ကထိန်အကြောင်း သိကောင်းစရာ – နွယ်သာကီ(ယူအက်စ်အေ)

အချိန်အခါနှင့်အညီ ကထိန်ရာသီရောက်လေတိုင်း ကထိန်ပွဲများသို့ အရောက်သွားခဲ့ပါသည်။သို့သော်လည်း မိတ်ဆွေများနှင့် စားသောက် ရယ်မော စကားပြော၍သာ ပြန်ခဲ့တာ များပါသည်။ အချိန်မရ၍ ဟူသော အကြောင်းပြချက်နှင့် ကထိန်တရားကို ကောင်းစွာ မနာယူခဲ့သဖြင့် ကထိန်အကြောင်းကို ကောင်းစွာ မသိခဲ့။ထို့ကြောင့် ကထိန်အကြောင်း တစေ့တစောင်း သိလို၍ နီးစပ်ရာ ဆရာတော်အား မေးမြန်း လျှောက်ထားရာ –
မေး။ ။ အရှင်ဘုရား .. ကထိန်ဆိုတာ ဘာလဲဘုရာ့၊ တန်ဆောင်မုန်းလမှာ ပျော်ပွဲရွှင်ပွဲ ကခုန်ပွဲတွေ ကျင်းပတဲ့အခါ ဆီမီးထိန်ထိန်ထွန်းတာကို ကထိန်လို့ ခေါ်တာလား။
ဖြေ။ ။ အေး .. ကောင်းသကွာ၊ ဒကာလေး မေးလိုက်တော့မှပဲ ကထိန်ရဲ့ အဓိပ္ပာယ် ပျက်စီးတော့တယ်။ ကထိန်ဆိုတဲ့ အဓိပ္ပာယ်က ဒီလို ဒကာလေးရ။ ကထိန်ခင်းပြီးတဲ့အခါ ကထိန်ခင်းတဲ့ ကျောင်းက […]

သီတင်းကျွတ်လပြည့်နေ့ သံဃပဝါရဏာပြုပွဲ-အရှင်ဣန္ဒက

ဝိနည်းပညတ်တော်အရ ရဟန်းတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် သိမ်ထဲ၌ စုဝေး၍ ပဝါရဏာပြုကြရပါသည်။‘ပဝါရဏာ’ဟူသည် ရဟန်းအသီးသီး သံဃာအား အပြစ်များရှိလျှင် ပြောကြားရန် ဖိတ်ကြားခြင်း ဖြစ်၏။ဝါတော်အကြီးဆုံး မထေရ်ကြီးမှ စ၍ ဝါအငယ်ဆုံး ရဟန်းအထိ တပါးစီ ဖိတ်ကြား လျှောက်ထားကြရလေသည်။“တပည့်တော် .. သံဃာကို ဖိတ်ကြားပါသည်။ မြင်ခြင်းဖြင့်လည်းကောင်း၊ ကြားခြင်းဖြင့်လည်းကောင်း၊ ယုံမှားခြင်းဖြင့်လည်းကောင်း တပည့်တော်ကို အရှင်မြတ်တို့ ပြောကြားတော်မူကြပါ။ အပြစ်တွေ့မြင်ပါက တပည့်တော် ပြုပြင်ပါမည်”ဟု ဖိတ်ကြားခြင်း ဖြစ်၏။
ကျောင်းအသီးသီးမှ သံဃာတော်များ တကျောင်းတည်းမှာ စုပေါင်း၍ သိမ်ထဲ၌ ပဝါရဏာပြုခြင်းကို သံဃပဝါရဏာပြုသည် ဟု ခေါ်ပါသည်။
နယူးယောက်၊ နယူးဂျာစီ၊ မေရီလင်းပြည်နယ် ကျောင်းများမှ သံဃာတော်များသည် ရှေးအခါက မိမိတို့ကျောင်းများမှာသာ ပဝါရဏာပြုကြသော်လည်း ၁၉၉၇-ခုနှစ်မှ စ၍ တကျောင်းတည်း၌ စုဝေး၍ သံဃပဝါရဏာပြုကြလေသည်။၁၃၅၉-ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ နယူးယောက်မြို့ […]

