်မာ ဗုဒ္ဓဘာသာအသင်းကြီးကို နယူးဂျာစီ မဟာစည် သတိပဋ္ဌာန်ရိပ်သာအတွင်း စေတီတော်နှင့် ကျောင်းဆောင် တည်ဆောက်ရန် မြို့နယ် မြို့ပြစီမံကိန်းအဖွဲ့မှ ခွင့်ပြုချက် ပေးခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း ငွေရေးကြေးရေး အခြေအနေအရ အဆောက်အဦနှစ်ခုလုံးကို တပြိုင်တည်း တည်ဆောက်ရန်မှာ မဖြစ်နိုင်ပါ။ ထို့ကြောင့် အသင်းအနေဖြင့် စေတီတော် တည်ဆောက်မှုကို ပထမပိုင်း လုပ်ငန်းအဖြစ် ဆောင်ရွက်ကာ ကျောင်းဆောင်တည်ဆောက်မှုကို ဒုတိယပိုင်း […]