ပစ္စည်းပိုင်း – ပဋိစ္စသမုပ္ပါဒ်နည်း (၂)

“ကောင်းပြီ … တစ်ခုပြောစရာလိုသေးတယ်။
အဲဒါကတော့ အကျဉ်းပဲ ပြောမယ်။
ဒီမှာ ပြောထားတာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သင်္ခါရကြောင့် ဝိညာဉ်၊
ဝိညာဏ်ကြောင့် နာမ်ရုပ် စသည်ဖြင့် ပြောထားတဲ့အခါကျတော့
အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်မနေဘူးလား။
ဗုဒ္ဓဘာသာမှာက အကြောင်းတစ်ခု အကျိုးတစ်ခုဆိုတဲ့ ဝါဒ၊
အကြောင်းတစ်ခု အကျိုးအများကြီးဆိုတဲ့ ဝါဒ၊
အကျိုးတစ်ခု အကြောင်းအများကြီးဆိုတဲ့ ဝါဒ၊
ဒီ ၃-ခုကို လက်မခံဘူး။
Multiplicity of cause and effect – များစွာသော အကြောင်းကြောင့် များစွာသော အကျိုးဖြစ်တယ်။
ဒါကို လက်ခံတယ်။
အဲဒါလေး မှတ်ထားရမယ်။
အကြောင်းတစ်ခုကြောင့် အကျိုးတစ်ခုဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာက လက်မခံဘူး။
အကြောင်းများစွာ စုပေါင်းပြီးတော့ ဖြစ်တဲ့အခါမှာလည်း အကျိုးများစွာ ဖြစ်တယ်။ ဒီအယူဝါဒကို ဗုဒ္ဓဘာသာ လက်ခံတယ်။
ဒါပေမယ်လို့ ထင်ရှားတဲ့အကြောင်း၊ သူများနဲ့ မဆက်ဆံတဲ့အကြောင်းတွေကို ပြောချင်တဲ့ ပြချင်တဲ့အတွက်ကြောင့်မို့ ဒီမှာ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ် […]

ပစ္စည်းပိုင်း – ပဋိစ္စသမုပ္ပါဒ်နည်း (၁)

၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက် စနေနေ့၌ လောကချမ်းသာဘုရားကျောင်းတွင် အောင်ဆန်းဆရာတော်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခြင်း၊ စုပေါင်း ဆွမ်းကပ်ခြင်း၊ အနုမောဒနာတရား နာကြားခြင်း၊ သြဂုတ်လ ၂၂ ရက် တနင်္ဂနွေနေ့ဝယ် ပြုလုပ်မည့် ပထမအကြိမ် အေဘီဘီအေ နိဗ္ဗာန်ဈေးအတွက် ကြိုတင် ပြင်ဆင်ခြင်း၊ ရွက်ထည်တဲထိုးခြင်း စသည်တို့ကြောင့် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များသင်တန်း အပတ်စဉ် (၄၇) သင်ခန်းစာဖြစ်သော ပစ္စည်းပိုင်း၊ ပဋိစ္စသမုပ္ပါဒ်နည်း (၁) သင်ခန်းစာကို ညနေ ၄ နာရီခွဲမှ နာယူ မှတ်သား သင်ယူ လေ့ကျက်ကြရ၏။

ပစ္စည်းပိုင်း
ပရမတ္ထတရားလေးပါးတို့ကို သဘောတူချင်း ပေါင်းစု၍ သမုစ္စည်းပိုင်း၌ ပြဆိုခဲ့ပြီးနောက် ထိုသဘာဝဓမ္မတို့သည် တန်ခိုးရှင် နတ် ဗြဟ္မာတို့က ဖန်ဆင်း၍ ပေါ်လာသည် မဟုတ်၊ အကြောင်းကင်း၍ ပေါ်လာသည် […]