‘အလင်းမိခင်’ သို့မဟုတ် ‘ဒီပ’ရဲ့မေမေ

စက်တင်ဘာလ (၁)ရက်၊ ၁၉၈၉-ခုနှစ် ညနေ
‘ဒီပ’ အလုပ်မှ ပြန်လာသောအခါ အသက် ၇၈-နှစ် ရှိပြီဖြစ်သော အမေဖြစ်သူ ‘ဒီပ,မာ’ နေမကောင်းဖြစ်နေသည်ကို တွေ့ရသည်။‘ဒီပ’က ဆရာဝန်ခေါ်ပေးရမလား..ဟု မေးရာ ‘ဒီပ,မာ’က မဆိုင်းမတွပင် သဘောတူသည်။
‘ဒီပ’က အိမ်နီးချင်းဖြစ်သူ ‘ဆန်ဒစ်မတ်ဆုဒိ’ကို ဆရာဝန်ခေါ်ပေးရန် အကူအညီတောင်းသည်။ဆရာဝန်ကို အလွယ်တကူ ရှာမရသဖြင့် ‘ဆန်ဒစ်’ ပြန်ရောက်လာသည်။ ‘ဒီပ,မာ’၏ ဘေးတွင် ထိုင်ကာ ‘ဒီပ,မာ’၏ လက်မောင်းကို ဆုပ်နယ်ပေးသည်။
‘ဒီပ,မာ’က သူ၏ နဖူးပေါ်သို့ ‘ဆန်ဒစ်’၏လက်ကို တင်ထားပေးရန် ပြောသည်။‘ဆန်ဒစ်’လည်း ‘ဒီပ,မာ’၏ နဖူးပေါ်သို့ သူ၏လက်ကို အသာတင်ကာ ‘ဒီပ,မာ’သင်ထားပေးသော ပရိတ်တရားတော်ကို စတင် ရွတ်ဆိုလေသည်။
ပရိတ်တရားတော် ရွတ်ဖတ်သံ ကြားလျှင်ကြားချင်း ‘ဒီပ,မာ’ လက်အုပ်ချီ၏။ ဘုရားစင်ရှေ့သို့ လက်အုပ်ချီလျက်သား ဝပ်တွားကာ သွား၏။ ဘုရားစင်ရှေ့ လက်အုပ်ချီ […]

ဖရဏာပီတိ ဂွမ်းဆီထိ – အရှင်ပညာသီဟ

ဖြစ်လေ့ဖြစ်ထ ရှိမှု၊ မှန်ကန်မှုတို့အပေါ် အခြေခံ၍ ယဉ်ကျေးမှု ဓလေ့ထုံးစံအလိုက် လူမျိုးအသီးသီးတွင် လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး စသည့် နယ်ပယ်အသီးသီးအတွက် ဆိုရိုးစကားပုံ ဆိုရိုးစကား အမျိုးမျိုး ထားရှိကြသည်။ ဥပမာအားဖြင့် – ဘဝတိုးတက်ရေးအတွက် ရှာဖွေရာတွင် အောင်မြင်မှု မအောင်မြင်မှုအပေါ် မူတည်၍ “တရွာမပြောင်း သူကောင်းမဖြစ်”၊ “ရေကြည်ရာ မြက်နုရာ”၊ “သေချင်တဲ့ကျား တောပြောင်း” စသည်တို့ကို ဆိုရိုး ပြုထားသည်။
စာရေးသူသည် အသက် ၁၁-နှစ်အရွယ်တွင် မိမိမွေးဖွားရာ ဒေသက ထွက်ခွာခဲ့သည်။ရွာဦးကျောင်းတွင် ကျောင်းထိုင်ဆရာတော် အပြောင်းအလဲ ကြားကာလ၌ ဆရာတော် လစ်လပ်နေစဉ် ဦးလေးတော်သူ ဆရာတော်ရှိရာ အခြားရွာကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှတဆင့် ၁၂-နှစ်အရွယ်တွင် မြို့တွင် စာသင်နေကြသည့် ထိုကျောင်းမှ ဆရာတော်များ၏ အကူအညီဖြင့် ချောက်မြို့ အနောက်ငွေတောင် […]

