ပရမတ္ထစက္ခုကျမ်း – (၃)

ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဆရာစောရဲ့ လက်ဖက်ခြောက်က တယ်ကောင်းပါလားဗျ။ ဆရာဇေ .. ကဖိုးထိန် .. ရေနွေးကြမ်းလေး ထပ်ယူကြပါဦး။
ဆရာဦးအောင်ဇေယျ။ ။ ကျေးဇူးပဲ။
ကဖိုးထိန်။ ။ ကျေးဇူးပဲ .. ဆားပုလင်း။ ကဲ .. စားကြ သောက်ကြရင်းနဲ့ ဆရာတော်ကြီးရဲ့ “အရပ်ဖြစ်ရှစ်ပါး ကင်း၍ နဝမခေတ်အတွင်း စက်လေးပါးစုံ သမ္ပတ္တိကြုံတဲ့ လူ့ဘုံလူ့ဘဝ”ဆိုတာထဲက ‘စက်လေးပါး’နဲ့ ‘သမ္ပတ္တိလေးပါး’အကြောင်း ဆက်လိုက်ချင်တယ်ဗျာ။
ဆရာတော်ကြီးက ‘စက်လေးပါး’ကို –
“ပု၊ ပ၊ သပ်၊ အတ် စုံလတ်မူကား ချမ်းသာများ၏” ဆိုပြီး လင်္ကာလေး ပေးထားတယ် ဗျ။
ပု – ပုဗ္ဗေစကတပုညတ – ရှေး၌ ပြုဖူးသော […]

ဣနြေ္ဒပွားလျှင် စိတ်ကြည်လင် – အရှင်ဣန္ဒက

ဗုဒ္ဓဘာသာတရားတော်များသည် စိတ်ကို ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်စေရန် ဟောကြားတော်မူသော တရားတော်များ ဖြစ်လေသည်။
စိတ်သည် လိုချင်တပ်မက်ခြင်းဟူသော လောဘတရား၊ အလိုမကျမှု အမျက်ထွက်ခြင်းဟူသော ဒေါသတရား၊ အမှားအမှန်ကို ခွဲခြားမသိမှု တွေဝေမိုက်မဲခြင်းဟူသော မောဟတရား ဤအခြေခံကိလေသာတရားတို့၏ လွှမ်းမိုးမှုကို ခံရသောအခါ ညစ်နွမ်း၏။ မကြည်လင် မသန့်ရှင်းတော့ဘဲ စိတ်ငြိမ်းအေးမှုကို မရနိုင်တော့ပေ။
ထို့ကြောင့် စိတ်ကို ယင်းကိလေသာတို့မှ ကင်းဝေးစင်ကြယ်စေရန် ဝိပဿနာတရားကို ကျင့်ကြံပွားများ အားထုတ်မှသာလျှင် စိတ်ချမ်းချမ်းသာသာ နေနိုင်မည် အမှန်ဖြစ်ပေသည်။
ဤနေရာ၌ ကျင့်ကြံအားထုတ်ရန် တရားနှင့် ပတ်သက်၍ ဗုဒ္ဓတရားတော်နှင့် အခြားအယူဝါဒတရားများ၏ ကွဲပြားခြားနားပုံကို ဗုဒ္ဓရှင်တော်မြတ်ဘုရားကိုယ်တော်တိုင် ဟောကြားထားတော်မူသည့် “ဣန္ဒြိယဘာဝနာသုတ်”တရားတော်သည် အလွန်ပင် မှတ်သားနာယူစရာကောင်းလှပေသည်။
ဤသုတ်၌ မျက်စိစသော ဣနြေ္ဒခြောက်ပါးနှင့် စပ်၍ အာရုံကောင်း၊ အာရုံဆိုး၊ အလတ်စားအာရုံများကို တွေ့မြင်သောအခါ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်များကို ဖြစ်ခွင့်မပေးဘဲ […]

ပရမတ္ထစက္ခုကျမ်း – (၂)