သမုစ္စည်းပိုင်း – သဗ္ဗသင်္ဂဟ

“လောကီဘုံဝယ်

သာယာဖွယ်ဟု

တာတွယ်လေငြား

ဝေနေများကို

တရားသံဝေ

ရပါစေဟု

ထွေထွေဒုက္ခ ဦးစွာ ပြ၏။

ဒုက္ခသောင်းပြောင်း

တရားပေါင်းလည်း

အကြောင်းမဲ့စွာ

မဖြစ်ရာရှင့်။

မဟာဗြဟ္မ

ထာဝရဟု

ဘုရားတစ်သင်း

မဖန်ဆင်းတည့်

ထန်ပြင်းသော့သွမ်း

တဏှာစွမ်းကြောင့်

ပရမ်းပတာ

ဖြစ်ကြရာဟော

သမုဒယော။

သုံးလောကတွင်

ဒုက္ခထင်၍

လွတ်ခွင်ထွက်ရာ

ရတက်ဖြာသော်

သက်သာစေရန်

အနေဖန်လျက်

ခေမံနိရောဓ

သုံးကြိမ် ပြ၏။

နိဗ္ဗာနနန်း

ရောက်ဖို့မှန်းက

ဤလမ်းဖြင့်တက်

ဤမဂ်ကိုပွား

မိန့်သည့်လားသို့

လေးပါးမြောက်တွင်

မဂ်လမ်းထွင်သည်

ဟောစဉ်လက်ရိုး ဆူဆူတည်း။”
….. သစ္စာ ၄-ပါးနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် ပထမ ဒုက္ခလာသလဲ?၊ ဒုက္ခပြီးတော့ သမုဒယ၊ သမုဒယပြီးတော့ နိရောဓ၊ နိရောဓပြီးတော့ မဂ္ဂဟောသလဲ? ဆိုတာကို နားလည်ဖို့ ကောင်းတယ်။
ဘာကြောင့်လည်းဆိုတော့ သစ္စာနဲ့ပတ်သက်ပြီးတော့ စကားပြောစရာတွေက များတယ်။
အဲဒီတော့ လင်္ကာလေး ဖတ်ပြမယ် နော်။

“လောကီဘုံဝယ်၊ သာယာဖွယ်ဟု၊ တာတွယ်လေငြား၊ ဝေနေများကို၊ တရားသံဝေ၊ ရပါစေဟု၊ ထွေထွေဒုက္ခ ဦးစွာပြ၏။”
လောကီမှာ သာယာစရာ တွေ့ပြီးတော့ လူတွေက ပျော်ပါးနေကြတယ်။
ဒီသတ္တဝါတွေကို ဒါဟာ ဒုက္ခပဲလို့ တရားသံဝေဂရသွားအောင် ဆိုပြီးတော့ ဒုက္ခသစ္စာကို မြတ်စွာဘုရားက ဟောတော်မူတယ် တဲ့။

“ဒုက္ခသောင်းပြောင်း၊ တရားပေါင်းလည်း၊ အကြောင်းမဲ့စွာ၊ မဖြစ်ရာရှင့်။”
ဒီဒုက္ခကလည်း အကြောင်းကင်းပြီးတော့ ဖြစ်တာ မဟုတ်ဘူး တဲ့။
“မဟာဗြဟ္မ၊ ထာဝရဟု၊ ဘုရားတစ်သင်း၊ […]

သမုစ္စည်းပိုင်း – ဗောဓိပက္ခိယသင်္ဂဟ

၂၀၁၀ ခုနှစ် သြဂုတ်လ ၇ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာပို့ချချက်များ သင်တန်း အပတ်စဉ် (၄၅)နှင့် (၄၆) သင်ခန်းစာများကို နာယူ သင်ယူ မှတ်သားကြရရာ အပတ်စဉ် (၄၅) သင်ခန်းစာမှာ သမုစ္စည်းပိုင်း၊ ဗောဓိပက္ခိယသင်္ဂဟ သင်ခန်းစာ ဖြစ်၏။

ဗောဓိပက္ခိယ
ဗောဓိ = သစ္စာလေးပါးတရားကို သိတတ်သောကြောင့် ဗောဓိမည်သော အရိယမဂ်ဉာဏ်၏
ပက္ခ = ဘက်တော်သား၌
အိယ = ဖြစ်သော တရား
အရိယမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်သော တရားများဟု ဆိုလို၏။
ထို ဗောဓိပက္ခိယတရားအပေါင်းကို သိမ်းယူရာ သိမ်းယူကြောင်း အကျဉ်းပြဆိုခြင်းသည် ဗောဓိပက္ခိယသင်္ဂဟ မည်၏။
ဗောဓိပက္ခိယတရားများမှာ သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣနြေ္ဒ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် […]

သမုစ္စည်းပိုင်း – မိဿကသင်္ဂဟ

၂၀၁၀ ခုနှစ် ဇူလိုင်လ ၃၁ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ အပတ်စဉ် ပြုလုပ်သော ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း ဒုတိယသင်ခန်းစာအဖြစ် အပတ်စဉ် (၄၄) သမုစ္စည်းပိုင်း – မိဿကသင်္ဂဟအကြောင်း လေ့လာ သင်ယူ နာယူ မှတ်သားကြရ၏။

မိဿကသင်္ဂဟ

ကုသိုလ်၊ အကုသိုလ်၊ အဗျာကတဖြစ်သော တရားတို့ကို ရောနှော သိမ်းယူ၍ အကျဉ်းပြဆိုခြင်း ဖြစ်၏။
မိဿကသင်္ဂဟ၌ –