ကထိန်တရားတော်-မြောင်းမြဆရာတော်အရှင်ဉာနိက

ကထိန
အားလုံးသိကြတဲ့အတိုင်းပဲ မြန်မာ့ပွဲတော်တွေထဲက အတော်လေး အရေးပါတဲ့ပွဲ ဖြစ်တယ်။လောကီလူတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်အလာနဲ့ မပတ်သက်တဲ့ ဘာသာရေးပွဲတော်တခု ဖြစ်တယ်။ဘာသာရေးမှာလည်း အခြားအခြားသော ဘာသာရေးပွဲတော်နဲ့မတူ ဝိနည်းတရားတော်နဲ့ ပတ်သက်နေတဲ့ ဘာသာရေးပွဲတော်တခု ဖြစ်တယ်။ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုရင် ကထိန်ပွဲတော်ဆိုတာ ဘာကို ဆိုလိုတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ကြပါတယ်။ကထိန်သင်္ကန်းကို ဘယ်လိုလုပ်ပြီး ခွင့်ပြုတယ်ဆိုတာ ခုနကပြောခဲ့တဲ့ အင်္ဂလိပ်ဘာသာကိုပဲ မြန်မာပြန်ပြီး အတိုချုပ်ပြောပါအုန်းမယ်။
ရဟန်းတော်များ၏ အခက်အခဲ
ဗုဒ္ဓဘုရားရှင် လက်ထက်တော်က ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့ဟာ ဘုရားဖူးရအောင် တရားနာရအောင်ဆိုပြီး ‘သာဝတ္ထိမြို့’ကို ကြွလာခဲ့ကြတယ်။ ဒါပေမယ့် သာဝတ္ထိမြို့မရောက်မီ ဝါဆိုနေ့ဟာ ကပ်သွားပြီ။ သူတို့လမ်းခရီးမှာ လေးမြင့်ဖင့်နွှဲသွားတဲ့အတွက်ကြောင့် အချိန်မီ သာဝတ္ထိမြို့ကို မရောက်နိုင်ဘူး။ သာဝတ္ထိမြို့နဲ့ အလွန်နီးကပ်နေတဲ့ ‘သာကေတ’ဆိုတဲ့မြို့လေးမှာ … မျှော်လင့်ခြင်းကြီးစွာနဲ့ လာလိုက်ရတာ … မျှော်လင့်ချက် မပြည့်လို့ စိတ်ထဲမှာ အာသာမပြေတဲ့အနေနဲ့ […]

သဘာဝဘေးရန်များကို ကြိုတင်ကာကွယ်ခြင်း-အရှင်ဣန္ဒက

နာဂစ်လေမုန်တိုင်း အတွေ့အကြုံများကို သင်ခန်းစာယူပြီး လေမုန်တိုင်း သဘာဝအန္တရာယ် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ မည်မျှအရေးကြီးသည်ကို သိရှိနိုင်ပါတယ်။ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အနည်းငယ် တင်ပြလိုပါတယ်။ လေမုန်တိုင်း ခံနိုင်တဲ့ အဆောက်အဦများကို ဆောက်လုပ်နေထိုင်ခြင်းဟာ အရေးကြီးတဲ့ ကာကွယ်နည်းတခု ဖြစ်ပါတယ်။ နှစ်စဉ်လိုလို လေမုန်တိုင်း အတိုက်ခံနေရတဲ့ ဂျမေကာနိုင်ငံမှာ အဆောက်အဦများကို ကွန်ကရစ်မိုး ကွန်ကရစ်ကာများနဲ့ ခိုင်ခိုင်မာမာ ဆောက်ထားတဲ့အတွက် ပျက်စီးဆုံးရှုံးမှု အလွန်နည်းတာကို တွေ့ရပါတယ်။ ဝါးတိုင် မဓမတိုင် ဓနိမိုးနဲ့ ဆောက်တဲ့ အဆောက်အဦများဟာ (ငလျင်ဒဏ်ခံပေမယ့်) လေဒဏ်ကိုတော့ မခံနိုင်ပါ။
သစ်တောများဟာလည်း လေမုန်တိုင်း ခံတပ်ကြီးများ ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းရိုးတန်းဒေသတလျောက်ဟာ ယခင်က ကနစိုတော လမုတောများနဲ့ ဖုံးအုပ်ပြီး အလွန်သာယာစိုပြေတဲ့ အရပ်ဒေသကြီး ဖြစ်ခဲ့ပါတယ်။ နှစ်တရာအတွင်းမှာ ကနစိုပင် လမုပင်များကို ခုတ်လှဲပြီး ထင်းဆိုက်ခဲ့ကြတာကြောင့် […]