ဆရာဦးအောင်ဇေယျ။ ။ ‘သာဓု’သံတွေနဲ့ သာယာနာပျော်ဖွယ်ကောင်းနေပါလားဗျ။
ဆရာစော။ ။ ဟော .. ဆရာဇေ … ကြွပါခင်ဗျ .. ကြွပါ။ လက်မှာလဲ အထုပ်တွေ မနည်းပါလား။ ကိုခင်မောင်ဝင်း .. လှမ်းကူလိုက်ပါအုန်း။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဆရာဇေတို့များ စကားသုံး စာသုံးကလဲ တတ်ပါ့ဗျား။ သာယာနာပျော်ဖွယ်ကောင်းတဲ့ သာဓုသံတွေတဲ့။ ကျွန်တော်ဆိုရင် သာဓုသံတွေနဲ့ ဆူညံနေပါလားလို့ သုံးမိချင် သုံးမိမှာ။
ဆရာဦးအောင်ဇေယျ။ ။ ကိုခင်မောင်ဝင်း .. ဒီဘက်က အထုပ်တွေ ယူလိုက်ပါဗျ။ ကောက်ညှင်းပေါင်းနဲ့ ဘိတ်(မြိတ်) မုန့်ကုလားမည်းဗျ။ စားကြဗျာ။ ကောက်ညှင်းပေါင်းက အိမ်မှာ ပေါင်းတာ။ မုန့်ကုလားမည်းက ဗမာပြည်က လူကြုံပါးပေါ့။
ကဖိုးထိန်။ ။ ဟိုလက်တဘက်က အထုပ်တွေလဲ လှမ်းလိုက်ပါ ဆရာဇေ။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဆရာဇေ .. အထုပ်တွေကလဲ […]

ဒုလ္လဘတရားတော်-ရွှေဟင်္သာဆရာတော်ဘုရားကြီး

ဘုန်းကြီး ဒီအမေရိကန်နိုင်ငံမှာ လာရင်း ရည်ရွယ်ချက်ကတော့ ဒီနိုင်ငံမှာ ရောက်နေတဲ့ သာသနာပြုနေကြတဲ့ ဆရာတော်တွေလဲ အားပေးရင်း ဒကာ ဒကာမတွေကိုလည်း ချီးမြှောက်ရင်း ဖြစ်ပါတယ်။
ဒကာ ဒကာမများ ကံကောင်းကြတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က မိမိတို့အမျိုးသားဖြစ်တဲ့ မြန်မာလူမျိုး ထေရဝါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ရောက်လာတော့ အမေရိကန်နိုင်ငံမှာ သာသနာရောက်လာတာ အကြောင်းပြုပြီး ဘုရားပွင့်နေတုန်းပဲလို့ ဘုန်းကြီးက ဆိုချင်ပါတယ်။
ဘာကြောင့် ဘုရားပွင့်နေတုန်းပဲလို့ဆိုတော့ မြတ်စွာဘုရား သက်တော်ထင်ရှားရှိတုန်းက မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခါနီးမှာ အရှင်အာနန္ဒာကို အမိန့်ရှိသွားတာ ရှိတယ်။
“ယော ခေါ အာနန္ဒာ၊ မယာဓမ္မောစ ဝိနိယောစ ဒေသိတော ပညတ္တော သော ဝေါ မမစ္စေန သတ္တာ”“အာနန္ဒာ၊ ငါဘုရား ၄၅-ဝါ ကာလပတ်လုံး အသက်ရှည်သမျှ ဟောပြောခဲ့တဲ့ နတ်ရွာ နိဗ္ဗာန်ရောက်ကြောင်း […]