(၁) ဟိတ် ၆-ပါး

(၂) ဈာနင် ၇-ပါး

(၃) မဂ္ဂင် ၁၂-ပါး

(၄) ဣနြေ္ဒ ၂၂-ပါး

(၅) ဗိုလ် ၉-ပါး

(၆) အဓိပတိ ၄-ပါး

(၇) အာဟာရ ၄-ပါး အားဖြင့် ဝေဖန် ပြဆို၏။
+++++

(၁) ဟိတ်

အာရုံ၌ မိမိနှင့် ယှဉ်ဘော်ယှဉ်ဘက် ဖြစ်ကုန်သော ပစ္စယုပ္ပန် […]

သမုစ္စည်းပိုင်း – အကုသလသင်္ဂဟ

၂၀၁၀ ခုနှစ် ဇူလိုင်လ ၃၁ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များသင်တန်း၊ (၄၃)ပတ်မြောက်နှင့် (၄၄)ပတ်မြောက် သင်ခန်းစာများကို လေ့လာ သင်ယူကြရ၏။
အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ သတ္တမမြောက်အပိုင်းဖြစ်သော သမုစ္စည်းအပိုင်းကို စတင် လေ့လာကြရရာ လောကချမ်းသာဆရာတော်က မိတ်ဆက်နိဒါန်းနှင့် သင်ခန်းစာဆိုင်ရာ အကြောင်းအချက်များကို ရှေးဦးစွာ သင်ပြပေး၏။
+++++

သမုစ္စည်းပိုင်း

သမုစ္စည်းသည် သမုစ္စယ(ပါဠိ)မှ လာ၏။
စိတ် ၁-ပါး (အကျဉ်း ၈၉/အကျယ် ၁၂၁-ပါးသော စိတ်တို့၏ သဘော လက္ခဏာမှာ အာရုံသိမှု ဖြစ်၍ ၁-ပါးသာ ယူသည်။)၊ စေတသိက် ၅၂-ပါး (စေတသိက်တို့မှာ ၁-ပါးစီ၌ သီးခြားလက္ခဏာ ဆောင်၏။)၊ နိပ္ဖန္နရုပ် ၁၈-ပါး (အထည်ကိုယ်ရကောင်းသော တကယ့် […]

နိဗ္ဗာန်အကြောင်း

“ … နိဗ္ဗာန်၏ တည်ရာအရပ် မရှိ။ ဒီစကားက သိပ်ကောင်းတယ်။ အခု ပြောကြတာက နိဗ္ဗာန်လို့ ပြောလိုက်ရင် နိဗ္ဗာန်ရောက်တယ်လို့လည်း ပြောလေ့ရှိကြတယ်။ နိဗ္ဗာန်ရတယ်လို့လည်း ပြောလေ့ရှိကြတယ်။
ရောက်တယ်ဆိုတဲ့ စကားထဲမှာ ဘာပါနေသလဲဆိုတော့ နိဗ္ဗာန်ဟာ ရောက်စရာနေရာတစ်ခု, ဘုံတစ်ခု, ဌာနတစ်ခုလို့ စိတ်က ထင်,ထင်နေတတ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် များသောအားဖြင့် အဲသလိုချည်း ထင်တတ်ကြတယ်။
ဒီနေရာမှာ မိလိန္ဒမင်းကြီးက မေးတယ်။ နိဗ္ဗာန်ရဲ့တည်ရာ အရပ် ရှိပါသလားတဲ့။ မရှိဘူးလို့ ရှင်နာဂသိန်က ဖြေတယ်။
ဒါကြောင့်မို့ နိဗ္ဗာန်ဟာ အရှေ့မှာ ရှိတယ်၊ အနောက်မှာ ရှိတယ်၊ တောင်မှာ ရှိတယ်၊ မြောက်မှာ ရှိတယ်၊ အထက်မှာ ရှိတယ်၊ အောက်မှာ ရှိတယ် … ဘယ်လိုမှ ပြောလို့ မရဘူး။ ဘယ်နေရာ နိဗ္ဗာန်ရှိတယ်ဆိုတာ ပြောလို့ […]

ရုပ်ဖြစ်စဉ်၊ ချုပ်စဉ်၊ ရုပ်ဝီထိ

၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက် စနေနေ့တွင် လောကချမ်းသာဘုရားကျောင်း၌ နှစ်ပတ်စာ အဘိဓမ္မာသင်ခန်းစာများကို လေ့လာ သင်ယူကြရရာ ဒုတိယပို့ချစဉ် သင်ခန်းစာအဖြစ် အပတ်စဉ် (၄၁) ရုပ်ဖြစ်စဉ်၊ ချုပ်စဉ်၊ ရုပ်ဝီထိအကြောင်း နာယူ မှတ်သားကြရ၏။
+++++