အေဘီဘီအေရဲ့ ပထမအကြိမ် နိဗ္ဗာန်ဈေး – အရှင်ပညာသီဟ

“အရှင်ဘုရား၊ စေတီတော်နဲ့ကျောင်းတည်ဆောက်ရေးအတွက် အလှူငွေရအောင် နိဗ္ဗာန်ဈေးလုပ်ပါလားဘုရား။ တခြားပြည်နယ်က ကျောင်းတိုင်းလိုလိုမှာ လုပ်နေကြတယ်။ အရှင်ဘုရားတို့ အေဘီဘီအေက ကျောင်းတည်ထောင်တာလဲ ကြာလှပြီ၊ ဘာဖြစ်လို့မလုပ်တာလဲ ဘုရာ့”

“အေး .. ငါလဲ ဖြစ်အောင်တိုက်တွန်းနေတာပဲဟ ‘မတိုး’ ရ။ လုပ်မယ် လုပ်မယ်နဲ့ အသံပေးနေတာ သုံးနှစ်လောက်တောင် ရှိသွားပြီ။ ခုထိတော့ အကောင်အထည် မပေါ်သေးဘူး။ ဖြစ်လိုဖြစ်ငြားဆိုပြီး အစပျိုးတဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၈-ခု မေလ ၂၅-ရက်မှာ နယူးဂျာစီ လောကချမ်းသာစေတီတော် ပထမအကြိမ် ဗုဒ္ဓပူဇနိယ ဘုရားပွဲ ကျင်းပဖို့ ဆွေးနွေးကြတုန်းက စတုဒိသာကျွေးဖို့ အစီအစဉ်တခုပါတယ်။ အဲဒီ အစီအစဉ်ကို နိဗ္ဗာန်ဈေးအစပျိုးတဲ့အနေနဲ့ စတုဒိသာလှူမယ့်သူတွေကို အစားအစာရောင်းဖို့ ငါအကြံပေးခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာပါဘူး။ ဒါကြောင့် ဖြစ်ချင်ဖြစ် မဖြစ်ချင်နေဆိုပြီး ငါလဲ […]

နာဂစ်မုန်တိုင်းဘေး ဒုက္ခသည်များအား ကူညီထောက်ပံ့ရေး ရန်ပုံငွေ

၂၀၀၈-ခု မေလ ၂-ရက် ၃-ရက်နေ့များတွင် ကျရောက်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမြို့ကြီးများ၊ ရန်ကုန်မြို့၊ ပဲခူးမြို့၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း အရပ်ဒေသများရှိ စားဝတ်နေရေး ကျန်းမာရေးများ ချို့တဲ့လျက် အတိဒုက္ခရောက်ရှိနေကြသော မြန်မာ ပြည်သူ ပြည်သားများထံသို့ လိုအပ်သော အကူအညီများ တိုက်ရိုက် ရောက်ရှိနိုင်အောင် အမေရိကုန်-မြန်မာ ဗုဒ္ဓဘာသာအသင်းမှ ဆရာတော် သံဃာတော်များနှင့် အလုပ်အမှုဆောင်ပုဂ္ဂိုလ်များက စီစဉ် ဆောင်ရွက်နေကြောင်း သိရ၏။

www.mahasiusa.org တွင် online donation လှူဒါန်းနိုင်ပြီး၊ ချက်လက်မှတ်ဖြင့် ပေးပို့လှူဒါန်းလိုပါက ABBA, 619 Bergen Street, Brooklyn, NY 11238 သို့ ပေးပို့ လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ဗောဇ္ဈင်အမည် ရပုံ – သပြေကန်ဆရာတော်ဘုရားကြီး