သက်တော်ရှည် ရွှေဟင်္သာဆရာတော်ဘုရားကြီး

“ရွှေဟင်္သာဆရာတော်ဘုရားကြီး နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းသို့ ကြွရောက် အပူဇော်ခံမည်”ဟူသော သတင်းကို ရုတ်တရက် ကြားသိလိုက်ရသောအခါ အလွန်အကျူး အထူးပင် အံ့သြဝမ်းသာ ဖြစ်မိရပါသည်။ မှန်ပါသည်။ သက်တော် (၁၀၀)ရှိ မထေရ်မြတ်ကြီး၏ ‘ကမ္ဘာလှည့်သာသနာပြုခရီး’မှာ ထူးထူးခြားခြား စံတင်ဖွယ်ဖြစ်၍ အံ့သြထိုက်လှပေတော့သည်။ ‘ကမ္ဘာ့သက်ရှည် ကမ္ဘာလှည့်ခရီးသည်’ တဦးအနေဖြင့် မှတ်တမ်းတင်ရမည် ထင်ပါသည်။ ဝမ်းသာရခြင်းအကြောင်းမှာမူကား အမေရိကန်ရောက် မြန်မာတိုင်းဖွား တကာ တကာမများတို့ ရွှင်လန်းအားရ ဖူးမြော်ကန်တော့ခွင့် ရကြမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။
ဤကဲ့သို့ သက်တော်ကြီးမြင့်ခြင်း ဝယဝုဒ္ဓိဂုဏ်၊ သီလ သမာဓိ ပညာ ကြီးမြတ်တော်မူခြင်း ဂုဏဝုဒ္ဓိဂုဏ်တို့နှင့် ပြည့်စုံသော သက်တော်ရှည် အရှင်မြတ်ကြီး ကြွရောက် အပူဇော်ခံခြင်းမှာ အမေရိကန်ရောက် တကာ တကာမတို့၏ ကြီးမားသော ဘုန်းကံနှင့် ဖြူစင်သော စေတနာ သဒ္ဓါတရားတို့၏ အစွမ်းသတ္တိကြောင့်ဟုဆိုသော် […]

ပရမတ္ထစက္ခုကျမ်း

ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဟော .. ပြောရင်း ဆိုရင်း လာပါပြီဗျာ။
ဆရာစော။ ။ မျှော်တုန်းမျှော်ဆဲ သူလဲရောက်လာ ဆိုသလိုပဲ။ ကဲ .. လာဗျာ ကဖိုးထိန် .. ဒီမှာ ထိုင်။
ကဖိုးထိန်။ ။ ညက တော်ရုံနဲ့ အိပ်မရဘူးဗျာ။ ဒါနဲ့ စာဖတ် .. တရားထိုင်လိုက်တာ မနက် ၄-နာရီလောက်မှပဲ အိပ်ဖြစ်တော့တယ်။
ဇီးကုန်းဦးခင်မောင်ဝင်း။ ။ ဒါပေါ့ဗျ .. အသက်က စကားပြောလာတယ် ဆိုတာ။ အအိပ်အနေလဲ နည်းလာရမယ်၊ မျက်စိရင်လဲ မှုန်လာရမယ်၊ နားရင်လဲ လေးလာရမယ်။ သတိပေးလာတဲ့ ဒီသဘာဝကို အသိရှိရှိနဲ့ အသုံးချတတ်ဖို့တော့ လိုသပေါ့ဗျာ။
ဆရာစော။ ။ ရှင်းစမ်းပါအုန်းဗျ။ အသိရှိရှိနဲ့ အသုံးချတတ်ဖို့ လိုတယ်ဆိုတာလေးကို။ ကဲ .. ကဖိုးထိန်ရော ဘာသောက်မလဲ၊ […]

စံကျောင်းဆရာတော် (၁၂၃၅-၁၃၀၉)