သတ္တဝါ (၃)မျိုး၊ သို့မဟုတ် (၄)မျိုး

(၁) သံသေဒဇသတ္တဝါ

သံသေဒ = အညှီအဟောက်၊ အညစ်အကြေး
သေဒ = ချွေး
အညစ်အကြေးကို အမှီပြုပြီး သန္ဓေတည်သော သတ္တဝါမျိုး၊ ပိုးလောက်, ယင်ကောင် စသည်မျိုး။
ပန်း၊ သစ်ပင်တို့ကို အမှီပြုပြီး သန္ဓေတည်ခဲ့ကြသည်လည်း ရှိကြောင်း ဆို၏။
ပဒုမဝတီမိဖုရားသည် ပဒုမ္မာကြာ၌ သန္ဓေတည်ကြောင်း၊ ဝေဠုဝတီက ဝါးပင်၌ သန္ဓေတည်ကြောင်း ဆို၏။

(၂) သြပပါတိကသတ္တဝါ

‘သြပပါတိက’သည် ‘ဥပပါတ’မှ လာ၏။
ဥပပါတ = ကျသည်
ကောင်းကင်က ကျလာသလို […]

ရူပသမုဋ္ဌာနနှင့် ရူပကလာပ

“ဦးဇင်း တခါတလေ စဉ်းစားမိတယ်။ ကံကောင်းလွန်းလို့ ဗုဒ္ဓဘာသာဖြစ်ရတာလို့ …”
(အရှင်သီလာနန္ဒာဘိဝံသ)
+++++
၂၀၁၀ ခုနှစ် ဇူလိုင်လ ၃-၄ ရက်များတွင် လောကချမ်းသာဘုရားကျောင်း၌ မဇ္ဈိမဂုဏ်ရည်ဆရာတော်၏ တရားစခန်း ကျင်းပ ပြုလုပ်သောကြောင့် ဇူလိုင်လ ၃ ရက် စနေနေ့ဝယ် အဘိဓမ္မာသင်တန်း မရှိပေ။
၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက် စနေနေ့တွင် အဘိဓမ္မာသင်တန်း အပတ်စဉ် (၄၀) ရူပသမုဋ္ဌာနနှင့် ရူပကလာပအကြောင်း ပို့ချချက်များနှင့် အပတ်စဉ် (၄၁) ရုပ်ဖြစ်စဉ်, ချုပ်စဉ်, ရုပ်ဝီထိအကြောင်း ပို့ချချက်များကို သင်ယူ နာယူ လေ့လာကြရ၏။
လောကချမ်းသာဆရာတော်က မှတ်သားဖွယ် အထူးရှင်းလင်းဖွယ် အကြောင်းအရာများကို သင်တန်းပို့ချစဉ်အတွင်း သက်ဆိုင်ရာ […]

ရူပဝိဘာဂနှင့် ရူပသမုဋ္ဌာန

၂၀၁၀ ခုနှစ် ဇွန်လ ၂၆ ရက် စနေနေ့တွင် အဘိဓမ္မာသင်တန်း ၂-ပတ်စာ၊ အပတ်စဉ် (၃၈)နှင့် (၃၉) သင်ကြားပို့ချချက်များကို လေ့လာ သင်ယူကြခဲ့ရာ အပတ်စဉ် (၃၉) သင်ခန်းစာအဖြစ် ရူပဝိဘာဂနှင့် ရူပသမုဋ္ဌာနဆိုင်ရာ အကြောင်းအရာများကို နာယူ မှတ်သားကြရ၏။
+++++
စက္ခုနှင့် သောတတို့ အသမ္ပတ္တဂ္ဂါဟက ဖြစ်ပုံ
အသမ္ပတ္တ = မရောက်သေးသော
ဂဟာက = ယူတတ်ခြင်း
“စက္ခုနှင့် သောတတို့ မရောက်သေးသော အာရုံကို ယူတတ်ပုံ”
‘စက္ခုနှင့် သောတတို့က မိမိထံ မရောက်မထိသော အာရုံကို ယူ၏။ ဃာန၊ ဇိဝှါ၊ ကာယတို့က မိမိထံ ရောက်ထိသော အာရုံကို ယူ၏’ ဟု ယူဆကြ၏။
အချို့က ‘စက္ခု၊ သောတတို့လည်း မိမိထံ ရောက်ထိသော အာရုံကို ယူ၏’ ဟူ၍ ရှေးကပင် […]