‘ဗောဇ္ဈင်’ဆိုတာ ‘ဗောဇ္ဈင်င်္ဂ’ ဆိုတဲ့ ပါဠိမှ ဆင်းသက်လာတဲ့ ဝေါဟာရပဲ။
‘ဗောဇ္ဈင်င်္ဂ’ဆိုတာလည်း ‘ဗောဓိ’နဲ့ ‘အင်္ဂ’နှစ်ပုဒ်ကို ပါဠိနည်းအရ စပ်ထားတာ ဖြစ်ပါတယ်။
‘ဗောဓိ’မှာ ‘နိုးမှု’ ‘သိမှု’ အနက်နှစ်မျိုးနဲ့ ဆိုင်ပါတယ်။

အရိယာဖြစ်တဲ့ ဘုရားတပည့်ဟာ လောကုတ္တရာမဂ်ခဏမှာ သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ တရားခုနစ်ခု အစုအပေါင်းဖြင့် ကိလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ နိုးလာတတ်တယ်။
သစ္စာလေးပါးကို သိတတ်တယ်။
နိဗ္ဗာန်ကို ကိုယ်တွေ့ အသိရောက် မျက်မှောက်ပြုတတ်တယ်။

ဒီတော့ သတိစသော တရားခုနစ်ပါး အပေါင်းဟာ ကိလေသာဆိုတဲ့ အိပ်ပျော်ခြင်းမှ နိုးကြောင်း၊ သစ္စာသိကြောင်း၊ နိဗ္ဗာန်ကို ကိုယ်တွေ့သိကြောင်း တရားအစုဖြစ်လို့ ထိုတရား အစုအပေါင်းကို ‘ဗောဓိ’ ဆိုရပါတယ်။

‘သတိ’စသော တရားတခုခုကိုတော့ ထို‘ဗောဓိ’ခေါ်တဲ့ တရားအပေါင်း၏ […]

ရုပ်လုံးထွက်ပေါ် စေတီတော် – အရှင်ပညာသီဟ

စာဆိုတာ ရေးစရာ အကြောင်းအရာပေါ်လာလို့ ရေးဖို့စိတ်ကူးရှိနေတုန်း ကောက်ရေးလိုက်ရင် စပြီး ရေးဖြစ်သွားတယ်။
စ,မရေးဖြစ်ဘူးဆိုရင် စာတပုဒ်ထွက်လာဖို့ မဖြစ်နိုင်ဘူး။
ဒါကြောင့် စ,ရေးမှ စာဖြစ်တယ်။
ဒါမှမဟုတ် စ,ရေးချ စာလို့ ပြောရမယ်။

တခါတရံကျတော့လဲ စထားတဲ့ အကြောင်းအရာကို အဆုံးသတ်နိုင်ဖို့ လုံးပန်းနေရတာလဲ ရှိသေးတယ်။ ဒါကိုတော့ စ,လုံးလို့ပဲ ဆိုလိုက်ကြပါစို့။

လူတွေ အများအားဖြင့် စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ဘုရားဟောဒေသနာမှာ ဖွေရှာစုဆောင်းပြီး၊ စာစီစာရိုက် စာအုပ်ပုံစံအဖြစ် ကွန်ပျူတာပေါ်မှာ ဖန်တီး၊ အစမ်းပုံနှိပ်၊ စာအုပ်ချုပ်၊ အဖုံးအတွက် စီစဉ်၊ ကြုံတဲ့လူကို စိတ်ဝင်စားဖို့ ကောင်း,မကောင်း၊ စာအုပ်အဖြစ် ထုတ်ဝေရင် အကျိုးရှိ,မရှိ စတာတွေကို စုံစမ်းပြီး၊ စာတအုပ်ဖြစ်အောင် ကိုယ်တိုင်စီစဉ်နေတာ အတော်လေး အချိန်ကြာသွားတယ်။ ပင်တော့ ပင်ပန်းတာပေါ့။
ပရိတ်ကြီး၊ ပဋ္ဌာန်း၊ ဗုဒ္ဓဘာသာအခြေခံသိမှတ်စရာ စတဲ့ စာအုပ်ကလေးတွေကို […]