ရွှေကျင်နိကာယတွဲဘက်သာသနာပိုင်
စံကျောင်းဆရာတော်သည် ၁၂၃၅-ခုနှစ် တပေါင်းလဆန်း (၁၀)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ ကျောက်တန်းရွာနေ ဦးအောင်လှ-ဒေါ်အောင်တို့မှ ဖွားမြင်သော သားရတနာဖြစ်သည်။ငယ်မည်မှာ ‘မောင်ဉာဏ်’ ဖြစ်သည်။
အသက် (၁၇)နှစ်အရွယ်တွင် မိဘနှစ်ပါးနှင့် အစ်ကိုကြီး ဦးဉာဏ်ပွင့်-ဒေါ်ပိုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်သည်။ဘွဲ့မှာ ‘အရှင်ဝါယာမ’ ဖြစ်သည်။
၁၂၅၅-ခုနှစ် ပထမဝါဆိုလဆန်း (၁၃)ရက်၊ အင်္ဂါနေ့ညနေ ၃-နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျောင်းတော်ရာရွှေကျင်တိုက် ခဏ္ဍသိမ်၌ ကျောင်းတော်ရာ ရွှေကျင်ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်သည်။
၁၂၇၅-ခုနှစ်၌ ကျောင်းတော်ရာ ဆရာတော်ဘုရားကြီး၏ ‘စံကျောင်းတိုက်အုပ်ဆရာတော်’ ဂုဏ်ထူးဖြင့် ချီးမြှောက်မှု၊ ရွှေဟင်္သာတောရတိုက်ကို လွှဲအပ်မှုတို့ကို ခံယူရသည်။
၁၂၉၉-ခုနှစ်၌ ‘အဂ္ဂမဟာပဏ္ဍိတ’ ဘွဲ့တံဆိပ်ကို ခံယူရသည်။
၁၃၀၈-ခုနှစ်၊ တပေါင်းလဆန်း (၁၅)ရက်နေ့၌ ‘ရွှေကျင်နိကာယဥပဥက္ကဌမဟာနာယက’အဖြစ် တင်မြှောက်ခြင်းကို ခံယူရသည်။
အလင်္ကာနိဿယ၊ စေတိယဝိန္ဆိယ၊ […]

ဆရာ့စကား

မိတ်ဆွေဖြစ်သူတဦးက လာမည့် ဒီဇင်ဘာလတွင် သူတို့၏ အထက်တန်း အလယ်တန်း ဆရာ ဆရာမများအား အာစရိယပူဇော်ကန်တော့ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ပြောရာ ကောင်းမြတ်သော မြန်မာတို့၏ ရိုးရာဓလေ့လေးဖြစ်၍ ကြည်နူးဝမ်းမြောက်မိပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ဟုပင် ဆိုရမည်လား မသိ။ မိမိ၏စာအုပ်များကို ရှင်းလင်းနေစဉ် စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ ‘အမေရိကန် ခရီးသွား မှတ်တမ်း’ စာအုပ်ကို တွေ့ရှိပြီး ဆရာတော်ဘုရားကြီး၏ သြဝါဒတခုတွင် ဆရာ့စကား ဆရာ့အဆုံးအမအကြောင်း ထည့်သွင်း ဟောကြားထားသည်ကို တွေ့ရပါသည်။
သက်တော်ရှည် ရွှေဟင်္သာဆရာတော်ဘုရားကြီးသည် ၁၉၉၂-ခုနှစ်တွင် အမေရိကန်ပြည်သို့ ကြွရောက်လာခဲ့ပြီး မြန်မာပြည်သို့ ပြန်မကြွမီ ဒကာဖြစ်သူ ဦးတင်ထွန်း၏နေအိမ် ယာယီစံကျောင်းတွင် ဦးတင်ထွန်းမိသားစုအား အနုဂါမိကတရားတော် ဟောကြားတော်မူ၍ ရေစက်ချ ဆုံးမသြဝါဒကထာ မြွက်ကြားတော်မူခဲ့ပါသည်။
ထိုသြဝါဒကထာတွင် ရှိခိုးကန်တော့ခြင်း၏ ကျေးဇူး၊ ဘုရား တရား သံဃာ […]

‘အလင်းမိခင်’ သို့မဟုတ် ‘ဒီပ’ရဲ့မေမေ (၂)

ဘာသာရေးဆိုင်ရာ အသိဖလှယ်သော စကားဝိုင်းတခုတွင် မိတ်ဆွေတဦးမှ ‘ဒီပ,မာ’အကြောင်း စာအုပ် ညွှန်းဆိုသဖြင့် မှာယူ ဖတ်ရှုဖြစ်သည်။ရေးသား ပြုစုသူမှာ ‘အေမီရှမစ်’ ဖြစ်သည်။
‘အေမီ’မှာ အသက် ၁၉-နှစ်အရွယ်တွင် ‘ဟာမင်ဟက်ဆီ’၏ ‘သိဒ္ဓတ္ထ’စာအုပ်ကို ၄-ကြိမ်တိုင်တိုင် ဖတ်ရှုခဲ့ပြီး ဆင်းရဲဒုက္ခမှ လွတ်မြောက်လိုခဲ့သူ ဖြစ်သည်။ကမ္မဋ္ဌာန်းနည်းပြဆရာများအဖြစ် ရဟန်းသံဃာများနှင့် ယောက်ျားပုဂ္ဂိုလ်များသာ တွေ့ရလေ့ရှိသဖြင့် အမျိုးသမီး ကမ္မဋ္ဌာန်းနည်းပြဆရာ တဦးဦးကို စံပြုရန် ရှာဖွေနေခဲ့သည်။
၁၉၈၉-ခုနှစ်တွင် ဘာရီ၌ ၃-လ တရားစခန်း ဝင်ဖြစ်ရာ ချိတ်ဆွဲထားသော ကမ္မဋ္ဌာန်းဆရာများ၏ ဓာတ်ပုံများအနက် ‘ဒီပ,မာ’၏ ဓာတ်ပုံကို မြင်ပြီး ‘ဒီပ,မာ’၏အကြောင်း ကြားသိခဲ့ရာမှ စံပြ အမျိုးသမီး ကမ္မဋ္ဌာန်းနည်းပြဆရာအဖြစ် သတ်မှတ်ခဲ့သည်။ထိုအချိန်တွင် ‘ဒီပ,မာ’ကွယ်လွန်ပြီး ၂-ပတ်မျှသာ ရှိသေးသည်။သုံးလတရားစခန်းပြီးသောအခါ ‘ဂျိုးဇက်ဂိုးလ်စတိန်း’နှင့် တွေ့ပြီး ‘ဒီပ,မာ’အကြောင်း ပြည့်ပြည့်စုံစုံ သိချင်သဖြင့် ‘ဒီပ,မာ’အကြောင်း စာအုပ်ရေးသားမည့်သူ […]

သီတင်းကျွတ်နှင့် ပဝါရဏာပွဲ – အရှင်မဟောသဓပဏ္ဍိတ

ရှေးအခေါ် ‘သန်တူလ’၊ ယခုအခေါ် ‘သီတင်းကျွတ်လ’တွင် ဘာသာရေးနှင့် နှီးနွှယ်သော ပွဲတော်များ ကျင်းပလေ့ရှိခဲ့ကြသည်။ရှေးမင်းများလက်ထက်မှ ယနေ့တိုင် ဆင်နွှဲလာခဲ့ရာ ‘မြန်မာ့ရိုးရာ ယဉ်ကျေးမှုတရပ်’ အနေဖြင့် တည်ရှိနေပေတော့သည်။
တာဝတိံသာပွဲ ခေါ် မီးမြင့်မိုရ်ပွဲ
ဤသီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ တဝါတွင်းလုံး ကြွရောက်၍ အဘိဓမ္မာတရားတော် ချီးမြှင့်ရာမှ ‘သင်္ကဿမြို့တော်’သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။ သင်္ကဿမြို့သို့ ဆိုက်ရောက်တော်မူလာချိန်မှာ သီတင်းကျွတ် လပြည့်ည မှောင်ရီပျိုးစအချိန် ဖြစ်သည်။ မြို့သူမြို့သားတို့သည် ဆီမီးထိန်ထိန် ညှိထွန်း၍ ဗုဒ္ဓမြတ်စွာကို လှိုက်လှဲဝမ်းသာ ကြိုဆို ဦးညွတ်ခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာသည် ဝဲယာ ငွေစောင်းတန်း ရွှေစောင်းတန်းတို့မှ နတ်ဒေဝတာများ ခြံရံလျက် အလယ် ပတ္တမြားစောင်းတန်းမှ ဆင်းသက်တော်မူလာခဲ့လေသည်။ ဤတာဝတိံသာနတ်ပြည်မှ ပြန်ကြွလာပုံကို ရည်မှန်း၍ ‘တာဝတိံသာပွဲ’ ခေါ် ‘မီးမြင့်မိုရ်ပွဲ’ကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ […]